KIC News
ကရင်စာဖြင့် ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ဧရာဝတီတိုင်း နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ပြုလုပ်မည်
အောက်တိုဘာ ၁၇ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
၂၇၅၆ခုနှစ် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကာ စကော နှင့်ပိုးကရင်စာပေ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဦးစီးကော်မတီက ဦးဆောင်ပြုလုပ် သွားမည်ဟု ကော်မတီ အထွေထွေအတွင်းရေးမှူး မန်းလှသိန်းက ကေအိုင်စီသို့ အောက်တိုဘာလ ၁၆ရက်နေ့တွင်...
ဘီးလင်းမြို့နယ်တွင် လူသတ်မှုဖြစ်ပွားနှုန်း ယခင်နှစ်ထက် များပြားနေ
အောက်တိုဘာ ၁၆ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ်မြေဖြစ်သော သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ အောက်တိုဘာလအထိ ရာဇဝတ်မှုများထဲတွင် လူသတ်မှုဖြစ်ပွားမှုနှုန်း ၃ခုအထိရှိကာ ယခင်နှစ်ထက် များပြားနေသည်ဟု ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)က ကေအိုင်စီသို့ ပြောသည်။
ယခုနှစ်၌ ဘီးလင်းမြို့နယ်အတွင်း လူသတ်မှု သုံးခု၊ လူသေမှု နှစ်ခု၊...
“နောင် မျိုးဆက်အဆင့်ဆင့်အတွက် အန္တရာယ်ပေးမယ့် ကျောက်မီးသွေး”
စမနိုက်ဖောင် (ဖားအံ)
(အောက်တိုဘာလ ၁၅ရက်၊ ၂၀၁၆ခုနှစ်)
“ကျောက်မီးသွေးအသုံးပြုမယ့်ပစ္စည်းတွေ ရောက်ရှိလာပြီးလို့လည်း ခပ်သဲ့သဲ့ကြားနေရတယ်။ ဒီအရေးကိစ္စနဲ့တော့ ကျနော်တို့ ဒေသခံပြည်သူတွေ အလွန်ပဲ စိုးရိမ်နေတာတော့ အမှန်ပါ”
ဒီစကားကိုပြောသူက ကရင်ပြည်နယ်၊ ဖားအံမြို့နယ်မှာရှိတဲ့ တန်(၄,၀၀၀)မြိုင်ကလေး ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေး လောင်စာနဲ့ ပြန်လည်အသုံးပြုဖို့ စိုးရိမ်နေရှာတဲ့ ဒေသခံတစ်ဦးပဲ ဖြစ်ပါတယ်။
အဲဒီစက်ရုံကို ကျောက်မီးသွေးလောင်စာနဲ့...
အောက်ခြေလူထုမှအမျိုးသား နိုင်ငံရေးဆွေးနွေးပွဲအထိ ဆွေးနွေးမည့်ကဏ္ဍအလိုက် တာဝန်များခွဲဝေ
အောက်တိုဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စောညွန့်သောင်း
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်အမျိုးသားအဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးပွဲကို ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ အောက်တိုဘာ ၁၂ရက်မှ ၁၄ရက်နေ့အထိ ကျင်းပခဲ့ရာ အောက်ခြေလူထုမှတစ်ဆင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအ ထိ ဆွေးနွေးမည့်ကဏ္ဍအလိုက်ကို ဆွေးနွေးရန် တက်ရောက်လာသည့် ကိုယ်စားလှယ်များအား တာဝန်များခွဲဝေလိုက်သည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကရင်လူထုမှ ပြုစုထားသည့် နိုင်ငံရေး၊...
KNU နှင့် NMSP တို့ကြား ပဋိပက္ခထပ်မံ မဖြစ်ပွားရေး နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များ သဘောတူညီမှုရ
အောက်တိုဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဖြစ်ပွား ခဲ့သည့် ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး မည်သည့် ပဋိပက္ခမျှထပ်မံ မဖြစ်ပွားရေး ကြိုးပမ်းလုပ်ဆောင်သွားကြရန် နှစ်ဖက် ထိပ်ပိုင်း ခေါင်းဆောင်များ သဘောတူညီမှုရခဲ့ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် အောက်တိုဘာလ ၁၅ရက်နေ့က ပြုလုပ်သည့်...
တစ်နှစ်အတွင်း NCA အကောင်အထည်ဖော်မှု အားနည်းနေသေးဟု ကေအဲန်ယူ ဥက္ကဋ္ဌပြောဆို
အောက်တိုဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာ ချုပ် (NCA) လက်မှတ်ထိုးမှု တစ်နှစ်ပြည့်ပြီးဖြစ်သော်လည်း စာချုပ်ပါအချက်များ အကောင်အထည်ဖော်မှုအ ပိုင်း အားနည်းနေသေးသည်ဟု ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး စောမူတူးစေး ဖိုးက နေပြည်တော်ရှိ MCC I...
ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်ကြသော စစ်ရှောင်ဒုက္ခသည်များ နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာအခက်အခဲရှိ
အောက်တိုဘာလ ၁၅ ရက်၊ ၂၀၁၆ ခုနှစ်။ ကဆောဝါး
ကရင်ပြည်နယ် မဲသဝေါဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်အခြမ်း ကရင်ကျေးရွာများတွင် ထွက်ပြေးခိုလှုံရသည့် ဒေသခံကရင်တိုင်းရင်းသား တစ် ထောင်ကျော်မှာ နေထိုင်ရေး၊ စားသောက်ရေးအပြင် သွားလာရေး အခက်အခဲများကြုံတွေ့လာနေရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့မှု တစ်လကျော်အကြာပြီးနောက် ထိုင်းဘက်ခြမ်းရှိ...
မင်းလွင်တောင် လက်လုပ်လက်စား ကျောက်ထုတ်လုပ်ငန်းအတွင်း အလုပ်သမားတစ်ဦး ထိခိုက်သေဆုံး
အောက်တိုဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကျောက်ထုတ်လုပ်ငန်း အားလုံး ရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသော်လည်း လုပ်ငန်းရှင်အချို့က လက်လုပ်လက်စားအဖြစ် ဆက်လက်လုပ်ကိုင်နေသော မင်းလွင်တောင်၌ အောက်တိုဘာ ၁၂ရက်နေ့က စောဖားဒု(စီzဖါဒုး)ဆိုသူ ကျောက်ထုတ်အလုပ်သမား တစ်ဦးကို ကျောက်တုံးထိမှန်၍ သေဆုံးခဲ့ သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
သထုံမြို့နယ် ပိန္နဲတောကျေးရွာအုပ်စုရှိ မင်းလွင်ထုံးကျောက်တောင်ကို...
စစ်ပွဲများရပ်ဆိုင်းပြီး တပြည်လုံးအပစ်ရပ်ကြေညာပေးရန် ကာချုပ်ထံ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီ တောင်းဆို
အောက်တိုဘာ ၁၅ရက်၊ ၂၀၁၆ ခုနှစ်။ စောထွန်းလင်း
ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင်ဖြစ်ပွားနေသည့် စစ်ပွဲများရပ်ဆိုင်းပြီး တစ်နို်င်ငံလုံးအတိုင်းအတာ အပစ် ရပ်စဲကြောင်း ကြေညာပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တောင်းဆိုလိုသည်ဟု အောက်တိုဘာ ၁၄ ရက်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းရှိ သျှရီရာမခရစ်ရှနခန်းမ၌ ပြုလုပ်သည့် လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) ၂၈နှစ်ပြည့်အခမ်းအနားတွင်...
ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒတ် နတ်ရွာစံသွားသည့်အပေါ် မြန်မာနိုင်ငံသားအချို့၏ ရင်တွင်းဖြစ်များ
ဦးမိုးကြိုး (ဥက္ကဌ - မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ-JACBA)
ထိုင်းဘုရင်ဆိုတာ ထိုင်းနိုင်ငံသားတွေသာမက ကမ္ဘာ့တစ်ဝှမ်းလေးစားကြတဲ့ ဘုရင်ကောင်းတစ်ပါးဖြစ်သလို ခေါင်းဆောင် ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ သက်ဦးဆံပိုင်ဆိုတဲ့ အာဏာရှင်ဘုရင်စနစ်ကို ကျင့်သုံးတာမဟုတ်ဘူး။ နန်းစံသက် အနှစ် ၇ဝလုံးလုံးမှာ သူ့ပြည်သူတွေအတွက် မဖွံ့ဖြိုးတဲ့နေရာဒေသတွေမှာ လမ်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးခန်းတွေကို သူကိုယ်တိုင်ဦးဆောင်ပြီး လုပ်ပေးခဲ့တာတွေရှိတယ်။...













