KIC News
တိုင်းရင်းသားလူငယ်များအနေဖြင့် ဖက်ဒရယ်တည်ဆောက်မှုတွင် အင်အားတစ်ခုဖြစ်ရန် KYO မျှော်လင့်
မေလ ၂၈ ရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ
တစ်လကျော်ကြာ ဖွင့်လှစ်ခဲ့သည့် ကရင်လူငယ်အစည်းအရုံး-KYO၏ နွေရာသီလူငယ်သင်တန်း (Summer Youth Camp)မှ သင်တန်းဆင်း တိုင်းရင်းသားလူငယ် (၆၃)ဦးအပေါ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အင်အားတစ်ခုအဖြစ် ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း KYO က ပြောသည်။
တိုင်းရင်းသားလူငယ်များအနေဖြင့် သင်တန်းမှရရှိခဲ့သည့် အတွေ့အကြုံ...
တပ်မတော်လုပ်ရပ်များအပေါ် ဩစတြေးလျား မြန်မာသံရုံးရှေ့တွင် ကရင်လူဦးရေ ၂၀၀ကျော် ဆန္ဒပြခဲ့
မေ ၂၇ရက်၊ ၂၀၁၈ခုနှစ်။ စောကျော်ခွီး(ဆစ်ဒနီ)
နိုင်ငံတကာ ကရင်အမျိုးသားအဖွဲ့(IKO)၏ သဘောထားဆုံးဖြတ်ချက်အရ ဩစတြေးလျား ကရင်အမျိုးသားအဖွဲ့(AKO) မှ စီစဉ် ဆောင်ရွက်သော တပ်မတော်၏လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲကို ဩစတြေးလျားနိုင်ငံ၊ ကန်ဘာရာမြို့ရှိ မြန်မာသံ ရုံးရှေ့တွင် မေလ ၂၅ရက်၊ မွန်းလွဲ (၁)နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ Queensland Senator...
လျှပ်စစ်ဝန်အား လျှော့ချသုံးစွဲရဟု ပြည်နယ် ဒုလျှပ်စစ်အင်ဂျင်နီယာ ပြောဆို
မေလ ၂၅ရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အနေဖြင့် လျှပ်စစ်ဌာနချုပ်၏ သတ်မှတ်ထားသည့်နှုန်းအတိုင်း ဝန်အားလျှော့ချပြီး သုံးစွဲနေရသည့်အတွက် လျှပ် စစ်မီး ပြတ်တောက်ရခြင်းဖြစ်သည်ဟု ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဒုတိယအင်ဂျင်နီယာမှူး ဦးသိန်းရွှေက ကေအိုင်စီသို့ ပြောသည်။
“အဓိက ရေ Level ကျလာတဲ့အတွက် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတွေက မူလသတ်မှတ်ထားတဲ့ ဓာတ်အားထုတ်လုပ်...
မိုးစပါး စိုက်ပျိုးစရိတ် ကျပ်သိန်း ၇ သောင်းကျော် ပြည်နယ် စိုက်/ဘဏ် ထုတ်ချေးမည်
မေလ ၂၅ ရက်၊ ၂ဝ၁၈ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်အတွင်း ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီအတွက် စိုက်ပျိုးစရိတ် ကျပ်သိန်း ၇ သောင်း ကျော်ကို လယ်သမား များအား ထုတ်ချေးပေးမည်ဟု ပြည်နယ် စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဦးဝင်းနိုင်က မေ ၂၄ ရက်နေ့...
ဝင်းရော်ဒေသ ရွာချင်းဆက် ကွန်ကရစ်တံတား ကိုယ်ထူးကိုယ်ထ ဖွင့်လှစ်
မေ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ဝေါင်ထွန်း(ဝင်းထောင်း)ရွာနှင့် ဝါးမီရပ်ကွက်ကို ဆက်သွယ်ထားသည့် ကွန်ကရစ် တံတားကို ဝေါင်ထွန်းရွာသူ၊ ရွာသားများ စုပေါင်းကာ ကိုယ်ထူကိုယ်ထ တည်ဆောက်ပြီး တံတားဖွင့်ပွဲကို မေ ၂၄ ရက်နေ့တွင် ကျင်းပ ခဲ့သည်။...
တိုင်းရင်းသားလူငယ်များ ပိုမိုလက်တွဲလုပ်ဆောင်ရန် KYO တိုက်တွန်း
မေလ ၂၃ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး
မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်များတွင် တိုင်းရင်းသားများလိုလားသည့် အခြေခံအခွင့်အရေးများအတွက် အာမခံချက် မပေး နိုင်သေးသည့်အခြေအနေတွင် တိုင်းရင်းသားလူငယ်များအနေဖြင့် ပိုမိုလက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း ကရင်လူငယ်အ စည်းအရုံး-KYO ဥက္ကဌ စောလယ်နယ်က ယနေ့ ကျရောက်သည့် ၂၉ကြိမ်မြောက် KYO နေ့တွင် တိုက်တွန်းပြောဆိုလိုက်သည်။
"ကျနော်တို့မှာရှိနေပြီးသား အမျိုးသားတန်းတူရေး၊...
မြောင်းမြမြို့နယ်အတွင်းရှိ အစိုးရကျောင်းများ၌ ဇွန်လတွင် ကရင်စာ စသင်ကြားမည်
မေလ ၂၃ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ အစိုးရ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၁၈-၁၉ ပညာသင်နှစ် အတွက် ဇွန် ၁ရက်နေ့တွင် ကရင်စာ တပြိုင်နက်တည်း စတင်သင်ကြားမည်ဖြစ်ကြောင်း မြောင်းမြမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး မန်းထွန်းလင်းက ပြောသည်။
၎င်းက “နှစ်တိုင်းကတော့ အစိုးရ အခြေခံပညာစာသင်ကျောင်းတွေ...
၈ ကြိမ်မြောက် ကရင်အခြေခံပညာ အလယ်တန်းဖတ်စာ မိတ်ဆက်သင်တန်းဆင်းပွဲ ကျင်းပ
မေ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်-သမိုက်ဒေသ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများ စုပေါင်းဖွင့်လှစ်သည့် ၈ ကြိမ်မြောက် ကရင်အခြေခံပညာ အလယ်တန်းဖတ်စာ မိတ်ဆက်သင်တန်းဆင်းပွဲကို ဝင်းရော်ဒေသ၊ ထွိမောင်ထိုရွာ၌ မေ ၂၃ ရက်(ယနေ့) တွင် ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းကို...
မြစ်ဝကျွန်းပေါ် ပိုးကရင်စာပေ သင်ရိုး ညွှန်းတမ်းဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်း
မေ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။ စောထွန်းလင်း
အစိုးရ အခြေခံပညာကျောင်းများတွင် ပိုးကရင်(ဖလုံး) စာသင်ကြားရာ၌ စနစ်တကျ သင်ရိုးညွှန်းတမ်းများ ထွက်ပေါ်လာရေးအတွက် ရည်ရွယ်ကာ မြစ်ဝကျွန်းပေါ် ပိုးကရင်စာပေသင်ရိုးညွှန်းတမ်းဖြစ်မြောက် ရေးကော်မတီကို မေ ၂၂ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်သည်ဟု ကော်မတီ အတွင်းရေးမှူး မန်းသန်းဝင်းဦးက ကေအိုင်စီသို့...
အရှေ့ပိုးကရင် အထက်တန်းဖတ်စာ စိတ်ဝင်စားမှု ပိုရှိလာ
မေ ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ကရင်(အရှေ့ပိုးရင်စာ-လိက်ထူ့လီ)ဖတ်စာ အရည်အသွေး မြှင့်တင်သွားရန် ရည်ရွယ်၍ ကရင်ရ ဟန်းတော်များ အသင်းမှ ဦးဆောင်ပြုစုနေသည့် ကရင်အခြေခံပညာအထက်တန်းအဆင့်ကို ပြည်တွင်းပြည်ပရှိ ကရင်များပိုမို စိတ်ဝင်စားမှုရှိနေသည်ဟု သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ထွိမောင်ထိုရွာ၌ ဖွင့်လှစ်...














