Home သတင်း လက်‌ထောက်ကထိကရာထူး ‌ရေး‌ဖြေစာ‌မေးပွဲရက် ကရင်နှစ်သစ်ကူး‌နေ့ဖြစ်၍ ဇန်နဝါရီ ၅ရက်သို့ ‌ရွှေ့

လက်‌ထောက်ကထိကရာထူး ‌ရေး‌ဖြေစာ‌မေးပွဲရက် ကရင်နှစ်သစ်ကူး‌နေ့ဖြစ်၍ ဇန်နဝါရီ ၅ရက်သို့ ‌ရွှေ့

4488

ဒီဇင်ဘာ ၂၈ရက်၊ ၂ဝ၁၈ခုနှစ်။ ‌စောမြတ်ဦးသာ

ပညာ‌ရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ လက်‌ထောက်ကထိကရာထူး တိုးမြှင့်ခန့်ထားနိုင်ရန် ဇန်နဝါရီ ၆ရက်‌နေ့တွင် ‌ရေး‌ဖြေစာ‌မေးပွဲ ကျင်းပပြုလုပ်ရန် ထုတ်ပြန်ချက်အရ ၎င်း‌နေ့မှာ ကရင်နှစ်သစ်ကူး‌နေ့နှင့် တိုက်ဆိုင်သဖြင့် စာ‌မေးပွဲ‌ဖြေဆိုရက် ကို ဇန်နဝါရီလ ၅ရက်‌နေ့သို့ ‌ရွှေ့လိုက်သည်ဟု ဝန်ကြီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ပညာ‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ‌ဒေါက်တာမျိုးသိန်းကြီး၏ ကိုယ်‌ရေးအရာရှိ ဦး‌ကျော်သူ‌မောင်က “‌ရှေ့မှာ ၄ရက်‌နေ့ လွတ်လပ်‌ရေး‌နေ့‌လေ။ ‌နောက်က စ‌နေ၊ တနဂင်္‌နွေက ရိုးရိုး စ‌နေ၊ တနဂင်္‌နွေလို့ ထင်လိုက်တယ် ထင်ပါတယ်။ သူတို့က လွတ်လပ် ‌ရေး‌နေ့ပြီး‌တော့ စ‌နေ၊ တနဂင်္‌နွေ‌နေ့ ဆက်ပိတ်တယ်လို့ မြင်သွားတာ ဖြစ်လိမ့်မယ်။ တရားဝင် ရုံးပိတ်ရက်နဲ့ တနဂင်္‌နွေ‌နေ့ ထပ် သွားတာ‌လေ။ စာ‌မေးပွဲကို တစ်နိုင်ငံလုံး ဇန်နဝါရီ ၅ရက်‌နေ့မှာ ‌ရွှေ့လိုက်တယ်။”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

ပညာ‌ရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ တက္ကသိုလ်၊ ဒီဂရီ‌ကောလိပ်၊ ‌ကောလိပ်များတွင် တာဝန်ထမ်း‌ဆောင်‌နေသည့် ဆရာ/ဆရာမများအနက် နည်းပြ/ သရုပ်မှ လက်‌ထောက်ကထိက ရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် ဇန်နဝါရီလ ၆ရက် ‌နေ့တွင် ‌ရေး‌ဖြေစာ‌မေးပွဲ ကျင်းပပြုလုပ်ရန် ဒီဇင်ဘာ ၂၄ရက် ‌နေ့စွဲပါ အဆင့်မြင့်ပညာဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြ ထားခဲ့ပြီး တစ်နိုင်ငံလုံး စာ‌မေးပွဲ‌ဖြေဆိုမည့်သူ ၂ဝဝဝ ဝန်းကျင်ရှိသည်ဟုလည်း တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

ဝန်ကြီးဌာန၏ ညွှန်ကြား‌ရေးမှူးချုပ် ‌ဒေါက်တာသိန်းဝင်း လက်မှတ်‌ရေးထိုးထားသည့် ‌ရေး‌ဖြေစာ‌မေးပွဲ ကျင်းပရန် အ‌ကြောင်း ကြားစာထဲတွင် လ/ထ ကထိကရာထူး တိုးမြှင့်ခန့်ထားရန်အတွက် နိုင်ငံ့ဝန်ထမ်း နည်းဥပ‌ဒေနှင့်အညီ ‌ရေး‌ဖြေစာ‌မေးပွဲ ‌ဖြေဆို ရန် လိုအပ်သဖြင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီ‌ကောလိပ်၊ ‌ကောလိပ်အသီးသီးတွင် ရည်ညွှန်းချက်ပါစာဖြင့် ကိုက်ညီသူများ အား မြန်မာစာ၊ အဂင်္လိပ်စာနှင့် အ‌ထွေ‌ထွေ ဗဟုသုတများကို သတ်မှတ်ထားသည့် ‌နေ့ရက်တွင် မနက် ၉နာရီမှ ၁၂နာရီအထိ ဘာသာရပ်အလိုက် ‌ဖြေဆို‌စေမည်ဟု ‌ဖော်ပြထားသည်။

“လက်‌ထောက်ကထိကအဆင့် ‌ရေး‌ဖြေစာ‌မေးပွဲ လုပ်တာက ဝန်ထမ်း‌တွေမှာလည်း ကရင်တိုင်းရင်းသား‌တွေ အများကြီးရှိ‌နေ ‌တော့ ဝိုင်း‌ပြောကြတာ‌ပေါ့။ ရိုးရိုးပဲ မသိတာလား။ သိရက်နဲ့ လုပ်တာလားဆိုတာ ‌မေးခွန်းထုတ်စရာဖြစ်‌နေတယ်။ တိုင်းရင်းသား ‌တွေအ‌ပေါ်မှာ‌တော့ ခံစားမိတာ‌ပေါ့။ မဖြစ်သင့်ဘူး မမှားသင့်ဘူး‌ပေါ့‌လေ။ ကရင်‌တွေရဲ့ တရားဝင် ရုံးပိတ်ရက်‌နေ့ကို အသိအ မှတ် မပြုတာလားဆိုတာ ထင်မြင်မှု‌တွေ ဖြစ်လာတာ‌ပေါ့။ ရင်ကြား‌စေ့‌ရေးအပိုင်းမှာ‌တောင် အတိုင်းအတာတစ်ခုထိ အဟန့်အ တား ဖြစ်သွားနိုင်တယ်။”ဟု ကရင်ပြည်နယ် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောရှား‌ဖေါင်အွာက ‌ကေအိုင်စီသို့‌ပြောသည်။

ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို နိုင်ငံ‌တော်မှ တရားဝင် အသိအမှတ်ပြုမှု ရရှိရန် ဥပ‌ဒေကြမ်းကို ကရင်အမျိုးသား ‌အောက် လွှတ်‌တော်အမတ် ၁၂ဦး၊ အထက်လွှတ်‌တော်အမတ် ၃ဦးတို့ လက်မှတ်‌ရေးထိုးခဲ့ကြပြီး ၁၉၃၇ခုနှစ်၊ ဇူလိုင်လ ၂၃ရက်‌နေ့တွင် လွှတ်‌တော်သို့ တင်သွင်းပြီး ပြာသိုလဆန်း ၁ရက်‌နေ့ကို ကရင်နှစ်သစ်ကူး‌နေ့အဖြစ် နိုင်ငံ‌တော်က တရားဝင် အသိအမှတ်ပြုခဲ့ရာ လာမည့် ၂ဝ၁၉ခုနှစ်၊ ဇန်နဝါရီလ ၆ရက်‌နေ့မှာ ကရင်နှစ် ၂၇၅၈ခုနှစ်သည် ၈၁နှစ်‌မြောက် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ ဖြစ် သည်။