KIC News
မြန်မာရွှေ့ပြောင်း အလုပ်သမားများ လွတ်လပ်စွာသွားလာနိုင်သည့် CI လက်မှတ်များကို ထုတ်ပေးသွားရန် စီစဉ်
ဇန်နဝါရီ ၁၉ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်းရှောင်း
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် လွတ်လပ်စွာ ခရီးသွားလာနိုင် မည့် Certificate of Identity (CI)ဟု ခေါ်သည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ကို နှစ်နိုင်ငံအစိုးရ တာ ဝန်ရှိသူများမှ ယခုလ ဇန်နဝါရီလအတွင်း...
ကရင်၏ လူမျိုးအလိုက် အမျိုးသားအဆင့်ဆွေးနွေးပွဲတွင် ကာကွယ်ရေးနှင့် လုံခြုံရေးကို ထည့်သွင်းမဆွေးနွေးသေး
ဇန်နဝါရီ ၁၉ ရက်၊ ၂၀၁၇ ခုနှစ်။ စောညွန့်သောင်း
နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကဏ္ဍကြီး ၅ ရပ် အနက် ကာကွယ်ရေး နှင့် လုံခြုံရေးကဏ္ဍသည် ကျယ်ပြန့်သည့်အတွက် ဖား အံမြို့၊ သီရိဖားအံဟိုတယ်၌် ဇန်နဝါရီ ၁၈ရက်မှ ၂ဝရက်နေ့အထိကျင်းပသည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး...
ကရင်၊ မွန် လက်နက်ကိုင် ပဋိပက္ခ ကူးစက်လာမည်ကို KNU ဝင်းရေးမြို့နယ်မှ စိုးရိမ်
ဇန်နဝါရီ ၁၈ရက်၊ ၂၀၁၇ ခုနှစ်။ စောမြတ်ဦးသာ
ကရင်အမျိုးသားအစည်းအရုံး-KNU ဘိတ်ထားဝယ်ခရိုင်ဘက်တွင် KNU တပ်ဖွဲ့ဝင်များနှင့် မွန်ပြည်သစ်ပါတီတို့ တပ်ဖွဲ့ဝင်တို့အကြား ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများမှာ ၎င်းတို့ဘက်သို့ ကူးစက်လာမည်ကို စိုးရိမ်ကြောင်း KNU ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၁၆တို့က ဇန်နဝါရီ...
ဖားအံမြို့တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ စတင်
ဇန်နဝါရီ ၁၈ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့တွင် ပထမဆုံးအကြိမ်အဖြစ် သုံးရက်ကြာ ပြုလုပ်မည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ကရင်)ကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့တွင် စတင်ကျင်းပနေပြီးဖြစ်သည်။
မြန်မာနိုင်ငံသည် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတည်ဆောက်သွားရေးအတွက် လိုအပ်သည့် ကရင်အမျိုးသား များ၏ အမြင်သဘောထားများကို...
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ကော့မှူးတွင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မည်
ဇန်နဝါရီ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း
ကရင်ပြည်နယ်၊ ဖားအံမြို့အခြေစိုက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက လာမည့် ဧပြီ ၁ ရက်နေ့တွင် ပြုလုပ် မည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာဝင်ပြိုင်သွားမည်ဟု ပါတီဒုဥက္ကဌ မန်းအောင်ပြည့်စိုးက ယနေ့ (ဇန်နဝါရီ...
အမျိုးသားရေး လှုပ်ရှားမှုများကို ပြည်ပနှင့် နယ်စပ် ကရင်လူငယ်များ လက်တွေ့ လေ့လာသင်ယူ
ဇန်နဝါရီ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး
ကရင်အမျိုးသားအစည်းအရုံး-KNUနှင့် ကရင်လူမှုအဖွဲ့အစည်းများ၏ အမျိုးသားအရေး ဦးဆောင်လှုပ်ရှားမှုများကို ဩစ တေးလျနိုင်ငံရောက် ကရင်လူငယ်များနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်လူငယ်များအနေဖြင့် လက်တွေ့ကျသည့် လေ့လာ သင်ယူသည့် Young Adult Leadership Program အစီအစဉ် တစ်ခုကို ဇန်နဝါရီ...
နယ်စပ်ကျန်းမာရေးလုပ်သား ၃၉ဦး ကျန်းမာရေးအသိအမှတ်ပြုအောင်လက်မှတ် ရရှိ
ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကျန်းမာရေးလုပ်သားများအား အသိအမှတ်ပြုမှု ပိုမိုရရှိနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် လူထု ကျန်းမာရေးအောင်လက်မှတ် (Certificate in Public Health)၏ အပတ်စဉ် ၅သင်တန်းကျောင်းကို နယ်စပ်ဒေသရှိ ကျန်းမာ ရေးလုပ်သား ၃၉ဦးက တက်ရောက်အောင်မြင်ခဲ့ပြီး သင်တန်းဆင်းပွဲကို ဇန်နဝါရီ...
ကျေးရွာ ၁၀၀ကျော်အတွက် ဆိုလာများ တပ်ဆင်ပေးမည်ဟု ပြည်နယ်ကျေးလက်ဦးစီးဌာနပြော
ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၇ခုနှစ်။ ကဆောဝါး
ပြည်နယ်အစိုးရ၏ ၂၀၁၆-၂၀၁၇ဘတ်ဂျက်နှစ် ကျေးလက်မီးလင်းရေး အစီအစဉ်အရ ကမ္ဘာ့ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်နေ သော ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းကို ဇန်နဝါရီလကုန်ပိုင်းမှစတင်ကာ ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ လှိုင်းဘွဲနှင့် သံတောင်မြို့နယ်များရှိ ကျေးရွာပေါင်း ၁၄၃ရွာမှ အိမ်ခြေပေါင်း ၁၁,၄၄၂အိမ်အတွက် ဆိုလာများ တပ်ဆင်ပေးသွားမည်ဟု ကျေးလက်ဦးစီးဌာနထံမှ...
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် နိုင်ငံရေးကဏ္ဍ အခြေခံမူကြမ်း (၈)ချက် ဆွေးနွေးချမှတ်ခဲ့
ဇန်နဝါရီ ၁၃ရက်၊ ၂၀၁၇ခုနှစ်။ စောညွှန့်သောင်း
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ တင်သွင်းရန်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ သယံဇာတ စသည့်ကဏ္ဍကြီး လေးခုအနက် အချက် ၈ချက်ပါ နိုင်ငံရေးကဏ္ဍဆိုင်ရာ အခြေခံမူကြမ်းကို ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဇန်နဝါရီ ၁၁ရက်မှ ၁၃ရက်နေ့အထိ ကျင်းပသည့်...
မညီမျှသော ညီမျှခြင်း
(သာဝါးဖေါ)
ပြည်တွင်းစစ်ကြောင့် ငြိမ်းချမ်းမှုမရှိခဲ့သည့် နယ်စပ်ဒေသ အသီးသီးနှင့် ဝေးလံသီခေါင်သောဒေသရှိ ကျေးရွာလူထုအများစုမှာ ခက်ခဲကြမ်းတမ်းသော ဘဝကို ဖြတ်သန်းကြရသဖြင့် မိမိတို့၏သားသမီးများ အနာဂတ်ရေးအတွက် စာသင်ကြားပေးရန် မစဉ်း စားနိုင်ကြဘဲ သားသမီးများအား မိသားစု၏ စားဝတ်နေရေးတွင်သာ လုံးပမ်းနေခဲ့ကြသည်။
ယခုကာလအထိ စာသင်ကျောင်းမရှိသေးသော ကျေးရွာလူထုသည် မိမိတို့၏သားသမီးများ ပညာရေးအတွက် ကိုယ်ထူကိုယ်ထ ကျောင်းများကို...















