Home သတင်း ဖားအံ တက္ကသိုလ် ‌ဘောလုံးအသင်း နှစ်သင်းစလုံး ချန်ပီယံဆု ဆွတ်ခူး

ဖားအံ တက္ကသိုလ် ‌ဘောလုံးအသင်း နှစ်သင်းစလုံး ချန်ပီယံဆု ဆွတ်ခူး

3454

မတ်လ ၅ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

တက္ကသိုလ်များ‌ဘောလုံးပြိုင်ပွဲ(‌မော်လမြိုင်ဇုံ)၊ ‌မော်လမြိုင်တက္ကသိုလ်အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ဖား အံတက္ကသိုလ် အမျိုးသားနှင့် အမျိုးသမီး‌ဘောလုံး အသင်း နှစ်သင်းစလုံးသည် ယခုနှစ် ၂၀၁၈ ခုနှစ်အတွက် ပြည်နယ်ကိုယ်စားပြု ပထမတံခွန်စိုက်ဒိုင်းဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

ဖားအံတက္ကသိုလ် အမျိုးသားနှင့် အမျိုးသမီး‌ဘောလုံးအသင်းတို့သည် ‌မော်လမြိုင် အမျိုးသားနှင့် အမျိုးသမီး ‌ဘောလုံးအသင်းတို့အား ဗိုလ်လုပွဲတွင် အနိုင်ရဗိုလ်စွဲသွားခဲ့ခြင်းဖြစ်သည်ဟု ဖားအံတက္ကသိုလ် အားကစား ဌာနမှူး ‌ဒေါ်ချိုချိုက မတ်လ ၅ ရက်(ယ‌နေ့)တွင် ‌ပြောသည်။

̏ မတ်လ ၃ ရက်‌နေ့ မနက်မှာ ဖားအံမိန်းက‌လေးက ‌မော်လမြိုင် နဲ့ ၁ ဂိုး၊ ဂိုးမရှိနဲ့နိုင်တယ်။ ‌ယောက်ျား‌လေးက ၃ ရက်‌နေ့ည‌နေမှာ ‌မော်လမြိုင်အသင်းနဲ့ ၁ ဂိုးစီ သ‌ရေကျပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ ၃ ဂိုး၊ ဂိုးမရှိနဲ့ ပထမ တံခွန်စိုက်ဆု‌တွေကို ရရှိခဲ့တာဖြစ်တယ်↔ဟု ‌ကေအိုင်စီသို့‌ပြောသည်။

မြန်မာနိုင်ငံ ပညာ‌ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပပြီး ‌ဖေ‌ဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၃ ရက်‌နေ့အထိ ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားပြိုင်ပွဲတွင် ဖားအံ၊ ‌မော်လမြိုင်၊ မြိတ်၊ ထားဝယ် ကိုယ်စားပြု တက္ကသိုလ်များ ပါဝင် သလို အမျိုးသမီးပြိုင်ပွဲတွင် ဖားအံ၊ ‌မော်လမြိုင်၊ မြိတ် ဟူ၍ ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ဖားအံတက္ကသိုလ်အ‌နေဖြင့် တံခွန်စိုက်ဒိုင်းဆုအပြင် အမျိုးသားတွင် အ‌ကောင်းဆုံး ‌ရှေ့တန်းနှင့် ဂိုးသမား ဆုအပါအဝင် အမျိုးသမီးတွင် အ‌ကောင်းဆုံးအလယ်တန်းနှင့် ‌ရှေ့တန်းဆုများကိုပါ အသီးသီးဆွတ်ခူးရရှိခဲ့‌ကြောင်း တက္ကသိုလ်အားကစားတာဝန်ရှိသူများက ‌ပြောသည်။
‌မော်လမြိုင်ဇုံ‌ဘောလုံး ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဒိုင်းဆု ရယူ‌ပေးခဲ့သည့် ကရင်ပြည်နယ် ကိုယ်စားပြု ဖားအံတက္ကသိုလ် အမျိုးသားနှင့် အမျိုးသမီး‌ဘောလုံးအသင်းတို့ကို မတ်လ ၅ ရက်‌နေ့(ယ‌နေ့)တွင် ဂုဏ်ပြု အခမ်းအနားတစ်ရပ်ပြုလုပ်‌ပေးခဲ့သည်ဟုလည်း သိရသည်။

အမျိုးသမီးအသင်းအတွက် ၂ နှစ်ဆက်တိုက် ကစား‌နေ‌သော အဂင်္လိပ်စာ‌နောက်ဆုံးနှစ်‌ကျောင်းသူ နန်းနှင်းရှား ခန့်က ̏ မနှစ်တုန်းက ဒုတိယပဲ ရခဲ့‌တော့ ဆရာ‌တွေအတွက် စိတ်မ‌ကောင်းဖြစ်မိတယ်။ ဒီနှစ်ကျ‌တော့ ဆရာ‌တွေ ဝမ်းသာ‌အောင် ‌ကျောင်းအတွက်လည်း ဂုဏ်ယူစရာဖြစ်‌အောင် (ပထမ)ယူလာခဲ့တာ အရမ်းဝမ်းသာ‌ပျော်ရွှင် မိပါတယ်”ဟု ‌ပြောသည်။

၂၀၀၈ ခုနှစ်မှ စတင်ပြိုင်ပွဲဝင်ခဲ့‌သော ဖားအံတက္ကသိုလ် အမျိုးသားနှင့် အမျိုးသမီး‌ဘောလုံးအသင်းတို့သည် ယ‌နေ့အထိ ‌မော်လမြိုင်ဇုံ ‌ဘောလုံးပြိုင်ပွဲတွင် အ‌အောင်မြင်ဆုံးအသင်းဖြစ်‌ကြောင်း သုံးသပ်‌ပြောဆိုမှုများရှိခဲ့ သည့်အပြင် ပြီးခဲ့သည့် ၂၀၁ဝ ခုနှစ်တွင် ယခုလို အမျိုးသား‌ရော အမျိုးသမီးပါ ပထမဆုတံခွန်စိုက်ဒိုင်းကို တစ်ပြိုင်နက် ရရှိခဲ့ဖူးသည့် အစဉ်အလာ ရှိခဲ့‌ကြောင်းလည်း သိရသည်။