KIC News
ကရင်အရပ်ဘက်လူမှုအဖွဲ့များ ခိုင်မာသည့် ကွန်ရက်တည်ဆောက်သွားရန် ညှိနှိုင်းဆွေးနွေး
မတ် ၃ဝရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်အတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်း အချင်းချင်း ခိုင်မာသည့် ကွန်ရက်တည်ဆောက်သွားရန် ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဝင်းရော်ဒေသတွင် ပထမဆုံးအကြိမ် မြို့နယ်အဆင့် အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများ ကွန်ရက်ညှိနှိုင်းအစည်း အဝေးတစ်ရပ်ကို မတ်လ(၂၈)ရက်နေ့က ခလယ်ကျေးရွာ မဏ္ဍိတာရာမဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ရက်(KSCN)မှ စောကျော်စွာက “အဓိက...
အစိုးရသစ် ကျမ်းကျိန်ပွဲ ၃၀၀၀ကျော် တက်ရောက်
မတ် ၃ဝရက်၊ ၂၀၁၆ခုနှစ်။ (ကေအိုင်စီ)
ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော် ပြည်ထောင်စုလွှတ်တော်တွင် ပြုလုပ်သည့် သမတနှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင် စုအဆင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်များ ကျမ်းကျိန်ပွဲ အခမ်းအနား သို့ နိုင်ငံတစ်ဝှမ်းလုံးမှ လေ့လာသူဧည့်သည်တော် ၃၀၀၀ကျော်ရှိပြီး ပြည်ထောင်စုလွှတ်တော်သို့ နံနက်...
အယ်ဒီတာ့အာဘော်
တိုင်းရင်းပြည်သူ အကျိုးတူသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့
၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ဧပြီလ ၁ရက်နေ့သည် အစိုးရသစ် စတင် တာဝန်ထမ်းဆောင်သည့် အခါသမယဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မတ်လ ၁၇ရက်နေ့ ပြီးဆုံးချိန်တွင် ဝန်ကြီးဋ္ဌာန (၂၁)ဋ္ဌာန အမည်စာရင်း တရားဝင် ထွက်ရှိလာခဲ့သည့်အထဲတွင် ထူးခြားသည်မှာ တိုင်းရင်းသားရေးရာဝန်ကြီးဋ္ဌာန တိုးလာခြင်းပင် ဖြစ်သည်။...
မိကရင်တောင် ဘိလပ်မြေစက်ရုံ မတည်ဆောက်ရန် ဒေသခံများ ဆုတောင်းကန့်ကွက်
မတ် ၂၉ရက်၊၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ဖားအံမြို့နယ်၊ သံလွင်မြစ် အနောက်ဘက်ကမ်းရှိ မိကရင်တောင်တွင် ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် စီမံကိန်းကို ဒေသခံ များက လက်မခံသည့်အတွက် မပြုလုပ်ရန် မတ်လ ၂၉ရက်နေ ့၊ နံနက် ၈နာရီတွင် ဒေသခံများနှင့် ရဟန်းတော်များက ယင်း တောင်ခြေ၌ ပရိတ်ရွတ်ကာ ကန့်ကွက်ဆုတောင်းပွဲ...
ပန်းတနော်မြို့နယ်လုံးဆိုင်ရာ ကရင်လူငယ်ဖွံ့ဖြိုးရေးသင်တန်း ကျင်းပပြီးစီး
မတ်၂၈ ရက်၊၂၀၁၆ ခုနှစ်။ နန့်သွာဖောင်
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ လက်အောက်ခံ ကရင်လူငယ်ရေးရာ ဆပ် ကော်မတီက ဦးစီးပြုလုပ်သည့် ပန်းတနော်မြို့နယ်လုံးဆိုင်ရာ ကရင်လူငယ်ဖွံ့ဖြိုးရေးသင်တန်းကို မတ်လ ၂၄ရက်မှ ၂၈ရက်နေ့ အထိ ဆောင်ရွက်ပြီးစီးခဲ့သည်။
၎င်းသင်တန်းကို ပန်းတနော်မြို့နယ်နှင့် အနီးတဝိုက်ရှိ လူငယ်များ ချိတ်ဆက်ကာ အမျိုးသားရေးလုပ်ငန်းများကို...
ပေါ့ဆမီးကြောင့် မယ်လအူးဒုုက္ခသည်စခန်းရှိ နေအိမ်နှင့် အဆောက်အဦး ၂၅လုံး မီးလောင်ကျွမ်း
မတ် ၂၉ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် မယ်လအူးဒုက္ခသည်စခန်းတွင် မတ်လ ၂၆ရက်၊ ညနေ ၄နာရီခန့်က ပေါ့ဆမီးလောင်ကျွမ်းခဲ့မှုကြောင့် လူနေအိမ်၊ လုံခြုံရေးတဲ၊ စခန်းဂိုဒေါင် အပါအဝင် အဆောက်အဦး ၂၅လုံး ပျက်စီးဆုံးရှုံးသွားခဲ့ ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။
မယ်လအူးစခန်း ဒုဥက္ကဋ္ဌ စောထူးဂေက “ရပ်ကွက်(၈)ထဲက...
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံး ပါဝင်လာနိုင်ရေး ကြိုးစားမည်ဟု NCA လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသားအဖွဲ့ ပြောဆို
မတ် ၂၈ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနေဖြင့် လက်မှတ်ထိုးရန် ကျန်နေသေးသည့် အခြားတိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်လာနိုင် ရေးကို အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဆက်လက် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကေအိုင် စီသို့ ယနေ့ ပြောဆိုသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်...
အွန်လိုင်းကို အကျိုးရှိရှိအသုံးချပြီး ပိုးကရင်စာပေဖွံ့ဖြိုးရေးလုပ်ကိုင်နေတဲ့ စကျော်စိုး
ယနေ့ခေတ် လူငယ်များအကြား ခေတ်စားနေတဲ့ အွန်လိုင်းလူမှုကွန်ရက်ကို အသုံးချပြီး ပိုးကရင်စာပေဖွံ့ဖြိုးရေးအတွက် လုပ် ဆောင်နေသူ အနောက်ပိုးကရင်စာပေအကျိုးပြုအဖွဲ့က အထွေထွေအတွင်းရေးမှူး စကျော်စိုး ဖြစ်ပါတယ်။ အွန်လိုင်းကနေ ပြည် ပရောက် ကရင်လူငယ်သုံးယောက်နဲ ့ ချိတ်ဆက်မိရာကတဆင့် အမျိုးသားရေးအကြောင်း ဆက်စပ်ပြောဆိုမိရာက မိခင်ဘာ သာစကား အနောက်ပိုး(ဖလုံး)စာပေ ပြန်လည်...
ခလယ်-တံခွန်တိုင်တိုက်နယ်၌ ပထမဦးဆုံးအကြိမ် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ပြီးစီး
မတ် ၂၈ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ခလယ်-တံခွန်တိုင်တိုက်နယ်တွင် ပထမဆုံးအကြိမ် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို ဖေဖော်ဝါရီ ၂၁ရက်မှ ၂၇ရက်နေ့အထိ တံခွန်တိုင် အထက်တန်းကျောင်း၊ မြရွှေပြည်ခန်းမတွင် ပြုလုပ်ခဲ့ ပြီး သင်တန်းဆင်းပွဲကို ယမန်နေ့က ကျင်းပပြီးစီးခဲ့သည်။
မြို့နယ်ကြက်ခြေနီသူနာပြုတပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးသန်းကျော်က...
(HCCG)တွင် ပူးပေါင်းပါဝင်မှု ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဋ္ဌာန ယာယီရပ်ဆိုင်းထား
မတ် ၂၈၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံဋ္ဌာနတစ်ခုဖြစ်သော ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဋ္ဌာန-KDHW က နယ်စပ်နှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့ (၈)ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ကျန်းမာရေး ပေါင်းစည်းမှု အမာခံအင်အားစု (HCCG) အဖွဲ့အတွင်း ပူးပေါင်းပါဝင်မှုကို ယာယီရပ်ဆိုင်းလိုက်ကြောင်း မတ်လ ၂၂ရက်စွဲဖြင့် HCCG တာဝန်ရှိသူများထံသို့ အသိပေး...















