KIC News
မိုင်းရှင်းလင်းရေးအတွက် မူအားဖြင့် သဘောတူထားသော်လည်း နှစ်ဦးနှစ်ဘက် ပြန်ညှိနှိုင်းရန်လိုအပ်
မေလ ၂၈ ရက်၊ ၂၀၁၇ ခုနှစ်။ စောညွန့်သောင်း
မိုင်းရှင်းလင်းရေးကိစ္စကို မူအားဖြင့် ဆုံးဖြတ်ချက်ကျထားပြီးဖြစ်သောကြောင့် အမြန်ဆုံးအကောင်အထည်ဖော်လာရန် ဒေ သခံပြည်သူများက ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S)ထံ တိုက်တွန်းစေလိုသည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောကြားလိုက်သည်။
ဒေါက်တာ...
UNFC နှင့် ညှိနှိုင်းနေခြင်းသည် NCA ပြင်ရန်မဟုတ်၊ NCA မှာ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ကတိကဝတ်များ ၉ ချက်ကိုသာ...
မေ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ စောညွန့်သောင်း
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ပြင်မရသည့်အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင်များ လက်မှတ်ရေးထိုးရေးအတွက် ကတိကဝတ်များရရှိရန် အချက် ၉ ချက် ကို ညှိနှိုင်းနေခြင်းဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အဖွဲ့ဝင် ဦးဇော်ဌေးက...
မင်းလွင်တောင် ဘိလပ်မြေစက်ရုံစီမံကိန်း လုံးဝ မလုပ်ရန် ဒေသခံ ၉၀ဝ ကျော် ကေအဲန်ယူထံ လက်မှတ်ထိုး အသနားခံစာ ပေးပို့
မေ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ စောခါးစူးညား
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ မင်းလွင် (မောင် လေး)တောင်၌ ဘိလပ်မြေစက်ရုံတည်ဆောက်ပြီး ကျောက်ထုတ်လုပ်ရေးစီမံကိန်း လုံးဝ မလုပ်ရန် ဒေသခံ ၉၀ဝ ကျော် အသနားခံစာတစ်စောင်ကို မင်းလွင်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီမှ...
OKRSOအဖွဲ့မှ ကရင်လူငယ်များကို လူမှုထူးချွန်ဆုပေးအပ်သွားရန် စီစဉ်
မေ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး
ယခုနှစ်တွင် ကျရောက်သည့် ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့-OKRSO ဖွဲ့စည်းခြင်း ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ်ပွဲတွင် ကရင်အမျိုးသားရေးအပေါ် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လူမှုရေး အသိစိတ်ဓာတ် အပြည့်ရှိသည့် လူငယ်များကို လူမှုထူးချွန်ဆုပေးအပ်သွားရန် စီစဉ်လျှက်ရှိ သည်ဟု...
ယုံကြည်မှုရှိစေရန် နိုင်ငံတော်မှာ မည်သည့်အခါမှ ခွဲမထွက်ရဆိုသည့်အချက်ကို ပယ်ဖျက်ရမည်
မေလ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ စောညွန့်သောင်း
နိုင်ငံရေးကဏ္ဍတွင် ဆွေးနွေးခဲ့သည့် နိုင်ငံတော်မှ ဘယ်သောအခါမှ ခွဲမထွက်ရဆိုသည့်အချက်ကို ထည့်သွင်း ဆွေးနွေးနေခြင်းသည် ယုံကြည်မှုပျက်ပြားစေသည့်အတွက် ပယ်ဖျက်ရမည်ဟု ၂၁ရာစု ပင်လုံ ဒုတိယအစည်း အဝေးသို့ တက်ရောက်သည့် ကိုယ်စားလှယ်များက ပြောကြားလိုက်သည်။
နိုင်ငံရေးကဏ္ဍဆိုင်ရာဆွေးနွေးချက်တွင် ပါရှိသည့် “နိုင်ငံတော်နယ်မြေအပိုင်းအခြားဟူသမျှသည် နုို်င်ငံတော်မှ...
အပြောင်းအလဲကာလတွင် ပညာရေးဆိုင်ရာ စိန်ခေါ်မှုများရှိနေဟု KTWG ဆို
မေ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး
နိုင်ငံရေးအရပြောင်းလဲလာသည့် ကာလအတောအတွင်း ကေအဲန်ယူ-ကရင်အမျိုးအသားအစည်းအရုံး၏ နယ်မြေ ကရင် ပညာရေးဌာန-KED လက်အောက်ရှိ စာသင်ကျောင်းများတွင် အစိုးရပညာရေးဝန်ထမ်းများ ဝင်ရောက်လာမှု များရှိနေခြင်း ကြောင့် ပညာရေးဆိုင်ရာ စိန်ခေါ်မှုများရှိနေသည်ဟု ကရင်ကျောင်းဆရာများသမဂ္ဂအဖွဲ့-KTWG ဆိုသည်။
မေလ ၂၅ ရက်နေ့က မဲသရောခီးဒေသတွင်...
လူငယ့်အသံ၊ လူငယ့်အမြင်
“ကလေးတွေ လူတော်လူကောင်းတွေဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့ ဇာတိမြေမှာ Pre-School ဖွင့်လှစ်သွားဖို့ ရည်မှန်းထားတယ်”
-------
ကလေးတွေကို လူတော်လူကောင်းတွေဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့အတွက် ဇာတိမြေ ကရင်ပြည်နယ်မှာ Pre-School ပြန်လာဖွင့်ဖို့ ရည်မှန်းထားတယ်လို့ ဖွင့်ဟလာသူကတော့ Shichida (ရှီချီဒါ ပညာရေးစနစ် ညာဘက် ဦး နှောက်ဖွံ့ဖြိုးရေးကျောင်း) ရဲ့ ဆရာ(Instructor)...
ကော့ကရိတ်မြို့နယ်အတွင်း အစိုးရစစ်တပ် လှုပ်ရှားမှုရှိလာဟု နယ်ခံ ကေအဲန်ယူပြော
မေ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ အောင်ဖကျေးရွာအုပ်စုအတွင်းတွင် မေလဆန်းပိုင်းမှစ၍ ယခုအချိန်ထိ မြန်မာအစိုးရတပ်ဖွဲ့များ လှုပ်ရှားမှုရှိလာသည်ဟု နယ်မြေခံ ကေအဲန်ယူ လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။
ထိုသို့ လှုပ်ရှားနေသည့် အစိုးရတပ်ဖွဲ့ဝင်များမှာ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ-၁၂)လက်အောက်ခံ...
၂၁ရာစုပင်လုံ စင်မြင့်ပေါ်က တရားပြသူနဲ့ ဓားပြနေသူများအကြောင်း
(မောင်ကျော်စွာ)
(၂၀၁၇ခုနှစ်၊ မေလ ၂၅ရက်)
မေလ ၂၄ရက်နေ့က ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး စတင်ကျင်းပခဲ့ပါတယ်။ မေလ ၂၄ရက်မှ မေလ ၂၈ရက်နေ့ အထိ (၅)ရက်တိုင်တိုင် ကျင်းပမယ်လို့ ဆိုပါတယ်။ ဖွင့်ပွဲနေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ...
နိုင်ငံရေးအရ ခိုင်မာမှု ရှိမှသာ တပ်စခန်းများ ပြန်လည်ရုပ်သိမ်းလိမ့်မည်
မေလ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ စောညွန့်သောင်း
တိုင်းရင်းသားများတောင်းဆိုနေသည့် အစိုးရစစ်တပ်မှ တပ်စခန်းများ ရုပ်သိမ်းပေးရေးသည် နိုင်ငံရေးအရ ခိုင်မာမှုရှိမှသာ ဖြစ်လာလိမ့်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းညီလာခံ ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးသို့ တက်ရောက်လာသည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ဦးဆောင်ပါဝင်နေသူများက ပြောကြားလိုက်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာ နယ်မြေတွင်ပါဝင်သည့် ကရင်ပြည်နယ်...














