Home သတင်း ‌နေရပ်ပြန်လည်‌နေရာချထား‌ရေးကိစ္စ မူဝါဒများ ‌ရေးဆွဲထားဟု ကရင်နီဒုက္ခသည်‌ကော်မတီက ‌ပြောဆို

‌နေရပ်ပြန်လည်‌နေရာချထား‌ရေးကိစ္စ မူဝါဒများ ‌ရေးဆွဲထားဟု ကရင်နီဒုက္ခသည်‌ကော်မတီက ‌ပြောဆို

1742

ဒီဇင်ဘာ ၁ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် ကရင်နီဒုက္ခသည်စခန်းတွင် ခိုလှုံ‌နေထိုင်‌နေသည့် ဒုက္ခသည်များအ‌နေဖြင့် အစိုးရသစ်လက်ထက်တွင် ‌နေရပ်ပြန်နိုင်‌ရေးအတွက် ‌ရေရာ‌သေချာမှု မရှိ‌သေး‌သော်လည်း ၎င်းကိစ္စနှင့်ပတ်သက်သည့် မူဝါဒ များ၊ လုပ်ငန်းအစီအစဉ်များ‌ရေးဆွဲထား‌ကြောင်း ကရင်နီဒုက္ခသည်‌ကော်မတီ-KnRC က ယ‌နေ့(ဒီဇင်ဘာ ၁ရက်)တွင် ‌ပြော သည်။

အိမ်နီးချင်းနိုင်ငံ၏ နယ်နိမိတ်အတွင်း နှစ်‌ပေါင်းများစွာ ခိုလှုံ‌နေရသည့် ကရင်ဒုက္ခသည်စခန်းများတွင် ဦးသိန်းစိန်အစိုးရ လက် ထက်မှ စတင်ကာ ‌နေရပ်ပြန်ပို့‌ရေးသတင်းများ ထွက်‌ပေါ်လာသည့်အတွက် ကရင်ဒုက္ခသည်‌ကော်မတီ-KRC အပါအဝင် ကရင်နီ ဒုက္ခသည်‌ကော်မတီ-KnRC တို့က ယင်းအစီအစဉ်များနှင့် ပတ်သက်၍ ကြိုတင်စီမံထားမှုများ ရှိလာခဲ့ခြင်းဖြစ်သည်။

ကရင်နီဒုက္ခသည်‌ကော်မတီ အတွင်း‌ရေးမှူး ‌စောလူးဝစ်က “ကျ‌နော်တို့ဘက်မှာလည်း ‌နေရာပြန်လည်ချထား‌ပေး‌ရေး မူဝါဒရပ် တည်ချက်ရယ်။ လုပ်ငန်းလမ်းညွှန်ရယ်ဆိုပြီး ရှိပါတယ်။ မူဝါဒပိုင်းမှာ‌တော့ ၁၃ချက်ရှိတယ်။ လုပ်ငန်းလမ်းညွှန်‌တွေက‌တော့ အများကြီးပဲ။ ပြန်ရင် ဘာလုပ်‌ပေးရမလဲဆိုတဲ့ အ‌သေးစိတ် ‌ရေးဆွဲချမှတ်ထားတာ‌တွေ ရှိတယ်”ဟု ‌ပြောသည်။

မူဝါဒများ ‌ရေးဆွဲချမှတ်ရာတွင် ပြည်တွင်းငြိမ်းချမ်း‌ရေးရရှိပြီး လွတ်လပ်စွာ သွားလာခွင့်ရှိသည့်အချိန်တွင် ‌နေရပ်ပြန်‌ရေး စဉ်းစား ရန်၊ အစိုးရက လူ့အခွင့်အ‌ရေး ‌လေးစားလိုက်နာမှုနှင့်အတူ နိုင်ငံတကာစံနှုန်းများနှင့်အညီ ကျင့်သုံးမှသာ ‌နေရပ်ပြန်နိုင်‌ရေးနှင့် ပြန်လည်‌နေရာချထား‌ရေး လုပ်ငန်းစဉ်များတွင် ဒုက္ခသည်များက လွတ်လပ်စွာ ‌ရွေးချယ်ဆုံးဖြတ်ရန် အပါအဝင် စသည့်အချက် ၁၃ချက် ပါဝင်သည်။

၎င်းအပြင် လုပ်ငန်းလမ်းညွှန်၌ ဒုက္ခသည်များအတွက် အစိုးရက ပြည့်ဝသည့် နိုင်ငံသားဖြစ်ခွင့် လုပ်‌ဆောင်‌ပေး‌ရေး၊ ဒုက္ခသည် များအတွက် တစ်နှစ်မှ ငါးနှစ်အထိ အကူအညီ‌ပေးသွား‌ရေး စသည့် အ‌သေးစိပ် လမ်းညွှန်ချက်များအပြင် TOR ဟု‌ခေါ်သည့် ‌နေရာပြန်လည်ချထား‌ရေးတွင် ပါဝင်‌သော အဖွဲ့အားလုံး သ‌ဘောတူလိုက်နာရမည့်အချက်များကို ထည့်သွင်းထား‌ကြောင်း သိရ သည်။

ယင်းသို့ ‌ရေးဆွဲထား‌သော်လည်း အဆိုပါ ‌နေရာပြန်လည်ချထား‌ရေးအစီအစဉ်များမှာ ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် များစွာ ဆက် စပ်‌နေသကဲ့သို့ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP နှင့် အစိုးရတို့ လက်ရှိအ‌ခြေအ‌နေအရ မ‌ပြေလည်မှုများ ရှိ‌နေ‌သေး သည့်အတွက် ‌နေရပ်ပြန်နိုင်‌ရေး စိုးရိမ်မှုများရှိ‌နေ‌ကြောင်း ကရင်နီဒုက္ခသည်စခန်းတွင် ခိုလှုံ‌နေထိုင်သူများက ‌ပြောဆိုသည်။

အမှတ်(၁) ကရင်နီဒုက္ခသည်စခန်း ဥက္ကဋ္ဌ ဆရာမမိုးဘူးက “ကျမတို့အ‌နေနဲ့က‌တော့ ငြိမ်းချမ်း‌ရေးက အခုထိ စိတ်မချရ‌သေးလို့ မပြန်ရဲ‌သေးဘူး။ အထူးသဖြင့် စစ်‌ကြောင့် ထွက်‌ပြေးလာရတဲ့သူ‌တွေက ဒါကိုပိုပြီး စိုးရိမ်‌နေကြတယ်။ ပြန်မယ်ဆိုရင်လည်း လုပ် ကိုင်စား‌သောက်ဖို့အတွက်‌ရော‌ပေါ့။ ပြီး‌တော့ အဲဒီကိစ္စ‌တွေနဲ့ ပတ်သက်ပြီး အစိုးရဘက်‌ကော၊ လက်နက်ကိုင်ဘက်ကပါ လက် ‌တွေ့မှာ ဘာမှအ‌ကောင်အထည်‌ဖော် စီစဉ်ထားတာ အခုထိ မကြားမိဘူး”ဟု ‌ပြောသည်။

ဒုက္ခသည်များ ပြန်လည်‌နေရာချထား‌ရေး ကိစ္စရပ်များကို ကရင်ဒုက္ခသည်‌ကော်မတီ-KRC က ကြိုတင်ပြင်ဆင်သည့်အ‌နေဖြင့် မူဝါဒများ၊ လုပ်ငန်းစဉ်များ ‌ရေးဆွဲမှုရှိထား‌သော်လည်း ယင်းကိစ္စများနှင့်ပတ်သက်၍ အစိုးရနှင့် ကရင်လက်နက်ကိုင်များတွင် တိကျ‌သေချာသည့် လုပ်ငန်းအ‌ကောင်အထည်‌ဖော်မှုများ မရှိ‌သေး‌ကြောင်းလည်း KRC ဘက်က ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်း ၉ခုတွင် လူဦး‌ရေ တစ်သိန်းနှစ်‌သောင်း‌ကျော် ရှိသည့်အနက် ထိုင်းနိုင်ငံ၊ မဲ ‌ဟောင်‌ဆောင်ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)နှင့် အမှတ်(၂)တွင် အပါအဝင်ဖြစ်ပြီး ၎င်းစခန်းနှစ်ခုတွင် ဒုက္ခ သည်ဦး‌ရေ တစ်‌သောင်းသုံး‌ထောင်‌ကျော် ‌နေထိုင်လျှက်ရှိ‌ကြောင်း သိရသည်။