Home သတင်း မြိုင်ကြီးငူ စစ်‌ပြေး‌ရှောင်စခန်းတွင် ‌ကျောင်းတက်သည့် က‌လေးဦး‌ရေ ၄၀ဝ နီးပါးရှိလာ

မြိုင်ကြီးငူ စစ်‌ပြေး‌ရှောင်စခန်းတွင် ‌ကျောင်းတက်သည့် က‌လေးဦး‌ရေ ၄၀ဝ နီးပါးရှိလာ

1780

ဇွန် ၂ ရက်၊ ၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ လှှိုင်းဘွဲမြို့နယ်ရှိ မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်းတွင် ယခုနှစ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ‌ကျောင်းတက်မည့် ‌ကျောင်းသားဦး‌ရေ ၄၀ဝ နီးပါးအထိရှိလာသည်ဟု မြိုင်ကြီးငူ စစ်‌ပြေး‌ရှောင်စခန်းမှ တာဝန်ရှိသူများက ‌ပြောသည်။

ယခင် ပညာသင်နှစ်အတွင်း မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းတွင် ‌ကျောင်သားဦး‌ရေ တစ်ရာ‌ကျော်မျှသာရှိ‌ကြောင်းသိရပြီး ယခုနှစ်‌ကျောင်းသားဦး‌ရေ တိုးလာသည့်အ‌ခြေအ‌နေများနှင့်ပတ်သက်၍ စစ်‌ဘေး‌ရှောင် စခန်းတာဝန်ရှိသူ ‌စော‌ရွှေထွန်းက ယခုလို ‌ပြောသည်။

၎င်းက “အခု ‌ကျောင်းသားများတာက တစ်ခါမှ ‌ကျောင်းမ‌နေတဲ့က‌လေး‌တွေ ပြန်‌ပေးတက်ခိုင်းတယ်။ မနှစ်က ပြန်‌ပြေး လာ‌တော့ တချို့‌ကျောင်းသား‌တွေက ‌ကျောင်းမဆက်တက်‌တော့ဘူး။ အဲဒီတဲ့က‌လေး‌တွေ ပြန်‌ပေးတက်တယ်။ ‌နောက်တစ် ခုက ဒီ‌နွေမှာလည်း တချို့က သူတို့‌နေရာမှာ မ‌နေရဲ‌တော့လို့ ပြန်ထပ်လာ တယ်ဆို‌တော့ ‌ကျောင်း‌နေတဲ့ က‌လေး‌တွေပိုများ လာတာ‌ပေါ့။ ဒီမှာ‌တော့ ‌ကျောင်းမဖွင့်‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လော မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်း ၂ ခုရှိ ‌ကျောင်းစာသင်ကြား‌ရေးကို သူငယ်တန်းမှ စတုတ္ထတန်း အထိ‌ကျောင်း ဖွင့်လှစ်သင်ကြား‌ပေးမည်ဖြစ်ပြီး မြပန်းဝတ်မှှုံအ‌ဆောင်ရှိ ‌ကျောင်းတက်မည့် က‌လေး ၈၁ ဦးနှင့် နှစ်သစ်ကူးကွင်းရှိ ‌ကျောင်းတက်မည့် က‌လေး ၂၉၄ ဦးရှိသည်ဟု စခန်းတာဝန်ရှိသူများ၏ ‌ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

စစ်‌ဘေး‌ရှောင်စခန်းတွင် ယခုနှစ် ‌ကျောင်းသားဦး‌ရေ တိုးလာသည်နှင့်အမျှ စာသင်‌ဆောင် အခက်အခဲ၊ ‌ကျောင်း ပရိ ‌ဘောဂနှင့် စာ‌ရေးကိရိယာ မလုံ‌လောက်မှုအခက်အခဲများသာမက စာသင်ကြား‌ပေးမည့် ဆရာ၊ ဆရာမဦး‌ရေ လုံ ‌လောက် စွာ မရှိ‌သေးသည့် အ‌ခြေအ‌နေများ ဖြစ်‌ပေါ်‌နေ‌ကြောင်း သိရသည်။

“ဒီနှစ်‌ကျောင်းတက်တဲ့က‌လေး‌တွေ ၃၀၀‌ကျော်ရှိတယ်ဆို‌တော့ စာသင်မယ့်အ‌ဆောက်အဦးနဲ့က မဆံ့ဘူးထင်တယ်။ ပြီး ‌တော့မိုးရွာရင် မိုးပက်မယ်။ အ‌ဆောက်အဦး‌တွေပြင်ရမယ်။ ‌ကျောင်းဆရာမ ဘယ်နှစ်ဦး လာမလဲမသိ‌သေးဘူး ။ ဒီ‌နေ့က နာမည်စာရင်း‌တွေသွင်းတာဘဲရှိ‌သေးတယ်။ ‌ကျောင်းက မဖွင့်‌သေးဘူး ”ဟု စခန်းတာဝန်ရှိသူ ‌စော‌ရွှေထွန်းက ဖြည့်စွက် ‌ပြောသည်။

ယင်းအ‌ခြေအ‌နေများ‌ကြောင့် ဇွန်လ ၁ရက်‌နေ့တွင် တစ်နိုင်ငံလုံးရှိ အ‌ခြေခံပညာ‌ကျောင်းအားလုံး စတင်ဖွင့်လှစ်‌နေ ပြီးဖြစ် ‌သော်လည်း မြိုင်ကြီးငူစစ်‌ရှောင်စခန်းမှ စစ်‌ပြေး‌ရှောင်က‌လေးများအတွက် ‌ကျောင်းဖွင့်နိုင်သည့်ရက် အတိ အကျ သတ် မှတ်နိုင်ခြင်းမရှိ‌သေး‌ကြောင်းလည်း စခန်းတာဝန်ရှိသူများက ဆက်‌ပြောသည်။
ထို့အပြင် မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းတွင် တစ်နှစ်‌ကျော်ကြာခိုလှုံပြီး အလှူရှင်များ၏ အကူအညီဖြင့် ရပ်တည်‌နေရသည့် စစ်‌ဘေး‌ရှောင်များမှာ ဝင်‌ငွေမရှိသဖြင့် အချို့‌သော‌ကျောင်းသားမိဘများမှာ မိမိက‌လေးငယ်များ ‌ကျောင်း အပ်နှံပါက ကုန်ကျမှု များဖြစ်‌ပေါ်လာမည်ကို စိုးရိမ်မှုများရှိ‌နေ‌ကြောင်းလည်း သိရသည်။

ကရင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်က“ စတင်ကတည်းက ပြည်နယ်အစိုးရ‌ရော၊ ပြည်‌ထောင်စု အစိုးရ ‌ရော၊ ပြည်တွင်းမှာရှိတဲ့အဖွဲ့အစည်း‌တွေ‌ရော အားလုံးစု‌ပေါင်းပြီး‌တော့ စားနပ်ရိက္ခာ‌နေ‌ရေးထိုင်‌ရေး ကိစ္စ‌တွေကို ‌ဆောင်ရွက်‌ပေး‌နေတာက‌တော့ က‌နေ့ထက်ထိလည်းရှိပါတယ်။ အစိုးရအ‌နေနဲ့ အ‌ခြေခံကျတဲ့ စားနပ်ရိက္ခာ‌တွေအပြင် ကျန်းမာ‌ရေးကိစ္စ‌တွေကို ကျန်းမာ‌ရေး ဌာန‌တွေ အခြားအဖွဲ့အစည်း‌တွေက‌ရော ‌ဆောင်ရွက်‌ပေး‌နေတာ‌တွေရှိပါတယ်။ ‌နေ‌ရေးထိုင်‌ရေးကိစ္စက လတ်တ‌လော ဖြစ်တဲ့အတွက် မြိုင်ကြီးငူ ဆရာ‌တော်စီစဉ်‌ပေးမှုနဲ့ ‌ဆောင်ရွက်‌ပေး‌နေတာ‌တွေရှိ ပါ တယ်” ဟု ‌မေလ၂၉ ရက်‌နေ့က ဖားအံမြို့တွင် ပြုလုပ်သည့် အစိုးရသစ် တစ်နှစ်တာလုပ်‌ဆောင်ချက် သတင်းစာရှင်းလင်း ပွဲတွင် ‌ပြောသည်။

မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်များအတွက် ကူညီလုပ်‌ဆောင်မှုများပြုလုပ်‌ပေး‌နေ‌ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူများမှ‌ပြော ဆိုမှုများရှိ‌နေ‌သော်လည်း ‌နေရပ်ပြန်လည်အ‌ခြေချ‌နေထိုင်‌ရေးအပါအဝင် စား‌သောက်‌နေထိုင်‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ ‌ရေး ကိစ္စရပ်များတွက် လိုအပ်ချက်များစွာ ရှိ‌နေ‌သေး‌ကြောင်းလည်း စစ်‌ရှောင်ဒုက္ခသည်များက ‌ပြောသည်။

မဲ့သ‌ဝေါ‌ဒေသတွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှ အစိုးရစစ်တပ်၊ နယ်ခြား‌စောင့်တပ် နှင့် DKBA အဖွဲ့တို့ကြား နှစ်ဘက်တိုက်ပွဲ ဖြစ်ပွား‌သော‌ကြောင့် မဲ့သ‌ဝေါ‌ဒေသတွင် စာသင်‌ကျောင်းအ‌မြောက်အများ ပိတ်လိုက်ရ၍ မြိုင်ကြီးငူ စစ်‌ပြေး‌ရှောင်စခန်းတွင် ပြည်နယ်အစိုးရမှ စု‌ပေါင်းပြီး သင်ကြား‌ရေးဌာန ပြန်လည်ဖွင့်လှစ်‌ပေးရသည်ဟု သိရသည်။