Home သတင်း KNU ငါးဖမ်းနှင့် ‌မွေးမြူ‌ရေးဋ္ဌာန၏ ‌မွေးမြူ‌ရေးစခန်းတွင် မျိုးစိတ်‌ပေါင်း ၉မျိုး‌မွေးမြူထား

KNU ငါးဖမ်းနှင့် ‌မွေးမြူ‌ရေးဋ္ဌာန၏ ‌မွေးမြူ‌ရေးစခန်းတွင် မျိုးစိတ်‌ပေါင်း ၉မျိုး‌မွေးမြူထား

1746

နိုဝင်ဘာ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

‌ကော့ကရိတ်မြို့နယ်၊ ‌ကော့ကရိတ်-မြဝတီ အာရှလမ်းမအနီးရှိ ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ငါးဖမ်းနှင့် ‌မွေးမြူ‌ရေး ဋ္ဌာန(ဗဟို)မှ ဖွင့်လှစ်ထားသည့် ငြိမ်းချမ်း‌ရေးနှင့် ‌ဒေသဖွံ့ဖြိုး‌ရေး အ‌ထောက်အကူပြု‌ကျေးရွာ အ‌ခြေပြု‌မွေးမြူ‌ရေးစခန်း၌ သား၊ ငါး မျိုးစိတ်‌ပေါင်း (၉)မျိုးခန့်ကို ‌မွေးမြူထား‌ကြောင်း သိရသည်။

‌ဒေသခံပြည်သူများအား ‌မွေးမြူ‌ရေးလုပ်ငန်းများနှင့် မိသားစုစားဝတ်‌နေ‌ရေးအတွက် အ‌ထောက်အကူပြုနိုင်‌ရေး ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ နွား၊ ကျွဲး၊ ငါး၊ ဖားနှင့် ကြက်ဆင် စသည့် သားငါးများကို ‌မွေးမြူထားရှိကာ ပွားများလာသည့် သားငါးများကို ‌ဒေသခံပြည် သူများထံသို့ ‌မွေးဘက်‌ပေးသွားရန် ရည်ရွယ်၍ စီစဉ်ထားခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ ငါးဖမ်းနှင့်‌မွေးမြူ‌ရေးဋ္ဌာန(ဗဟို) တာဝန်ခံ ပဒို‌စောမြ‌မောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒို‌စောမြ‌မောင်က “ကျ‌နော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က‌တော့ ကျ‌နော်တို့‌ဒေသမှာရှိတဲ့ ပြည်သူ‌တွေအတွက် ရည်ရွယ်ပြီး ‌တော့ လုပ်ထားတာဖြစ်တယ်။ ကျ‌နော်တို့ ဒါကို အစပျိုးပြီး‌တော့ ‌မွေးမြူထားတဲ့ တိရိစ္ဆာန်‌တွေကို ပွားများလာတဲ့ အ‌ကောင်‌တွေ က‌နေ ‌ဒေသခံ‌တွေကို‌မွေးဘက်‌ပေးဖို့ အစီအစဉ်လုပ်ထားပါတယ်။ အခုလက်ရှိလည်း ‌မွေးဘက်တချို့‌ပေးထားတာ ရှိပါတယ်”ဟု နိုဝင်ဘာလ ၁၈ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါစခန်း၌ ‌ဒေသခံပြည်သူများအား ‌မွေးမြူ‌ရေးနှင့် ကုသ‌ရေး စသည့်သင်တန်းများအတွက်ပါ ရည်ရွယ်ပြီး ဖွင့်လှစ်ထားခြင်း ဖြစ်သလို လက်ရှိ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ဆဲကာလ၌ ‌ကေအဲန်ယူအဖွဲ့ အစည်းအတွက် အင်အား‌ဒေါက်တိုင်တစ်ခုအ‌နေဖြင့် ပါဝင်‌နေခြင်းဖြစ်သည်ဟုလည်း ‌ကေအဲန်ယူ ငါးဖမ်းနှင့် ‌မွေးမြူ‌ရေးဋ္ဌာနက ‌ပြောသည်။

လက်ရှိ ‌ကေအဲန်ယူ ဗဟို‌မွေးမြူ‌ရေးဋ္ဌာနမှ ‌မွေးမြူထားသည်မှာ ‌ဒေသကြက်၊ ဥစားကြက်၊ ‌ဒေသနွား ၊ နို့စား နွား၊ ကျွဲ၊ ‌ဒေသ ဆိတ်၊ မိတ္ထီလာဆိတ်၊ နို်င်ငံခြားဆိတ်၊ ဝက်၊ ကြက်ဆင်၊ ဘဲငန်း၊ ဥဘဲ၊ ငါး‌မွေးကန် (၅)ကန်၊ ဖားကန် (၂)ကန် အပါအဝင် စုစု ‌ပေါင်း အ‌ကောင်‌ရေ တစ်‌သောင်း‌ကျော် ‌မွေးမြူထားသည့်အပြင် စပါး၊ ပဲနှင့် ခြံစိုက်သီးပင်များကိုပါ စိုက်ပျိုးထားသည်ဟု ‌မွေးမြူ ‌ရေးစခန်းတာဝန်ခံ ရုံးထိုင်မှူး ‌စောမင်း‌အောင်က ‌ပြောသည်။

၎င်းက “အ‌ကောင်‌ရေ တစ်‌သောင်း‌ကျော်က‌နေ ဝက်၊ ကျွဲ၊ နွား၊ ‌ဒေသကြက် စတဲ့ တိရိစ္ဆာန် အ‌ကောင်‌ရေ (၄၆၅)‌ကောင်ကို အံဖ ‌လေး၊ အံဖကြီး၊ မြပတိုင်၊ ‌ဒေါက်ပလံ၊ နိုကိုင်း၊ စက္ကဝက်၊ ထီဖိုးစံ၊ သဝဲသား စတဲ့‌ကျေးရွာ(၈)ရွာက ‌ဒေသခံရွာသား‌တွေကို ‌မွေး ဘက်အ‌နေနဲ့ ‌ပေးထားတယ်။ ကျန်ရှိတဲ့ သားငါးတိရိစ္ဆာန်‌တွေကို ဒီ‌မွေးမြူ‌ရေးစခန်းနဲ့ ‌ကေအဲန်ယူ၊ ‌မွေးမြူ‌ရေးဋ္ဌာနရဲ့ ဗဟို၊ ဒူးပ လာယာခရိုင်၊ မြို့နယ်အသီးသီး‌တွေမှာ ‌မွေးမြူထားတယ်”ဟု ‌ပြောသည်။

‌ကေအဲန်ယူ၏ ငါးဖမ်းနှင့် ‌မွေးမြူ‌ရေးဋ္ဌာနကို ၁၉၉၁ခုနှစ်က ကျင်းပခဲ့‌သော ၁ဝကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်တွင် ဖွဲ့စည်းခဲ့ ပြီး ဗဟိုစီးပွား‌ရေးဋ္ဌာန၏ လက်‌အောက်ခံဋ္ဌာနတစ်ခုဖြစ်သည်။ ယခင်က ဘိတ်ထားဝယ်ခရိုင် (တနသင်္ာရီကမ်းရိုးတန်း‌ဒေသ)တွင် ငါးဖမ်းလုပ်ငန်းနှင့် အ‌ကောက်အခွန်‌ကောက်ခံခြင်း လုပ်ငန်းများသာ လုပ်‌ဆောင်ခဲ့ပြီး ၁၄ကြိမ်‌မြောက် ကွန်ဂရက်မှ စတင်ကာ သက်ဆိုင်ရာခရိုင်များတွင် ငါး၊ ဝက်နှင့် ကြက်‌မွေးမြူ‌ရေးလုပ်ငန်းများကို စတင် လုပ်‌ဆောင်လာခြင်းဖြစ်သည်။

‌ကေအဲန်ယူ၏ ငါးဖမ်းနှင့် ‌မွေးမြူ‌ရေးဋ္ဌာနအ‌နေဖြင့် ၎င်းဗဟိုအဆင့် ‌မွေးမြူ‌ရေးစခန်းကို ယခင် ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်း ချမ်း‌ရေး အ‌ကောင်အထည်‌ဖော်‌ဆောင်သည့်ကာလ ၂၀၁၅ခုနှစ် မတ်လမှစကာ ပထမဦးဆုံး စတင် အ‌ကောင်အထည်‌ဖော် လုပ် ‌ဆောင်နိုင်ခဲ့သည့် ‌မွေးမြူ‌ရေးစခန်းတစ်ခုဖြစ်သည်။