KIC News
ပန်းတနော်မြို့နယ်လုံးဆိုင်ရာ ကရင်စာပေသင်တန်းဆင်းပွဲသို့ ကရင်လက်နက်ကိုင်အချို့ကို ဖိတ်ကြားမည်
ဧပြီ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကပိုင်ကျေးရွာ၌ လာမည့် မေလ ၈ရက်နေ့တွင် ကျင်းပမည့် ပန်းတနော်မြို့နယ်လုံးဆိုင်ရာ နွေရာသီကရင်စာပေသင်တန်းဆင်းပွဲသို့ ကရင်လက်နက်ကိုင် အချို့ကို ပထမဦးဆုံးအကြိမ် ဖိတ်ကြားသွားမည်ဟု ပွဲစီစဉ်သူများက ဧပြီ ၂၁ ရက်နေ့က ကေအိုင်စီသို့ ပြောသည်။
ပန်းတနော် ကရင်စာပေနှင့်...
ကွမ်းတောကြီးရွာ အဂင်္လီကန်ဘုရားကျောင်းဝင်းအတွင်း စေတီတည်မှု မေတ္တာတရားဖြင့် ဖြေရှင်းသွားမည်
ဧပြီ ၂၄ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်းတောကြီးကျေးရွာရှိ အဂင်္လီကန် ခရစ်ယာန်သာသနာပိုင် ဘုရား ကျောင်းဝင်းအတွင်း ဧပြီ ၂၃ရက်နေ့က မြိုင်ကြီးငူဆရာတော်၏ တပြည့်သားမြေးများဟု ယူဆရသူများက ဝင်ရောက် စေတီတည်မှုကို ဘာသာပေါင်းစုံလက်တွဲပြီး မေတ္တာတရားဖြင့် ဖြေရှင်းသွားမည်ဟု ကရင်အမျိုး သား...
ဆူးနှုတ်ဖို့ မမေ့နဲ့
(လကင်္ာဒီပ)
အရေးမကြီးဘူးလို့ ထင်ခဲ့အရာ
အသာလေး လျစ်လျူ ရှုနေခဲ့မိကြရင်
မထင်မှတ်တဲ့ ပြဿ နာလေးကအစ
သံသရာလည်လို့မှ မဆုံးနိုင်
မပြုံးနိုင်သူ သိမ်ငယ်သူတွေ
ကျန်နေ တည်ရှိနေကြသေးသရွေ့
တွေ့ကြုံလာတဲ့ ကဏ္ဍတခု
သုခမဟုတ် အခွင့်အရေးမဟုတ်မှန်း သိလာကြရမယ်။
ကျောက်ခေတ်ကအစ
ပဒေသရာဇ် သက်ဦးဆံပိုင်စနစ်
ညစ်ညမ်းပက်စက် ဖက်ဆစ်စနစ်
ဒီစနစ်ဆိုးတွေ ကြားမှာ
ထွန်းကားလာတဲ့ ဝါဒဟာ
မဟာလူမျိုးကြီး ဝါဒမှာ အမှန်
အခြေခံ ဖြစ်တည်ခဲ့လေရော့သလား။
အမည်တခု နိုင်ငံတနိုင်ငံ
မြန်မာ (သို့)...
မက်စ်မြန်မာကုမ္ပဏီ သိမ်းယူထားသည့် ခြံဧက ၅ထောင် ဒေသခံများ လျော်ကြေးအပြည့်အဝ ပြန်ရလို
ဧပြီ ၂၃ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) သထုံခရိုင်၊ သထုံမြို့နယ် ရွှေရောင်ပြကျေးရွာအနီး မက်စ်မြန်မာ (Max Myanmar)ကုမ္ပဏီ သိမ်းယူထားသည့် ယင်းဒေသရှိ ကျေးရွာ ၄ ရွာမှ ဒေသခံများ၏ ခြံမြေဧက ၅ထောင် အတွက် လျော်ကြေးအပြည့်အဝ ပြန်ရလိုသည်ဟု ဧပြီ ၂၁ ရက်နေ့က...
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA စာချုပ်အတိုင်း DKBA ဆက်လက်ဖော်ဆောင်သွားမည်
ဧပြီ ၂၂ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA အနေဖြင့် တပ်ပိုင်းဆိုင်ရာပြောင်းလဲဖွဲ့စည်းမှုအနည်းငယ် ရှိသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သဘောတူစာချုပ် (NCA) အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောစတီးက ယနေ့ ပြောဆိုသည်။
“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကျနော်တို့...
မင်းလွင်တောင် ဘိလပ်မြေစီမံကိန်းစမ်းသပ်မှုတွင် ထိခိုက်မှုရှိနေ
ဧပြီ ၂၁ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲတောကျေးရွာအုပ်စုရှိ ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိသော မင်းလွင်တောင် ဘိလပ်မြေစက်ရုံစီမံကိန်း စမ်းသပ်မှုတွင် လူမှုဘဝ၊ သဘာဝ ပတ်ဝန်းကျင်၊ ကျန်းမာရေး ထိခိုက်မှုရှိကြောင်း မင်းလွင်ဒေသသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီက ယနေ့ ပြောဆိုသည်။
ဖြူမင်းထွန်းကုမ္ပဏီသည်...
အစိုးရသစ်ကို စိန်ခေါ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး
(မောင်ကျော်စွာ)
(၂၀၁၆ ခုနှစ်၊ ဧပြီ ၂၁)
ပြည်တွင်းစစ် ရပ်စဲရေး - ပြည်တွင်းငြိမ်းချမ်းရေး
ဒီနှစ်ခုကို တစ်ခုစီ၊ တစ်ပိုင်းစီ သီးခြားခွဲထုတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ပြည်တွင်းစစ်ကို ရပ်စဲနိုင်မှသာ ပြည်တွင်း ငြိမ်းချမ်းရေး ရနိုင်ပါလိမ့်မယ်၊ ပြည်တွင်းစစ်မရပ်စဲနိုင်သမျှ ပြည်တွင်းငြိမ်းချမ်းရေး ဘယ်လိုမှရနိုင်လိမ့်မည်မဟုတ်ပါ။
ပြည်တွင်းစစ်ဟာ...
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA စစ်ဦးစီးချုပ်ကို အတည်ပြုခန့်အပ်
ဧပြီ ၂ဝ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ် ကွယ်လွန်ပြီးနောက် သူ့၏ နေရာကို ဆက်ခံရန် ဗိုလ်ချုပ်ကြီး စောမိုရှေးကို ဧပြီ ၁၉ ရက်နေ့က ဆုံဆည်းမြိုင်၌ စတင်ကျင်းပသည့် DKBA တပ်မှူးများ၏...
နော်အုန်းလှ လွှတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာ
ဧပြီ ၁၇ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
လက်ပံတောင်းတောင် အရေးဆန္ဒပြမှုဖြင့် ဖမ်းဆီးထောင်ချ ခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Karen Women Union – KWU အဖွဲ့ဝင် နော်အုန်းလှကို ယနေ ့နံနက် ၈နာရီတွင် အင်းစိန်ထောင်မှ လွှတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာပြီဖြစ်ကြောင်း သူမက ကေအိုင်စီသို...
မင်းလွင်တောင်ကို ကာကွယ်သွားရန် ကော်မတီတစ်ရပ် ဖွဲ့စည်း
ဧပြီ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ စောခါးစူးညား
မွန်ပြည်နယ် သထုံမြို့နယ်အတွင်း မင်းလွင်တောင်ခြေတွင် ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ဓာတ်သတ္တု ဆက်လက် စမ်းသပ် တိုင်းတာရေးနှင့် ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် စီမံကိန်းကို ကာကွယ်သွားရန်အတွက် ဧပြီလ ၁၁ရက်နေ့က မင်းလွင် တောင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်သည်။
ဥက္ကဋ္ဌအဖြစ် စောစံတင်၊...















