KIC News
ဆက်ဆံရေးရုံးများ၏ တာဝန်နှင့်ဝတ္တရားများ (ToR) မူကြမ်း ပြန်လည်ပြင်ဆင်ရေးဆွဲပြီးစီး
ဇွန် ၁၉ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၁၇ရက်နှင့် ၁၈ရက်နေ့က ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ် (Bilateral Agreement) လက်မှတ်ရေးထိုးထားပြီး ဆက်ဆံရေးရုံးများဖွင့်ထားကြသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေးအဖွဲ့အစည်း ၁၁ဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆက်ဆံရေးရုံးများ၏...
ကရင်ပါတီများ ပေါင်းစည်းရေး အလေးထား ဆောင်ရွက်နေကြောင်း KPP ပြောဆို
ဇွန် ၁၈ ရက်၊ ၂၀၁၇ခုနှစ်။ စောထွန်းလင်း
ကရင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးအတွက် အလေးထား လုပ်ဆောင်နေသည်ဟု ဇွန်လ ၁၇ရက်နေ့တွင် ရန်ကုန်မြို့၊ မရမ်း ကုန်းမြို့နယ်၊ မြန်မာနိုင်ငံခရစ်ယာန် မျက်မမြင်ကျောင်းခန်းမ၌ ပြုလုပ်သည့် ကရင်ပြည်သူ့ပါတီ၏ ၇ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် ဗဟိုကော်မတီ အစည်းအဝေးတွင် ပါတီဥက္ကဌ စောထွန်းအောင်မြင့်က...
အိုဘယ့် ကေအိုင်စီ (သို့) မနှင်းဆီ
(လကင်္ာဒီပ)
ကောက်ရိုးမီးတွေ မဟုတ်ကြဘူး
ဆူးကြားက ဆူးများနဲ့
ဖူးပွင့်ခဲ့တဲ့ ပန်းလေးပေါ့
ကမော့ယှိူးရယ် ခွဲကဘောင်ရယ်
သူးမွဲထရယ် နောင်ခလာရယ်
ရှင်သန်မယ်လေ အတူတူပဲကွယ်
တို့နယ် တို့မြေ တို့ရေက
စတုတ္ထမဏ္ဍိုင်မှာ
ဝိုင်းရံကာ အားဖြည့်ကြမယ်။
ထောင်ရာဇာ လက်နက်ရာဇာ
တဏှာရာဇာ မူးယစ်ရာဇာတွေ မှိုလို
မှောင်ခိုရာဇာ ဂိုင်းဂဏရာဇာတွေကြားမှာ
စွန့်စားကာ သတင်းတွေရယူ
ပြည်သူရှေ့ ချပြရတဲ့အလုပ်
သက်ဖက်ထုတ် လူတန်းစားနှယ်
အန္တရာယ်အသွယ်သွယ် ဘေးအသွယ်သွယ်။
လူ့အခွင့်အရေးများ
တိုင်းရင်းသားအခွင့်အရေး
ဒီမိုကရေစီအရေးတွင် ရပ်တည်ရင်း
အလျဉ်း...တစုံတဦး အသင်းအဖွဲ့တို့ရဲ့
ဦးနှိမ်တဲ့ ဩဇာခံမဟုတ်သော
ဘယ်သောအခါမှ နယ်စည်းမခြားသော
ဘယ်သောခါမှ ဆန္ဒရင်းစွဲ
လူမျိုး ဘာသာ...
ပြည်နယ်အဆင့် တက္ကသိုလ်ဝင်တန်းအောင်ချက်အကောင်းဆုံး ကြာအင်းဆိပ်ကြီး ကြခတ်ချောင်းကျောင်း ၅ နှစ်ဆက် တိုက်ရပ်တည်
ဇွန် ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ စောမြတ်ဦးသာ
၂၀၁၆-၂၀၁၇ ပညာသင်နှစ် မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်မှုစာရင်းကို ယနေ့(ဇွန်လ ၁၇ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကရင်ပြည်နယ်အနေဖြင့် ကြာအင်းဆိပ်ကြီး၊ ကြခတ်ချောင်း အ.ထ.က ကျောင်းမှ ၅ နှစ်ဆက် တိုက် အောင်ချက်အကောင်းဆုံးရရှိသည်ဟု...
ကွဲပြားမူများကြားထဲမှ ညီညွတ်ရေးကို လုပ်ဆောင်သွားနိုင်ရေး UNFC၏ ညီလာခံတွင် ဆွေးနွေးသွားမည်
ဇွန် ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ၌ ယခုလ ၂ဝရက်နေ့တွင် စတင်ကျင်းပမည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ-UNFC၏ ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သဘောထားအမြင်များ၊ ကွဲပြားမှုများကြားထဲမှ ညီညွတ်ရေးကို ဖော်ဆောင်သွားရန် ဆွေးနွေးသွားမည်ဟု (UNFC) အတွင်းရေးမှူး (၁)...
“ ကျမမြင်တာက သွားနေတဲ့ လမ်းစဉ်ကို ပြင်ရမယ်” KNU ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန်နှင့် ဆက်သွယ်မေးမြန်းခြင်း
ပြီးခဲ့သည့် ဇွန် ၇ ရက်နေ့တွင် KNU-Concerned Group အမည်ဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံနှင့် ပတ်သက်၍ အမြင်သဘောထား ထုတ်ပြန်ချက် တစ်စောင်ပေါ်ထွက်ခဲ့ပြီး ယင်းထုတ်ပြန် ချက်နှင့်ပတ် သက်၍ အဆိုပါ KNU-Concerned Group ကို ဦးဆောင်သူတစ်ဦးဖြစ်သည့် KNU ကရင်အမျိုးသား...
ADB၏ ကော့ကရိတ်-အိန္ဒုလမ်း နောက်ဆက်တွဲအခြေအနေများ ပွင့်လင်းမြင်သာမှုရှိရန် ဒေသခံလိုလား
ဇွန် ၁၆ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ အိန္ဒုကျေးရွာအထိ ဖောက်လုပ်မည့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ အာရှအဝေးပြေး လမ်းမစီမံကိန်း နောက်ဆက်တွဲအခြေအနေများနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် လိုလားကြောင်း စီမံကိန်း ကြောင့် နစ်နာသူဒေသခံများဖြင့်ဖွဲ့စည်းထားသည့် ၂၄ ရွာဒေသဖွံ့ဖြိုးရေး ရွာသားများကော်မတီက ပြောဆိုသည်။
လမ်းစီမံကိန်းကိစ္စနှင့်ပတ်သက်၍ ဇွန်လ...
လူငယ်ထုအတွင်း မူးယစ်ဆေးသုံးစွဲမှု ကာကွယ်ရေးနည်းပြသင်တန်း ဖားအံမြို့တွင် ပထမဦးဆုံးအကြိမ်ပြုလုပ်
ဇွန် ၁၆ ရက်၊ ၂၀၁၇ ခုနှစ်။ စောမြတ်ဦးသာ
မူးယစ်ဆေးဝါးအန္တရာယ်ကို လူငယ်အချင်းချင်း အသိပညာပေးဆောင်ရွက်နိုင်အောင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင် သည့် ပထမဦးဆုံးအကြိမ် လူငယ်ထုအတွင်း မူးယစ်ဆေးသုံးစွဲမှု ကာကွယ်ရေးနည်းပြသင်တန်းတစ်ခုကို ကရင်ပြည်နယ် ဖားအံမြို့ ၊ တော်ဝင်ရတနာဟိုတယ်တွင် ဇွန်လ ၁၂ရက်မှ ၁၇ ရက်နေ့ထိ ပြုလုပ်ပေးလျှက်ရှိသည်။...
ကရင်ပြည်နယ်အတွင်း သတင်းသမားများ ခြိမ်းခြောက်၊ ခွဲခြားဆက်ဆံခံရမှုများ ကြုံတွေ့နေ
ဇွန် ၁၆ ရက်၊ ၂၀၁၇ ခုနှစ်။ စောညွန့်သောင်း
ကရင်ပြည်နယ် အခြေစိုက် သတင်းသမားများအနေဖြင့် သတင်းအချက်အလက်များ ရယူရာတွင် ခြိမ်းခြောက်ခံရမှုများနှင့် ခွဲခြားဆက်ဆံ ခံရမှုများ ကြုံတွေ့နေသေးသည်ဟု ပြည်နယ်အခြေအစိုက် သတင်းမီဒီယာသမားများက ကေအိုင်စီသို့ ထုတ်ဖော် ပြောသည်။
ပြည်နယ်အတွင်း သတင်းသမားများအနေဖြင့် ကျင့်ဝတ်နှင့်အညီ အပြုသဘောဆောင်ကာ အစိုးရ အပါအဝင်...
ဒေါ်စု ကနေဒါခရီးစဉ်တွင် စစ်ရေးပဋိပက္ခနှင့်ဒုက္ခသည်အရေးကိစ္စများ ပြောဆိုမှုမရှိသည့်အပေါ် ကရင်လူမှုအဖွဲ့ ဝေဖန်
ဇွန် ၁၆ ရက်။ ၂၀၁၇ ခုနှစ် ။ ကေအိုင်စီ
မြန်မာနိုင်ငံ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ပထမအပတ်က သွားရောက်ခဲ့သည့် ကနေဒါခရီးစဉ်တွင် နိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခ၊ ဒုက္ခသည်အရေးနှင့် လက်ရှိဖြစ်ပွားနေသော စစ်တပ်ထိုး စစ်ဆင်မှုများကို ပြောဆိုဆွေးနွေးမှုမရှိသည့်အပေါ် ကနေဒါနိုင်ငံရောက် ကရင်အမျိုးသားများက ဝေဖန်ပြောဆို...














