Home သတင်း တိုင်းရင်းစာ‌ပေ၊ယဉ်‌ကျေးမှုသင်တန်းများ ရံပုံ‌ငွေပံ့ပိုးနိုင်‌ရေး ‌ဆောင်ရွက်သွားမည်ဟု ပြည်‌ထောင်စုဝန်ကြီး‌ပြောဆို

တိုင်းရင်းစာ‌ပေ၊ယဉ်‌ကျေးမှုသင်တန်းများ ရံပုံ‌ငွေပံ့ပိုးနိုင်‌ရေး ‌ဆောင်ရွက်သွားမည်ဟု ပြည်‌ထောင်စုဝန်ကြီး‌ပြောဆို

1938

နိုဝင်ဘာ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

‌နွေရာသီ တိုင်းရင်းသား စာ‌ပေနှင့် ယဉ်‌ကျေးမှု သင်တန်းများကို အစိုးရက ရံပုံ‌ငွေ ပံ့ပိုးနိုင်‌ရေးအတွက် ‌ဆောင်ရွက် သွားမည်ဟု နိုဝင်ဘာလ ၁၈ရက်‌နေ့တွင် ‌နေပြည်‌တော်၊ အမျိုးသားလွှတ်‌တော်အစည်းအ‌ဝေး၌ တိုင်းရင်းသား လူမျိုး ‌ရေးရာဝန်ကြီးဋ္ဌာန၊ ပြည်‌ထောင်စု ဝန်ကြီးနိုင်သက်လွင်က ‌ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ အမျိုးသားလွှတ်‌တော် မဲဆန္ဒနယ် အမှတ် ၄၊ လွှတ်‌တော်ကိုယ်စားလှယ် နန်းမိုးမိုး‌ထွေးက နိုဝင်ဘာလ ၁၈ရက်‌နေ့တွင် ‌နေပြည်‌တော်အမျိုးသားလွှတ်‌တော်အစည်းအ‌ဝေး၌ တိုင်းရင်းသားမျိုး နွယ်စု အသီးသီး၏ ‌ကျောင်းပြင်ပ ‌နွေရာသီ တိုင်းရင်းသား စာ‌ပေယဉ်‌ကျေးမှုသင်တန်းမှာ ရံပုံ‌ငွေပံ့ပိုး‌ပေးရန် အစီအ စဉ်ရှိမရှိ ‌မေးမြန်းမှုအ‌ပေါ် ပြည်‌ထောင်စုဝန်ကြီးက ယခုလို ပြန်လည် ‌ဖြေကြားခဲ့ခြင်းဖြစ်သည်။

“တိုင်းရင်းသားမျိုးနွယ်စု အသီးသီးတို့သည် ‌နွေရာသီ‌ကျောင်းပိတ်ရက်များတွင် မိမိတို့၏ တိုင်းရင်းသား စာ‌ပေယဉ် ‌ကျေးမှုသင်တန်းများ ဖွင့်လှစ်သင်ကြား‌ပေးခြင်းကို အထူးကြိုဆိုပါ‌ကြောင်း၊ သင့်တင့်သည့် ရံပုံ‌ငွေပံ့ပိုး ချီးမြှင့်နိုင်‌ရေး အတွက် တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ ရသုံးမှန်း‌ခြေ‌ငွေစာရင်းတွင် နှစ်စဉ်ထည့်သွင်း‌ရေးဆွဲ‌ရေးတို့ ကို စီမံ‌ဆောင်ရွက်သွားမယ်”ဟု ပြည်‌ထောင်စုဝန်ကြီး နိုင်သက်လွင်က ‌ပြောသည်။

ထို့အပြင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေးကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်‌သော် လည်း ၂၀၁၅-၂၀၁၆ဘဏ္ဍာ‌ရေးနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ‌ရေးနှစ်များအတွက် ရံပုံ‌ငွေများကို သက်ဆိုင်ရာ တိုင်း ‌ဒေသကြီးနှင့် ပြည်နယ်အစိုးရများက ထည့်သွင်း‌တောင်းခံခြင်းမရှိသဖြင့် ယခုကဲ့သို့ တိုင်းရင်းသား‌ရေးရာကိစ္စများကို ‌ဆောင်ရွက်ရန် အခက်အခဲရှိ‌နေခြင်းဖြစ်သည်ဟု ပြည်‌ထောင်စုဝန်ကြီးက ဆက်‌ပြောသည်။

လက်ရှိ တိုင်းရင်းသားများအ‌နေဖြင့် မိမိတို့၏ စာ‌ပေယဉ်‌ကျေးမှု ‌နွေရာသီသင်တန်းများကို ဆိုင်ရာဘာသာ‌ရေး ‌ခေါင်း ‌ဆောင်များနှင့် စာ‌ပေယဉ်‌ကျေးမှုအသင်းအဖွဲ့များက ဖွင့်လှစ်သင်ကြား‌လေ့ရှိ‌သော်လည်း ‌နေရာအခက်အခဲ၊ ရံပုံ‌ငွေ အခက်အခဲများကို နှစ်စဉ်ကြုံ‌တွေ့‌နေရပြီး တိုင်းရင်းသားလူးမျိုးများ၏ အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်သည့် ဥပ ‌ဒေအရ လုပ်‌ဆောင်‌ပေး‌စေလိုသည်ဟု အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်က ‌မေးခွန်း ‌မေးမြန်းရာတွင် ထည့်သွင်း ‌ပြောဆိုခဲ့သည်။

လက်ရှိ အစိုးရ‌ကျောင်းများတွင် တိုင်းရင်းသား စာ‌ပေသင်ကြား‌ရေးကို ‌ကျောင်းချိန်ပြင်ပတွင် သင်ကြားခွင့်‌ပေး‌သော် လည်း ထိ‌ရောက်မှုအားနည်းပြီး လွှတ်‌တော်ကိုယ်စားလှယ်များအ‌နေဖြင့် တိုင်းရင်းစာ‌ပေသင်ကြား‌ရေးအ‌ပေါ် မျက် ‌ခြေမပြတ် ‌စောင့်ကြည့်လုပ်‌ဆောင်‌ပေး‌စေလိုသည်ဟု ကရင်ပြည်နယ်စာ‌ပေနှင့် ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအ သင်း ဥက္ကဋ္ဌ‌စော‌အေးမြက ‌ကေအိုင်စီသို့ နိုဝင်ဘာလ ၂၁ရက်‌နေ့တွင် မှတ်ချက်ပြု‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၂၄ရက်‌နေ့တွင် ယခင် ပထမအကြိမ် ပြည်‌ထောင်စုလွှတ်‌တော်မှ ပြဋ္ဌာန်း‌ပေးခဲ့ ‌သော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေးကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေ ပြဋ္ဌာန်း‌ပေးခဲ့ပြီး‌နောက် တိုင်းရင်း သားများအ‌နေဖြင့် မိမိတို့၏ စကား၊ စာ‌ပေတို့ကို နိုင်ငံ‌တော်၏ ပညာ‌ရေးမူဝါဒကို ထိခိုက်မှုမရှိဘဲ သင်ကြားခွင့်နှင့် သင်ယူခွင့်ရှိသည်ဟု ‌ဖော်ပြထားသည်။