Home သတင်း မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း (၃)‌ကျောင်းအတွက် ပထမအကြိမ် အလှမယ်နှင့် အလှ‌မောင်‌ရွေးပွဲကျင်းပ

မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း (၃)‌ကျောင်းအတွက် ပထမအကြိမ် အလှမယ်နှင့် အလှ‌မောင်‌ရွေးပွဲကျင်းပ

1806

ဒီဇင်ဘာ ၂ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

အို‌အေစစ်လူငယ်စင်တာက ကြီးမှူးပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း အထက်တန်း‌ကျောင်း (၃)‌ကျောင်း ပါဝင်သည့် အို‌အေစစ် Miss Oasis 2016 (၂၀၁၆ မယ်နှင့်‌မောင်‌ရွေးပွဲ)ကို ပထမဦးဆုံးအကြိမ်အဖြစ် ယ‌နေ့ ဒီဇင်ဘာလ ၂ရက်‌နေ့တွင် က‌လေးများဖွံ့ဖြိုး‌ရေးစင်တာ (Children Development Center – CDC) ‌ကျောင်း၌ ကျင်းပ‌ပေးခဲ့သည်။

၎င်း အလှမယ်နှင့် အလှ‌မောင်‌ရွေးပွဲကို စူဝမ်နမစ်‌ဖောင်‌ဒေးရှင်း (Suwannimit Foundation) ၏ အစီအစဉ်ဖြင့် ‌ကျောင်းပညာ ‌ရေးသင်ကြား‌နေသည့် ‌ကျောင်းသူ/‌ကျောင်းသားများအား ‌ကျောင်းစာအပြင် ‌ကျောင်းသားလူငယ်များ၏ စိတ်အားထက်သန်ရာ ပြင်ပပညာရပ်များကို မြှင့်တင်‌ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်‌ပေးခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူ ‌စောလားကွဲက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောလားကွဲက “တချို့‌ကျောင်းသူ/‌ကျောင်းသား‌တွေက ‌ကျောင်းစာမှာ မထူးချွန်ကြဘူး။ ဒါ‌ပေမဲ့ အခြားပြင်ပ ပညာရပ်‌တွေမှာ က ထူးချွန်နိုင်ကြတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ ‌ကျောင်းသားလူငယ်‌တွေကို သိ‌စေချင်တာက ပညာကို ထူးချွန်‌အောင် လုပ်တဲ့‌နေ ရာမှာ ‌ကျောင်းပညာတစ်ခုတည်း မဟုတ်ဘဲနဲ့ ပြင်ပ ပညာ‌တွေမှာလည်း အချိန်‌ပေး ကြိုးစားရတာကိုပါ”ဟု ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် အဆိုပါမယ်နှင့်‌မောင်‌ရွေးပွဲ၌ မြန်မာ‌ရွှေ့‌ပြောင်း အထက်တန်း‌ကျောင်း(၃)‌ကျောင်းဖြစ်သည့် က‌လေးဖွံ့ဖြိုး‌ရေး စင်တာ-CDC၊ ဆာသူး‌လေ အထက်တန်း‌ကျောင်း၊ သူးမွဲခီးအထက်တန်း‌ကျောင်းတို့မှ တစ်‌ကျောင်းစီတွင် အလှမယ် (၃)ဦးနှင့် အလှ‌မောင် (၃)ဦးစီဖြင့် စုစု‌ပေါင်း မယ်နှင့်‌မောင် (၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
dsc_0568
အို‌အေစစ် ၂၀၁၆ မယ်နှင့်‌မောင်ဆုအတွက် ပြည်တွင်းနှင့် နယ်စပ်မှ ကရင်အနုပညာရှင်များက ဒိုင်အဖြစ် ပါဝင်ကူညီ‌ပေးပြီး အလှမယ်ဆုကို ဆာသူး‌လေ‌ကျောင်းမှ အသက် (၁၈)နှစ်အရွယ် ဆယ်တန်း‌ကျောင်းသူ ‌နော်အယ်ဒါးဘိုခလိန်းနှင့် ‌မောင်ဆုကို သူးမွဲခီး‌ကျောင်းမှ အသက်(၂၀)နှစ်အရွယ် ၁၁တန်း‌ကျောင်းသား ‌စောဝါးရှီးတို့က အသီးသီး ရရှိခဲ့ကြသည်။

အလှမယ်ဆုရ ‌နော်အယ်ဒါးဘိုခလိန်းက “ကနဦးအ‌နေနဲ့‌တော့ ‌ကျောင်းမှာ အရင် အစမ်း‌လေ့ကျင့်ပြိုင်ကြတယ်။ အဲ့က‌နေ ၃‌ယောက်ကို‌ရွေး‌တော့ သမီးပါလာပြီး‌တော့ ဒီကိုလာပြိုင်တယ်။ သမီး မယ်အ‌နေနဲ့ အ‌ရွေးခံရ‌တော့ အရမ်း ‌ပျော်သွားတယ်။ ဒီက‌နေ သမီးသင်ခန်းစာတစ်ခုရသွားတာက ကြိုးစားမှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရင် ဘာမဆို ‌အောင်မြင်တယ် ဆိုတာပါပဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အလှ‌မောင် ‌စောဝါးရှီးကလည်း “တစ်ခါမှ ဒီလိုမပြိုင်ဖူးပါဘူး။ ‌ကျောင်းက‌နေ ပြိုင်ဖို့‌ရွေးလိုက်‌တော့ လာပြိုင်ဖြစ်တာ ‌ပေါ့။ ကျ‌နော့်အ‌နေနဲ့ မပြိုင်ခင် အ‌ကောင်းဆုံးပြင်ဆင်‌လေ့ကျင့်ထားတာ‌ကြောင့် ပြိုင်ပွဲမှာ ဆုရမယ်လို့လည်း ယုံကြည်ထား တယ်။ ဆုရလိုက်‌တော့လည်း အတိုင်းမသိ ‌ပျော်ရွှင်ရတယ်။ အဓိကက‌တော့ ဘယ်ပညာမဆို ပြင်ဆင်‌လေ့ကျင့်မှုက အ‌ရေးကြီး ပါတယ်”ဟု ‌ပြောသည်။

စူဝမ်နမစ်‌ဖောင်‌ဒေးရှင်း၏ အစီအစဉ်ဖြင့် ယခုနှစ်မှစ၍ အဆိုပါ အထက်တန်း‌ကျောင်း(၃)‌ကျောင်းတွင် သီချင်းဆိုပြိုင်ပွဲ၊ မယ်၊ ‌မောင်‌ရွေးပွဲနှင့် ရိုးရာနှင့် ‌ခေတ်‌ပေါ်အကပြိုင်ပွဲများကို စီစဉ်ကျင်းပ‌ပေးကာ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆)ရက်‌နေ့တွင် အဆိုပြိုင်ပွဲ ကို ဆာသူး‌လေ‌ကျောင်း၌ ကျင်းပပြီးစီးခဲ့ပြီး အကပြိုင်ပွဲများကို ယခုလ (၁၆)ရက်‌နေ့တွင် သူးမွဲခီး‌ကျောင်း၌ ဆက်လက် ကျင်းပ ‌ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။