Home သတင်း ‌ကော့ကရိတ်မြို့နယ်လုံးဆိုင်ရာ စု‌ပေါင်းလက်ချည်ပွဲ နှစ် ၂ဝ အတွင်း ပထမဆုံး ပြန်လည်ကျင်းပမည်

‌ကော့ကရိတ်မြို့နယ်လုံးဆိုင်ရာ စု‌ပေါင်းလက်ချည်ပွဲ နှစ် ၂ဝ အတွင်း ပထမဆုံး ပြန်လည်ကျင်းပမည်

2322

ဩဂုတ် ၇ ရက်၊ ၂၀၁၈ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်လူမျိုးတို့၏ ရိုးရာအစဉ်အလာတစ်ခုဖြစ်သည့် ဝါ‌ခေါင်လ ချည်ဖြူဖွဲ့မဂင်္လာပွဲကို ‌ကော့ကရိတ်မြို့နယ်လုံး ကျွတ် စု‌ပေါင်းပြီး နှစ် ၂ဝ ‌ကျော်ကြာ မကျင်းပနိုင်ခဲ့ရာမှ လာမည့် စက်တင်ဘာလ ၂ ရက်‌နေ့တွင် ‌ကော့ ကရိတ်မြို့ ၌ ခမ်းနားစွာပြန်လည်ကျင်းပပြုလုပ်မည်ဟု ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီ ဥက္ကဌ မန်း‌အောင်ကြိုင် က ‌ပြောသည်။

“တစ်မြို့နယ်လုံး စု‌ပေါင်းမလုပ်တာကြာပြီး မြို့မှာ ကျင်းပတာက‌တော့ ရပ်ကွက်အလိုက် စု‌ပေါင်းပြီး လက်ချည်ပွဲ ကျင်းပတာပဲရှိတယ်။ စု‌ပေါင်းမလုပ်ဖြစ်တာကြာပြီ။ ကျ‌နော်တို့ အခုလိုပြန်လည်ကျင်းပမှာကလည်း တို့မြို့အ တိုင်းအတာနဲ့ တို့ကရင်လူမျိုး‌တွေ နိုးနိုးကြားကြား ရှိလာ‌အောင် စုစည်းတဲ့အ‌နေနဲ့ ပထမဦးဆုံးအကြိမ် ပြန်လည် ကျင်းပမှာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ လက်ချည်ပွဲကို ကရင်လူထုနှင့် မြို့နယ်စာယဉ်အဖွဲ့များ ပူး‌ပေါင်းကျင်းပမည်ဖြစ်ပြီး ‌ကော့ကရိတ်မြို့ နယ်အတွင်းရှိ ‌ကျေးရွာအလိုက် ကရင်လူထုများအပြင် ကရင်ပြည်နယ်အတွင်းရှိ ငြိမ်းချမ်း‌ရေးယူထားသည့် ကရင်တိုင်းရင်း သားလက်နက်ကိုင် ကိုယ်စားလှယ်များလည်း ပါဝင်တက်‌ရောက်မည်ဖြစ်‌ကြောင်း သိရသည်။

ထို့အပြင် အခမ်းအနားကို ‌ကော့ကရိတ်မြို့ ‌ဒေါနခန်းမ၌ ကျင်ပရန်စီစဉ်ထားပြီး ယင်း‌နေရာတွင် ကျင်းပ ခွင့်ရ‌ရေး သက်ဆိုင်ရာမြို့နယ် အာဏာပိုင်များထံ ခွင့်ပြုချက်‌တောင်းခံသွားမည်ဖြစ်‌ကြောင်းလည်း လက်ချည်ပွဲ ဖြစ် ‌မြောက်‌ရေး‌ကော်မတီထံမှ သိရသည်။

လိပ်ပြာ‌ခေါ် ကရင်ရိုးရာ ကရင်ချည်ဖြူဖွဲ့မဂင်္လာပွဲကို နှစ်စဉ်ဝါ‌ခေါင်လ တစ်လလုံး ကရင်လူမျိုးများရှိရာ ‌နေရာ ‌ဒေသအသီးသီးတွင် လက်ချည်ပွဲ ကျင်းပ‌လေ့ရှိကြပြီး အများနှင့်စု‌ပေါင်း၍ ပြုလုပ်သည့် လက်ချည်ပွဲများရှိ သလို အချို့မှာ မိသားစုအလိုက်‌နေအိမ်၌သာ ပြုလုပ်သည့် အ‌လေ့အထများမှာလည်း ယ‌နေ့ထိရှိ‌နေဆဲပင်ဖြစ်သည်။