KIC News
လူငယ့်အသံ၊ လူငယ့်အမြင်
“ဆေးရုံမသွားနိုင်တဲ့သူတွေအတွက် ကြင်နာသနားစိတ်ဖြစ်ပေါ်ပြီး လူမှုကယ်ဆယ်ရေးအသင်းကို တည်ထောင်ခဲ့တာပါ”
ငွေကြေးအခက်အခဲရှိလို့ ဆေးရုံမသွားနိုင်ဘဲ အသက်ဆုံးရှုံးခဲ့ရသူတွေကို ကြင်နာသနားစိတ် ဖြစ်ပေါ်ပြီး အသက်တစ်ချောင်းအ တွက် တစ်ထောင့်တစ်နေရာကနေ ကူညီပေးဖို့ ၆တန်းကျောင်းသားဘဝက အိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်ခဲ့ တယ်လို့ ထုတ်ဖော်ပြောလာသူကတော့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ တံခွန်တိုင်ရွာမှ ဂရုဏာရှင် လူမှုကယ်ဆယ်ရေးအသင်းကို...
KYO ကော့မူးရာလူငယ် ရွေးကောက်ပွဲ ကျင်းပပြီးစီး
စက်တင်ဘာ ၁၈ရက်၊ ၂၀၁၇ခုနှစ်။ စောရှား
ကော့မူးရာအထူးဒေသ၏ ကရင်လူငယ်အစည်းအရုံး (KYO-Karen Youth Organization) ရွေးကောက်ပွဲကို ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး၊ နဘူးမြို့နယ် (ကော့ကရိတ်မြောက်ဘက်ခြမ်းနှင့် မြဝတီမြောက်ဘက်ခြမ်း)၊ စက်တင်ဘာလ ၁၇ရက်နေ့ တွင် မြဝတီမြို့၊ ချောင်းဆုံဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။
ရွေးကောက်ပွဲတွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအဖြစ် ဥက္ကဌ စောနေဦး၊...
မွန်ပြည်နယ်အစိုးရက တက္ကသိုလ်စာ/ယဉ်များကို ကရင်ဝတ်စုံနှင့် တူရိယာပစ္စည်းများ ပေးအပ်
စက်တင်ဘာ ၁၈ရက်၊ ၂၀၁၇ခုနှစ်။ စောမြတ်ဦးသာ
မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်များ၊ စက်မှုလက်မှုနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ များအတွက် ကရင်ဝတ်စုံနှင့် တူရိယာပစ္စည်းများကို မွန်ပြည်နယ်အစိုးရက ပေးအပ်ခဲ့သည်ဟု ပြည်နယ်၏ ကရင်လူမျိုးတိုင်းရင်း သားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ကေအိုင်စီသို့ ပြောသည်။
ဝန်ကြီးစောအောင်မြင့်ခိုင်က “တက္ကသိုလ် ကရင်စာယဉ် ကျောင်းသား၊...
ပြည်နယ်ဂုဏ်ဆောင် ရိုးရာလက်ဝှေ့မယ် နန်းမူးအဲသိုဝ်
စဖန်းရှောင်း
(စက်တင်ဘာ ၁၆၊ ၂၀၁၇)
“လက်ဝှေ့ပွဲဆိုရင် အမြဲလိုက်ကြည့်ဖြစ်တယ်။
သူများစင်ပေါ်မှာ လက်ဝှေ့ထိုးနေတာမြင်ရရင်
သမီးလက်တွေ ခြေတွေ လှုပ်လာတယ်။ ထိုးချင်တယ်”
မြန်မာနိုင်ငံမှာရှိတဲ့ ရိုးရာအားကစားနည်းတွေထဲကမှ အကြမ်းတမ်းဆုံးကစားနည်းတစ်ခုလို့ ပြောနိုင်တဲ့ ရိုးရာ လက်ဝှေ့အားက စားမှာ ယောက်ျားသားများသာ အများစုလွှမ်းမိုးပြီး သူတို့ရဲ့ ပညာရပ်အပေါ်လေးစားလိုက်နာမှု ၊ ဇွဲ၊ သတ္တိရှိမှုတွေကြောင့် လူမျိုး...
ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြုပ်နှံမှု လိုအပ်ကြောင်း ပါမောက္ခဒေါက်တာအောင်ထွန်းသက်ပြောဆို
စက်တင်ဘာ ၁၄ရက်၊ ၂၀၁၇ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်သည် အခြားတိုင်းနှင့် ပြည်နယ်များနည်းတူ ရင်းနှီးမြုပ်နှံမှု အကောင်းဆုံးဒေသတစ်ခုဖြစ်သည်ဟု ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ စက်တင်ဘာလ ၁၄ရက်နေ့က ပြုလုပ်သည့် ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ(Business for Peace) ဆွေးနွေးဟောပြောပွဲတွင် UNGCL Local Network Myanmar ဥက္ကဌ ပါမောက္ခ...
မြန်မာနှင့် နိုင်ငံတကာဒုက္ခသည်အရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပခဲ့
စက်တင်ဘာ ၁၆ရက်၊ ၂၀၁၇ခုနှစ်။ စောရှား
ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် ချင်းမိုင်တက္ကသိုလ်တို့ ကမကထပြုပြီး “Syria to Myanmar: Who are Refugees? (ဆီးရီးယားမှ မြန်မာသို့၊ ဒုက္ခသည်တွေက ဘယ်သူလဲ)” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်၌ စက်တင်ဘာလ ၁၃ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်ဟု...
ပစ်ခတ်မှုကြောင့် ဒေသခံ ၃ဝဝခန့် တိမ်းရှောင်ထွက်ပြေးနေရပြီး သုံးဦးဖမ်းဆီးခံခဲ့ရဟု သျှမ်း(ရှမ်း)လူ့အခွင့်အရေးမဏ္ဍိုင် သတင်းထုတ်ပြန်
စက်တင်ဘာ ၁၅ရက်၊ ၂၀၁၇ခုနှစ်။ ကေအိုင်စီ
သျှမ်း(ရှမ်း)ပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့အနီးဝန်းကျင်တွင် မြန်မာ့တပ်မတော်၏ ပစ်ခတ်မှုများကြောင့် ကျေးရွာအချို့မှ ဒေသခံ ၃၀ဝခန့်မှာ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ဒေသခံရွာသား ၃ဦးမှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်ဟု သျှမ်း(ရှမ်း)လူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က ယမန်နေ့(စက်တင်ဘာ ၁၄ရက်စွဲ)ဖြင့် သတင်းထုတ်ပြန်ကြေညာလိုက်သည်။
စက်တင်ဘာလ ၁ဝရက်နေ့က မိုင်းရယ်မြို့အနောက်တောင်ဖက်၊ ပါကန်းကျေးရွာအုပ်စု၊ လွိုင်ယွဲကျေးရွာတွင် မိုင်းရယ်အခြေ...
၂၁ရာစုရဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့သမိုင်းစာမျက်နှာအား ဖွင့်လှစ်ခြင်း
စောခါးစူးညား
(စက်တင်ဘာ ၁၅၊ ၂၀၁၇)
ယခုနှစ် ၂၀၁၇ခုနှစ်၊ မိုးရာသီနှောင်းပိုင်း စက်တင်ဘာ ၉ရက်နေ့၏ အရှေ့ဘက်အရပ် အရုဏ်ဦးရောင်နီ ဖြာထွက်မလာမီ နံနက် ၄နာရီကျော်ကျော်တွင် အိပ်ရာမှနိုးလာ၍ အိမ်ပြင်ဘက်ရှိ မိုးသံ၊ လေသံများကို စူးစိုက်နားထောင်မိခဲ့သည်။ ပို၍ သေချာစေရန် အိမ်ပြင်ဘက်ကိုထွက်ပြီး မိုးကောင်းကင်ကို မော့ကြည့်မိသည်။ ကြယ်တာရာများ မြင်နေရ၍...
အမေရိကန်ပြည်ထောင်စု၊ စိန့်ပေါလ်မြို့၌ ကရင်စာပေသင်တန်းဆင်းပွဲ ပြုလုပ်ပြီးစီး
စက်တင်ဘာ ၁၄ရက်၊ ၂၀၁၇ခုနှစ်။ စောရှား
အမေရိကန်ပြည်ထောင်စု၊ မီနီဆိုးတားပြည်နယ်၊ စိန့်ပေါလ်မြို့၊ ဖူ့တာမိုက်ခုံးတာဘုန်းကြီးကျောင်း၌ ဒုတိယအကြိမ်မြောက် ကရင်စာပေသင်တန်းဆင်းပွဲကို ပြီးခဲ့သည့် စက်တင်ဘာလ ၉ရက်နေ့က ပြုလုပ်ပြီးစီးခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။
တိုင်းတစ်ပါးကို ရောက်ရှိနေသော်လည်း မိမိတို့စာပေ၊ ဘာသာစကားကို ထိန်းသိမ်းပြောဆိုရေးသားနိုင်ရန် ရည်ရွယ်၍ လူကြီး၊ လူငယ်နှင့် ကလေးများ...
ဘန်းချောင်းကျောက်မီးသွေးစီမံကိန်း တိုင်ကြားချက်ကို ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကနဦး ကြားနာစစ်ဆေး
စက်တင်ဘာ ၁၄ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
ထိုင်းနိုင်ငံပိုင်ကုမ္ပဏီသုံးခု ပါဝင်လုပ်ကိုင်နေသည့် တနသင်္ာရီတိုင်းဒေသအတွင်းရှိ ဘန်းချောင်းကျောက်မီးသွေး စီမံကိန်းကြောင့် ဒေသခံများ၏ ထိခိုက်ခံစားနေရမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြားထားမှုအပေါ် စက်တင်ဘာလ ၁၁ရက်နေ့တွင် ကနဦး ကြားနာစစ်ဆေးမှုများပြုလုပ်နေပြီးဟု စီမံကိန်းကို စောင့်ကြည့်လေ့လာနေသည့် လူမှုအ ဖွဲ့အစည်းများမှ ထုတ်ပြန်ကြေညာလိုက်သည်။
ကျောက်မီးသွေးစီမံကိန်းတွင် ပါဝင်လုပ်ကိုင်နေသည့်...














