Home သတင်း ပြည်ခိုင်ဖြိုးပါတီက ပါတီဝင် ၃၀ဝကို အဆိုပြုလွှာ စု‌ပေါင်း‌ပေးအပ်

ပြည်ခိုင်ဖြိုးပါတီက ပါတီဝင် ၃၀ဝကို အဆိုပြုလွှာ စု‌ပေါင်း‌ပေးအပ်

2981

ဒီဇင်ဘာ ၃ဝရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ရွာ‌လေးရွာ ဘုန်းကြီး‌ကျောင်းတွင် ဒီဇင်ဘာလ ၂၉ရက်‌နေ့က ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ(ပြည်ခိုင်ဖြိုး)က ပါတီဝင်သစ် အဆိုပြုလွှာ စု‌ပေါင်း‌ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပါတီ၏ပြည်နယ်တာဝန်ခံ ဦးသူရိန်‌ဇော်က မည်သည့်အစိုးရတက်သည်ဖြစ်‌စေ တိုင်းရင်းသားအားလုံး စည်းလုံး ညီညွှတ်မှုရှိစွာ ယဉ်‌ကျေးမှု ဓ‌လေ့ထုံးတမ်း‌တွေကို ထိန်းသိမ်းနိုင်မည်ဖြစ်ရာ သို့မှသာ ပြည်‌ထောင်စုကြီး တည်မြဲ‌နေမည်ဖြစ် ‌ကြောင်းလည်း လာ‌ရောက်‌တွေ့ဆုံသည့် ပါတီဝင်များနှင့် ပြည်သူလူထုကို ‌ကျေးဇူးတင်စကား ‌ပြောကြားခဲ့သည်။

၎င်းက “ကျ‌နော်တို့အစိုးရတက်‌တော့ စစ်တစ်ပိုင်းအစိုးရ ဒီမိုက‌ရေစီ မဖြစ်ဘူးဆိုပြီး လူထုသက်သာ‌ချောင်ချိ‌အောင် ကုန်‌ဈေးနှုန်း ငြိမ်‌အောင် ပိတ်ဆို့မှုကြားက‌နေ လုပ်‌ပေးခဲ့တယ်။ လွတ်လပ်စွာ ‌ပြောဆိုခွင့်ရှိတယ်။ အ‌ရေးမယူပါဘူး။ ခွင့်လွှတ်ထားတယ်။ လူကို ကြည့်ပါ။ ပါတီကိုလည်း ကြည့်ပါ။ ကိုယ့်ရဲ့နယ်‌မြေ‌ဒေသကို တကယ်အကျိုးပြုနိုင်၊ ‌စောင့်‌ရှောက်‌ပေးနိုင်ပြီး စိတ်ရင်း‌စေတ နာ‌ကောင်းတဲ့ အရည်အချင်းရှိတဲ့လူ‌တွေကို ‌ရွေးချယ်‌ပေးပါ။”ဟု အခမ်းအနားတွင် ‌ပြောသည်။

‌ဒေသခံ ပါတီဝင် ၄ဝဝ‌ကျော် တက်‌ရောက်ခဲ့ကြသည့် ၎င်းပါတီ၏ အဆိုပြုလွှာ‌ပေးအပ်ပွဲတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်မှ ပါတီတာ ဝန်ရှိသူများက ခလယ်၊ တံခွန်တိုင်‌ကျေးရွာအုပ်စုများမှ ပါတီဝင်အသစ် ၃ဝဝဦးကို တာဝန်ရှိသူများက အဆိုပြုလွှာများ ‌ပေးအပ် ခြင်း၊ ‌ဒေသဖွံ့ဖြိုး‌ရေးအတွက် အလှူ‌ငွေပြန်‌ပေးအပ်ခြင်းနှင့် ၎င်းပါတီဝင်များက ဝင်‌ကြေးတစ်ဦး ကျပ်တစ်‌ထောင်ကို ‌ပေးအပ်ခဲ့ကြ သည်။

အခမ်းအနားတက်‌ရောက်သူ ခလယ်ရွာ‌လေးရွာမှ ပါတီဝင် ဦးစိန်‌ကျော်လှိုင်က “၂ဝ၂ဝ ‌ရွေး‌ကောက်ပွဲမှာ ပါတီ‌အောင်နိုင်ဖို့ ရည် မှန်းထားတယ်။ ကျ‌နော်တို့‌ဒေသမှာ စာသင်‌ကျောင်း၊ လမ်း၊ တံတား‌တွေ အရင်က ‌ဆောင်ရွက်‌ပေးခဲ့တယ်။ လူထုသက်သာ ‌အောင်၊ ‌ပြောဆိုနိုင်တဲ့ ဖုန်းဆင်းကဒ်‌တွေ ‌ဈေးသက်သာ‌အောင် လုပ်‌ပေးတဲ့အတွက် ပါတီထဲ ဝင်လိုက်တာပါ။”ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ထို့အပြင် တာဝန်ခံ ဦးသူရိန်‌ဇော်က မိမိတို့ပါတီ အစိုးရဖြစ်လာလျှင် ဝန်ထမ်းများ၏ လစာကိစ္စများကို ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်‌အောင် ‌ဆောင်ရွက်‌ပေးသွားမည်ဖြစ်ပြီး လက်ရှိ‌ကောက်ခံမှုများ‌နေသည့် အခွန်စနစ်ကိုလည်း ပြန်လည်သုံးသပ်သွားမည့်အ ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လွှတ်‌တော်၏ ‌ရွေးချယ်တင်‌မြှောက်မှုအ‌ပေါ်မှာသာ သမ္မတက‌နေတဆင့် လွှတ်‌တော်၏ သ‌ဘောထားနဲ့အညီ ဖြစ်ရမည်ဆိုသည့် ဥပ‌ဒေကို ‌ဆောင်ရွက်သွားမည်ဟု အခမ်းအနားတွင် ကတိပြု ‌ပြောဆိုခဲ့သည်။

ကရင်ပြည်နယ်၊ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ(USDP)သည် ၂ဝ၁၅ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ဖာပွန်မြို့ နယ်မှ မဲဆန္ဒနယ် ၅‌နေရာနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်တစ်‌နေရာ အနိုင်ရရှိခဲ့သည်။