KIC News
ဧရာဝတီတိုင်းအဆင့် ကရင်နှစ်သစ်ကူးပွဲတော်အတွက် အစိုးရ ကျပ်သိန်း ၃၅ဝသာ ထုတ်ပေးတော့မည်
နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
ဧရာဝတီတိုင်းဒေသကြီး၏ ၂၇၅၆ခုနှစ်၊ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးအတွက် အစိုးရက ကျပ်သိန်း ၄၅ဝ ကနဦး ချီးမြှင့် ပေးရန်ရှိသော်လည်း ကျပ်သိန်းတစ်ရာ လျော့ချကာ ကျပ် ၃၅ဝသိန်းသာ ထုတ်ပေးတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီးတစ်ခု လုံးဆိုင်ရာ နှစ်သစ်ကူးပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုဥက္ကဋ္ဌ စောဖရန်စစ်ခိုင်က...
စာသင်နှစ် (၅)နှစ်အထက် နယ်စပ်ကျောင်းဆရာ/ဆရာမများအား ဂုဏ်ပြုဆု KED ပေးအပ်
နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကရင်ပညာရေးဋ္ဌာန-KED လက်အောက်တွင် ပညာသင်ကြားနေသည့် စာသင်နှစ် (၅)နှစ်အထက် ကျောင်းဆရာ၊ ဆရာမများ အား အသိအမှတ်ပြု ဂုဏ်ပြုဆုကို KED က နိုဝင်ဘာလ ၂၃ရက်နေ့တွင် ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ကလေ့မို့ခီးကျေးရွာ၌ ပြု လုပ်သည့် ပြည်တွင်းဋ္ဌာနေမဲ့ကျောင်းသားစုံညီပွဲတော်တွင်...
ပြည်တွင်းဋ္ဌာနေမဲ့ စာသင်ကျောင်းများ စုပေါင်း၍ (၁၅)ကြိမ်မြောက် ကျောင်းသားစုံညီပွဲတော် ကျင်းပပြီးစီး
နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ပြည်တွင်းဋ္ဌာနေမဲ့ပြည်သူ (IDP) စာသင်ကျောင်းများစုပေါင်းပြီး ၁၅ကြိမ်မြောက် ကျောင်းသားစုံညီပွဲတော်ကို ကရင်အမျိုးသား အစည်းအရုံး-KNU ၏ ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်း၌ ယခုလ နိုဝင်ဘာလ ၂၂ရက်မှ ၂၄ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့နယ် IDP ကျောင်းသားစုံညီပွဲတော်တာဝန်ခံ စောရိန်းဘိုးက “ကျနော်တို့ ရည်ရွယ်တာကကျောင်းတွေ...
DKBA ၂၂နှစ်မြောက်တွင် မြန်မာနှင့်ထိုင်း နာမည်ကြီးလက်ဝှေ့ကျော်များ၏ အထူးစိန်ခေါ်ပွဲများထည့်သွင်းစီစဉ်
နိုဝင်ဘာလ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
၂၂နှစ်မြောက် DKBA နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပမည့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး အပါအဝင် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံနာမည်ကြီးလက်ဝှေ့သမားများ ပါဝင်ယှဉ်ပြိုင်ထိုးမည့် အထူးစိန်ခေါ်ပွဲများ ထည့် သွင်းတင်ဆက်သွားမည်ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA (ကလို့ထူးဘောအဖွဲ့)၏ ပွဲစီစဉ်သူများထံမှ သိရှိရသည်။
DKBA ဋ္ဌာနချုပ်တည်ရှိရာ မြဝတီခရိုင်၊...
ကရင်တစ်မျိုးသားလုံးအတွက် ကဏ္ဍကြီး ၄ရပ်ကို စာတမ်းပြုစုရန် KUPC ဆွေးနွေးမည်
နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ စောညွန့်သောင်း
ကရင်တမျိုးသားလုံးအတွက် အရေးကြီးသည့် ကဏ္ဍကြီး ၄ရပ်အား စာတမ်းပြုစုနိုင်ရန် ကရင်အမျိုးသားများ စည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ(KUPC)က နိုဝင်ဘာလ ၂၄ရက်မှ ၂၆ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဇွဲကပင်ခန်းမ ဆောင်၌ ကျင်းပသည့် နဝမအကြိမ်မြောက် ၎င်းတို့၏အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဟု သိရသည်။...
သျှမ်းပြည်စစ်ရေးပဋိပက္ခတွင် အစိုးရအနေဖြင့် စေတနာမှန်ဖို့လိုကြောင်း DKBA (ခွဲထွက်)အဖွဲ့ ထုတ်ပြန်ပြောဆို
နိုဝင်ဘာ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
သျှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့်စပ်လျဉ်းပြီး အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်နေမှု များတွင် အားလုံးပါဝင်နိုင်ရေး စိတ်ရင်းစေတနာမှန်ပြသရန် မရှိခြင်းကြောင့်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ် မတော်-DKBA (ခွဲထွက်)အဖွဲ့က ယနေ့ (နိုဝင်ဘာ ၂၄)ရက်နေ့တွင် သဘောထားထုတ်ပြန်၍ ပြောဆိုလိုက်သည်။
လက်ရှိ သျှမ်းပြည်နယ်အရှေ့မြောက်ဒေသရှိ မူဆယ်နှင့်...
ဒုက္ခသည်နှင့် ရွှေ့ပြောင်းကျောင်းသား (၅၀)ဦး အမေရိကန်၏ အွန်လိုင်းတက္ကသိုလ်တစ်ခုတွင် ပညာသင်ခွင့်ရမည်
နိုဝင်ဘာ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
အမေရိကန်နိုင်ငံမှ ဖွင့်လှစ်ထားသည့် University of The People (UoP)အွန်လိုင်းတက္ကသိုလ်ကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခ သည်စခန်းများနှင့် မြန်မာရွှေ့ပြောင်းကျောင်းသူ/ကျောင်းသား စုစုပေါင်း (၅၀)ဦးအား ပညာသင်ဆုပေးသွားရန် နို်ဝင်ဘာလ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းဟောင်းတွင် မိတ်ဆက်ရှင်းလင်းသွားခဲ့သည်။
အဆင့်မြင့်ပညာရေးစနစ်ကို...
လယ်သမားတစ်ဦးချင်း ဝင်ငွေတိုးရန် ဆောင်းသီးနှံစိုက်ပျိုးရေး အသိပညာပေးဟောပြော
နိုဝင်ဘာ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
စိုက်ပျိုးရေးဋ္ဌာန၊ မြေယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဋ္ဌာနတို့ပူးပေါင်းပြီး လယ်သမားတစ်ဦးချင်း ဝင်ငွေတိုးလာစေရန် ရည်ရွယ် ပြီး ဆောင်းသီးနှံစိုက်ပျိုးရေး အသိပညာပေးဟောပြောပွဲတစ်ခုကို နိုဝင်ဘာလ ၂၂ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ် ကျေးရွာဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၊ စိုက်ပျိုးရေးဋ္ဌာန ဦးစီးမှူး ဦးသက်လွင်က “ကြာအင်းဆိပ်ကြီးမှာတော့...
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ပယ်ဖျက်သင့်ပြီဟု ကရင်နိုင်ငံရေးပါတီမှ ခေါင်းဆောင်အချို့ပြောဆို
နိုဝင်ဘာ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ စောညွန့်သောင်း
မြန်မာနိုင်ငံအစိုးရက ကျင့်သုံးနေဆဲဖြစ်သည့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)သည် သတင်းသမားများနှင့် နိုင်ငံရေးတက် ကြွလှုပ်ရှားသူများအား ထိခိုက်နစ်နာမှုများရှိနေသဖြင့် ပယ်ဖျက်သင့်ပြီးဟု ကရင်နိုင်ငံရေးပါတီမှ ခေါင်းဆောင်အချို့က ပြောဆို လိုက်သည်။
ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က မလိုအပ်တော့သည့် ဥပဒေများအားလုံးကို ဖျက်သိမ်းပေးရေးအတွက် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က...
တတိယမျက်လုံး
(လကင်္ာဒီပ)
(၂၄ နိုဝင်ဘာ ၂၀၁၆)
လဲကယ်၊ စကော၊ ပိုး တလာခုံး
အပြုံးတွေ ကိုယ်စီနဲ့ကွယ်
ဒုံးယိမ်းရယ် ကကြတယ်
ညီညာတယ်၊ ကြည်သာကြည်နူးလို့ဈာန်ဝင်
ဇွဲကပင်ရဲ့ရင်ငွေ့
တူယှဉ်တွေ့ကြလို့ကွယ်
လက်ဝှေ့ဆိုင်းသံမြိုင်လှတယ်
ပြခန်းရယ်အစုံအလင်နဲ့
ဒို့ချစ်တဲ့ကရင်ပြည်နယ်ကြီးရယ်
တင့်တယ်ခံ့ညားလှပ
ပထမမျက်လုံးအာရုံ
ရောင်စုံကာလာ မှော်ရုံဆန်းလှတယ်။
အဆဲခံရပေါင်းများလို့လည်း
နားထဲရိုးလို့နေပြီသူငယ်ချင်း
မင်းတို့တွေရဲ့အဝေးကအကြံဉာဏ်
ဘာသဏ္ဍာန် ဘာအသွင်
အဆင်အပြင် အပြုသဘောမပါ
ဒီမှာလာကြည့်လိုက်ပါအုံး
ယူကျုံးမရ ဖြစ်နေသူတွေမယ်
ဘယ်လောက်စိတ်ချမ်းသာနေကြလဲ
လမ်းလည်းပေါက်လို့သွားနိုင်ပြီ
ဒီမှာတိုက်တာတွေ၊ ကားတွေ
ဒို့ရွှေပြည်တော်ကြီး
အသီးတွေ အပွင့်တွေနဲ့
တိုးတက်တဲ့တစ်နေ့ကို ရောက်လာတာပ
ဒုတိယမျက်လုံးရဲ့ပုံပန်း
မျက်လှည့်လမ်းမှာ ယောင်ချာချာနဲ့ကွယ်။
လမ်းတွေပေါက်လာကြတယ်
တိုက်တွေရယ် ပေါများလာကြတယ်
ငါ့နယ်မြေတစ်လွှားမှာ
ခြေရာအမည်းကြီးတွေပြည့်လို့
ဒို့ကွန်းခိုရာဒေသတွေလည်း
သူ့လက်ထဲ ရောင်းဈေးကွက်တစ်ခုနှယ်
ငိုသံရယ် တော်လှဲသံအလား
ငြိီးတွားတဲ့ ဆာလောင်ပျက်စီးခြင်းရပ်ဝန်း
စုတွန်းလို့ ဖြိုဖျက်လိုက်ချင်စမ်းပါဘိ
တတိယမျက်လုံးရဲ့သဘာဝ
လောကကို ဘာသာပြန်မှန်ှဖို့လိုလိမ့်မယ်။
ဒေါင်းခြေရာ၊ ခြသေင့်္ခြေရာ
နွားခြေရာ၊...














