ကေအဲန်ယူ၏ တရားသူကြီးချုပ် တာဝန်ကို ပဒိုနော်မြိုင်ဖိုးက (၁၅၈) မဲဖြင့် ရွေကောက်ခံရပြီးဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် တာဝန်ပြီးဆုံးသွားပြီဖြစ်၍ အသစ်တက်လာသည့် ခေါင်းဆောင်များကို ကော်မရှင်က တာဝန်ပြန်လည်အပ်နှင်းပြီး ညီလာခံတာဝန်ကို ပြန်ယူစေမှာဖြစ်သည်ဟု သိရသည်။
ထို့နောက် အရွေးချယ်ခံရသည့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၅ ဦးမှ နောက်ထပ် ဗဟို အလုပ်အမှုဆောင် ၆ ဦးကို ပြန်လည် ရွေးချယ်သွားမှာဖြစ်ပြီး ကျန်ရှိသည့် ဌာနဆိုင်ရာ ခေါင်းဆောင်များကိုလည်း ဆက်လက် ရွေးချယ်သွားမည်ဖြစ်သည်။