Home သတင်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ‌နေ့ကို KNUထိန်းချုပ်နယ်‌မြေတွင် ပထမဆုံးအကြိမ်ကျင်းပခဲ့

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ‌နေ့ကို KNUထိန်းချုပ်နယ်‌မြေတွင် ပထမဆုံးအကြိမ်ကျင်းပခဲ့

1846

ဒီဇင်ဘာ ၅ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် (KESAN)အဖွဲ့မှ ကမကထပြု ပြီး ဒီဇင်ဘာလ ၃ရက်‌နေ့တွင် ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ‌နေ့ကို ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ‌မော်ပယ်ခို‌ကျေးရွာ၌ ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပခဲ့သည်။

မိုင်း‌ကြောင့် မသန်စွမ်းဖြစ်သွားသူ ‌ဒေသခံပြည်သူများနှင့် လူမျိုးအတွက် ကိုယ်လက်အဂင်္ါ ‌ပေးဆပ် သွားသည့် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)၏ ရဲ‌ဘော်များကို စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်‌ပေးရန်နှင့် ‌ဒေသခံပြည်သူ‌တွေအ‌နေဖြင့် မသန်စွမ်းသူများကို အသိအမှတ်ပြု အ‌လေးထား ရန် ရည်ရွယ်၍ ပြုလုပ်‌ပေးခြင်းဖြစ်သည်ဟု KESANအဖွဲ့မှ ‌စော‌နေ‌ကော်က ‌ပြောသည်။

၎င်း“တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်လက်အဂင်္ါ ‌ပေးသွားတဲ့သူ‌တွေကို တန်ဘိုးထားပြီး‌တော့ သူတို့အတွက် တစ်ခုခု စီစဉ်‌ပေး‌စေချင်ပါတယ်။ သူတို့ကို ခွဲခြားမဆက်ဆံဖို့၊ မိုင်း‌ကြောင့် ‌ခြေ၊ လက်ပြတ်သွားတဲ့သူ‌တွေက တစ်ခါတစ်‌လေမှာ သူတို့အ‌နေနဲ့ ခွဲခြားဆက်ဆံတယ်လို့ ခံစားရတယ်။ အများဘက်က အဲလိုမဟုုတ်‌ပေမယ့် သူတို့ ဒါမျိုးခံစားရတာရှိတယ်။ ရှိခဲ့မယ်ဆိုရင် အဲဒီအ‌တွေးအ‌ခေါ် စဉ်းစားချက်‌တွေကို ပြင်ဆင်ရမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို‌နေ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ‌နေ့ အခမ်းအနားတွင် ဦး‌ဆောင်ကျင်းပသူများက မိုင်းအန္တရာယ်ကာကွယ်‌ရေးနှင့် လူမှုအသိုင်း အဝိုင်းအတွင်း မသန်စွမ်းသူများ၏ အခန်းကဏ္ဍ အ‌ရေးပါပုုံတို့ကို ရှင်းပြခဲ့သလုို မသန်စွမ်းသူများအား အားကစားနည်းများကို ကျင်းပ‌ပေးပြီး‌နောက် ဂုဏ်ပြုဆုများ ‌ပေးအပ်ချီးမြှင့်ခဲ့သည်။

မသန်စွမ်းတစ်ဦးဖြစ်သူ ‌စောကဲမူး “ကျ‌နော်တို့ ကြုံ‌တွေ့ခံစားရတာ‌တွေကို အနာဂတ်မှာ မရှိဖို့ ဖြစ် ချင်ပါတယ်။ ကျ‌နော်တို့‌တွေ ဘယ်လို အသက်ရှင် ရပ်တည်ရမလဲ။ သင်တန်း‌တွေ လိုချင်ပါတယ်။ ကျ‌နော်တို့က ကိုယ်လက်အဂင်္ါ မပြည့်စုံ‌တော့ပါဘူး။ ‌ရှေ့ဆက် ကျ‌နော်တို့ရဲ့ မိသားစု၊ သားသမီး၊ ‌မြေး၊ မြစ်‌တွေ ‌ကောင်း‌ကောင်း မွန်မွန်ဆက်လက် ‌နေထိုင်ရပ်တည်နိုင်‌အောင် ကြည့်ရှု‌စောင့် ‌ရှောက်မှု‌တွေကို လိုလားတယ်‌လေ။”ဟု ‌ပြောသည်။

ထို‌နေ့အခမ်းအနားသို့ KESAN တာဝန်ရှိသူ၊ ‌ကေအဲန်ယူ တာဝန်ရှိသူ၊ ရပ်ဖိရပ်ဖိများနှင့် ဖားအံခရိုင်ရှိ မသန်စွမ်းသူ ၄၀‌ကျော် လာ‌ရောက်ပူး‌ပေါင်းပါဝင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ မသန် စွမ်းသူများ‌နေ့ကို ၁၉၉၂ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂက စတင်သတ်မှတ်လာခဲ့ပြီး ‌ကေအဲန်ယူ နယ်‌မြေတွင် ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။