Home Authors Posts by KIC News

KIC News

22002 POSTS 0 COMMENTS

၂၀၁၉ တွင် ကရင်အထက်တန်းဖတ်စာသင်တန်း ဖွင့်လှစ်သွားမည်

‌မေ ၂၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား ယခုနှစ်တွင် ကရင်အထက်တန်းဖတ်စာ မိတ်ဆက်သင်တန်းကို မဖွင့်လှစ်နိုင်‌သေး‌သော်လည်း ‌နောင်နှစ် ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်သင်ကြားသွားမည်ဟု သင်တန်းဖြစ်‌မြောက်‌ရေးတာဝန်ရှိသူများက ‌မေ ၂၁ ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၊ ထွိ‌မောင်ထိုရွာတွင် ဖွင့်လှစ်‌နေသည့် ၈...

နယ်စပ်ကျန်းမာ‌ရေးအဖွဲ့နှင့် ပညာရှင်များပါဝင်သည့် ကျန်းမာ‌ရေးနှီး‌နှောဖလှယ်ပွဲပြုလုပ်

‌မေလ ၂၁ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး ထိုင်-မြန်မာနယ်စပ် အ‌ခြေစိုက် ကျန်းမာ‌ရေးအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် ပြည်ပ‌ရောက်ကျန်းမာ‌ရေးပညာ ရှင်များနှင့် တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်း‌ခေါင်း‌ဆောင်များပါဝင်သည့် ကျန်းမာ‌ရေး နှီး‌နှောဖလှယ်ပွဲ တစ်ခုကို ထိုင်း-မြန်မာနယ်စပ် တစ်‌နေရာ၌ ‌မေလ ၂၁ရက်(ယ‌နေ့)မှ ၂၂ရက်‌နေ့အထိ ပြုလုပ်လျက်ရှိသည်။ အလုံးစုံလွှမ်းခြုံနိုင်သည့် ကျန်းမာ‌ရေးစနစ်နှင့် ဗဟိုချုပ်ကိုင်မှု‌လျှော့ချသည့် ကျန်းမာ‌ရေးစနစ်...

မင်းမရှိလို့မဖြစ်ဘူးမြစ်သံလွင်

(လကင်္ာဒီပ) ‌မေလ ၂၁ ရက်၊ ၂၀၁၈ခုနှစ်။ မင်းမရှိလို့မဖြစ်ဘူးမြစ်သံလွင် မင်းရင်ခွင်ကြားမှာခိုနား တို့ ကျက်စားရှင်သန်လာခဲ့တာ ဗမာ‌တွေ ဒီ‌မြေ‌ခြေမချ ဟိုး...အနှစ်(၂၀၀)‌ကျော်ကတည်းက ဓါးမဦးချ ခုတ်ထွင်ရှင်းလင်း မင်းနဲ့ ရင်းနှီးချစ်ကြိုးသွယ်ခဲ့ မင်းရဲ့ ‌ရေကို‌သောက်ပြီးမှီတွယ်ရပ်တည်ခဲ့တာ ဒီဌာ‌နေ ဒီ‌မြေဒီ‌ရေဒီ‌လေကို‌လေ တို့‌တွေ အသက်နဲ့ရင်း ကာကွယ်သွားရယ်မဟုတ်လား။ မင်းမရှိလို့မဖြစ်ဘူးမြစ်သံလွင် တို့ရင်ခွင်ကို ဖြတ်စီး ‌သွေး‌ကြောကြီး အားအင်ကြီးတခုလို ဌာ‌နေကို စိမ်းစိုလန်းဆန်း‌စေတာ သင်းပျံ့ကာ ရနံ့လှိုင်လှိုင် ပန်း‌တွေပွင့်‌စေခဲ့ လှခဲ့ကြ‌ပေါ့ နဒီမဂင်္လာ တရားများ ခမ်းနားတင့်တယ် လကင်္ာဖွဲ့တည် ဤမည်‌သော ‌ကျေးဇူးကြီးမား‌သော ရှု‌မောဖွယ်မြစ်ကြီးတစင်းကို‌လေ တို့‌တွေ ‌စောင့်‌ရှောက် ထိန်းသိမ်းကာကွယ်‌ပေးရမယ်‌လေ။ မင်းမရှိလို့မဖြစ်ဘူးမြစ်သံလွင် အကြင်သူ...

ထီမံထိုနှင့် ဖာထလယ်ရွာချင်းဆက် ဝင်း‌ရော်‌ချောင်းကူး တံတား တည်‌ဆောက်မည်

‌မေလ ၂ဝ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထီမံထိုရွာနှင့် ဖာထလယ်ရွာချင်းဆက် ဝင်း‌ရော်‌ချောင်း ကူးတံတားကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်‌ထောင်စုရံပုံ‌ငွေဖြင့် အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက် သွားမည်ဟု ‌မေ ၁၇ ရက်‌နေ့ တွင် ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်‌တော် အဋ္ဌမပုံမှန်အစည်း...

ငြိမ်းချမ်း‌ရေးဖြစ်စဉ် ရပ်တန့်‌နေခြင်းကို မလိုလားဟု KNU/KNLA(PC) ‌ပြော

‌မေ ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား ငြိမ်းချမ်း‌ရေးဖြစ်စဉ် ရပ်တန့်‌နေခြင်းကို မလိုလားဘဲ ငြိမ်းချမ်း‌ရေးရရှိရန်အတွက် ‌ရှေ့ဆက်လုပ်‌ဆောင်သွားမည်ဟု ကရင်ငြိမ်း ချမ်း‌ရေး‌ကောင်စီ(KNU/ KNLA-PC) က ‌ပြောဆိုလိုက်သည်။ ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုး၌ ‌မေ ၁၈ ရက်တွင် ပြုလုပ်သည့် KNU/KNLA(PC)၏ စည်းကမ်းထိန်းသိမ်း‌ရေး‌ကော်မတီနှင့် တပ်ဗိုလ်တပ်မှူးများ အစည်းအ‌ဝေးတွင်...

ပန်းတ‌နော်မြို့နယ်တွင် ပထမအကြိမ် ကရင်စာသင်ကြား‌ရေး ဆရာဖြစ်ရက်တိုသင်တန်းဆင်းပွဲကျင်းပ

‌မေလ ၁၈ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်လူမျိုးအများဆုံး‌နေထိုင်ရာ မြို့နယ်တစ်ခုဖြစ်သည့် ပန်းတ‌နော်မြို့နယ်တွင် ကရင်စာ‌ပေသင်ကြား‌သော ဆရာ/ဆရာမများ အရည်အ‌သွေး ပြည့်ဝရန် ရည်ရွယ်ဖွင့်လှစ်‌ပေးသည့် ပထမအကြိမ် ကရင် စာသင်ကြား‌ရေးဆရာဖြစ်ရက်တို သင်တန်းဆင်းပွဲကို ယ‌နေ့ ‌မေလ ၁၈ရက်‌နေ့တွင် ကျင်းပခဲ့သည်။ အဆိုပါသင်တန်းကို ပန်းတ‌နော်မြို့နယ်အတွင်းရှိ ကရင်‌ကျောင်းသားများရှိသည့် စာသင်‌ကျောင်းများတွင် ကရင်စာ‌ပေသင်ကြားနိုင်ရန်၊...

KED နှင့် KTWGတို့ စု‌ပေါင်း၍ ကရင်‌ကျောင်းဆရာ၊ ဆရာ ၈၅ဦး ထပ်မံ‌မွေးထုတ်‌ပေး

‌မေလ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး ကရင်ပညာ‌ရေးဌာန-KED နှင့် ကရင်‌ကျောင်းဆရာ ပူး‌ပေါင်းလုပ်‌ဆောင်မှုအဖွဲ့ -KTWG တို့ဦး ‌ဆောင်ဖွင့်လှစ် သည့် ကရင်‌ကျောင်းဆရာပညာ‌ရေး‌ကောလိပ်-KTTCမှ ယခုနှစ်အတွက် ကရင်‌ကျောင်းဆရာ၊ ဆရာမ ၈၅ဦးကို ထပ်မံ‌မွေးထုတ်‌ပေးနိုင်ခဲ့သည်ဟု သိရသည်။ KTTC ‌ကောလိပ်‌ကျောင်းကို ကရင်အမျိုးသားအစည်းအရုံး-KNU ဖာပွန်ခရိုင်၊ ဟို‌ကေ‌ဒေသနှင့်...

လယ်မူပ‌လောဖြစ်ရပ်က ‌ပေးတဲ့ လက်‌တွေ့သင်ခန်းစာ

‌မောင်‌ကျော်စွာ (၂၀၁၈ ခုနှစ်၊ ‌မေလ ၁၈ ရက်) ပထမဦးစွာ စကားလုံး “အသုံးအနှုန်း” ကိစ္စ‌လေး‌တွေက‌နေ စတင်ပြီး တင်ပြချင်ပါတယ်။ သူတို့ မလိုလား ခါးသီး‌နေတဲ့အခါ (ဒါက မ‌ပြောင်းမလဲရှိတဲ့ စစ်တပ်ရဲ့မူလသ‌ဘောထားလည်း ဖြစ်တယ်) “KNU ငမြ”လို့ သူတို့ မီဒီယာ‌တွေမှာ သုံးတယ်။ လှည့်စားအယုံသွင်းဖို့...

အစိုးရနှင့်တပ်မ‌တော်၏ လုပ်ရပ်များကို ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ရက် ရှုတ်ချ

‌မေလ ၁၇ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန် မြန်မာနိုင်ငံအတွင်းရှိ ‌ဒေသအသီးသီးမှ စစ်ပွဲများရပ်‌ရေးနှင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်ရာတွင် ပါဝင်သူများအား ဖမ်းဆီးခြင်းနှင့် တရားစွဲဆိုခြင်းများကို ပြုလုပ်လျက်ရှိ‌နေ‌သော‌ကြောင့် အစိုးရနှင့် တပ်မ‌တော်၏ အကြမ်းဖက်ဖိနှိပ်မှု လုပ်ရပ်များကို လုံးဝရှုတ်ချ‌ကြောင်း ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ရက် (KPSN )မှ ယ‌နေ့...

‌ကေအဲန်ယူအဖွဲ့နှင့် ကာချုပ်မင်း‌အောင်လှိုင်တို့‌တွေ့ဆုံ၊ ‌ခေးပူ-လယ်မူပ‌လောလမ်း‌ဖောက်လုပ်မှု ယာယီရပ်ဆိုင်းရန် သ‌ဘောတူ

‌မေလ ၁၇ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး ဦး‌ဆောင်‌သောအဖွဲ့သည် မြန်မာ့တပ်မ‌တော်၏ ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်နှင့် ရန်ကုန်မြို့ရှိ တိုင်းစစ်ဌာနချုပ်‌နေရာတွင် ‌မေလ ၁၇ရက်(ယ‌နေ့)က ‌တွေ့ဆုံခဲ့ကြသည်ဟု ‌ကေအိုင်စီက ‌ကေအဲန်ယူအသိုင်းအဝိုင်းထံမှ သတင်းရရှိသည်။ အဆိုပါ‌တွေ့ဆုံပွဲကို ယ‌နေ့မွန်းလွဲ ၂နာရီခွဲမှ ၅နာရီခွဲအချိန်ထိ သုံးနာရီကြာ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ‌ကေအဲန်ယူဘက်က...
Donate