Home သတင်း ‌ရေကြီးဒဏ်ခံရသည့် စာသင်‌ကျောင်းတဝက်‌ကျော် ပြန်ဖွင့်နိုင်ပြီ

‌ရေကြီးဒဏ်ခံရသည့် စာသင်‌ကျောင်းတဝက်‌ကျော် ပြန်ဖွင့်နိုင်ပြီ

3223

ဩဂုတ် ၆ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်တွင် ‌ရေကြီးမှု‌ကြောင့် အ‌ခြေခံပညာ‌ကျောင်းများစွာပိတ်ထားခဲ့ရာမှ ယခုအချိန်တွင် ‌ကျောင်း ‌ပေါင်း ၂၅၁ ‌ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဟု ပြည်နယ်ပညာ‌ရေးမှူးရုံးမှ ဦး‌စောမျိုးထက်က ယ‌နေ့(ဩဂုတ် ၆ ရက်) ‌ကေအိုင်စီသို့‌ပြောသည်။

၎င်းက “က‌လေး‌တွေ သွားလာရ အဆင်‌ပြေလာလို့ ‌ကျောင်း‌တွေပြန်ဖွင့်‌နေကြပါပြီ။ ပြန်မဖွင့်နိုင်‌သေးတဲ့ ‌ကျောင်း ‌တွေက ‌ကျောင်းက ‌ပေါ်ပြီ။ ‌ရေ‌တွေရှိ‌နေ‌သေးလို့ က‌လေး‌တွေကို မ‌ပေးသွား‌သေးဘူး‌ပေါ့။ က‌လေး‌တွေ သွား ‌ရေးလာ‌ရေး အခက်အခဲ‌တွေရှိ‌နေ‌သေးတယ်”ဟု‌ပြောသည်။

ကရင်ပြည်နယ်အတွင်း လှိုင်းဘွဲ၊ ဖားအံ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်နှင့် မြဝတီစသည့်မြို့နယ်များ အတွင်းရှိ အ‌ခြေခံပညာ‌ကျောင်းများမှာ ‌ရေကြီးမှု‌ကြောင့် တစ်ပတ်‌ကျော်ကြာပိတ်ထားခဲ့ရပြီး ယခုရက်ပိုင်းမှသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လမှ စတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှု‌ကြောင့် ကရင်ပြည်နယ်အတွင်း အ‌ခြေခံပညာ‌ကျောင်း‌ပေါင်း ၄၆၄ ‌ကျောင်း ပိတ်ထားခဲ့ရပြီး လက်ရှိတွင် ၂၁၃ ‌ကျောင်းဖွင့်ရန် ကျန်ရှိ‌နေ‌သေး‌ကြောင်း ပြည်နယ် ပညာ‌ရေးမှူးရုံးထံ ယ‌နေ့‌ရောက်ရှိလာ‌သော စာရင်းအရ သိရသည်။