KIC News
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင်မည့် ၈ကြိမ်မြောက် ငြိမ်းချမ်းရေး စကားဝိုင်းဖားအံတွင် ကျင်းပမည်
ဇူလိုင် ၂၄ ရက် ၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒေသခံလူူငယ်များပါဝင်မည့် (၈)ကြိမ်မြောက် ငြိမ်းချမ်းရေးစကားဝိုင်းကို ဇူလိုင်လ ၂၆ရက်နေ့တွင် ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။
မကြာမီရက်ပိုင်းအတွင်း ပြုလုပ်မည့် (၈)...
ရေကြီးမှုကြောင့် လှိုင်းဘွဲတွင် ကျောင်း ၄၉ ကျောင်း ပိတ်ထားရ
ဇူလိုင် ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
မိုးဆက်တိုက်ရွာသွန်းပြီး တောင်ကျချောင်းရေကြောင့် ကရင်ပြည်နယ်၊ လှှိုင်းဘွဲမြို့နယ်ရှိ စာသင် ကျောင်း ၄၉ ကျောင်းအထိ ပိတ်ထားရသည်ဟု လှှိုှုင်းဘွဲမြို့နယ် ပညာရေးမှူး ဒေါ်မိုးပုလဲစိုးက ဇူလိုင် ၂၄ ရက် (ယနေ့)တွင် ကေအိုင်စီသို့ ပြောသည်။
၎င်းက “ဒီ...
ဒီမိုကရေစီမဆန်တဲ့ ဗြူရိုကရက်အရာရှိဆိုး သဘောထားဆန့်ကျင်ရေးလား ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုဆန့်ကျင်ရေးလား ကွဲပြားကြဖို့
(မောင်ကျော်စွာ)
(၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၂၄ရက်)
ကယားပြည်နယ်၊ မြို့တော်လွိုင်ကော်မှာ “ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်ထု” ထားရှိရေးကိစ္စက ထင်တာထက် ပိုပြီး အရှိန်မြင့် ကျယ်ပြန့်လာပါတယ်။
“ပါတီ” ကရော “အာမီ” ကပါ ဝင်ပြောလာတာကို တွေ့ရပါတယ်။
“ပါတီ”ဘက်က တာဝန်ရှိသူ (NLD) ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး...
ဂျိုင်းတံတားထိပ်တွင် ယာဉ်ပိတ်ဆို့မှု ဆိုးဆိုးရွားရွားဖြစ်ပွားနေ
ဇူလိုင် ၂၄ ရက်၊ ၂ဝ၁၈ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးကြီး ရေလျှံမှု ဖြစ်ပွားခဲ့ရာ ဖားအံနှင့် ကော့က ရိတ်မြို့နယ်ကိုခြားထားသည့် ဂျိုင်းမြစ်ပေါ်တွင် ကုန်တင်ယာဉ်အတွက် ဆောက်လုပ်ထား သော ဖော့တုံးတံတားပေါ် ယာဉ်ကြီးများ ဖြတ်သန်းသွား၍ မရတော့သဖြင့် ဂျိုင်းတံတား ထိပ်မှ စတင်ကာ ယာဉ်တန်းများ...
ကရင်ပြည်နယ် မြို့နယ် (၃)ခုတွင် မိုးကြီးရေလျှံမှု အဆိုးဝါးဆုံးဖြစ်ပွားနေ
ဇူလိုင် ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး
ကရင်ပြည်နယ်အတွင်း မြဝတီ၊ လှိုင်းဘွဲနှင့် ဖားအံမြို့နယ် ၃ ခုတို့တွင် ယခု အပတ်အတွင်း မိုးအဆက်မပြတ် ဆက်တိုက်ရွာသွန်းပြီး သံလွင်မြစ်နှင့် သောင်ရင်းမြစ်ရေ ရုတ်တရက် မြှင့်တက်လာမှုကြောင့် ရေကြီး ရေလျှံမှု အဆုံးဝါးဆုံး ဖြစ်ပွားနေသည်ဟု ပြည်နယ်...
လေညာရပ်ဝန်းက စိုးရိမ်သံ
စအိုင်ဆူး
ဇူလိုင် ၂၃ ရက်။ ၂၀၁၈ခုနှစ်။
“ဒီစီမံကိန်းတကယ်ဖြစ်လာပြီဆိုရင် ကျနော်တို့ နေထိုင်လုပ်ကိုင်စားသောက်ဖို့၊ စိုက်စားပျိုးစားဖို့အတွက် မရှိတော့မှာကို စိတ်ပူမိတယ်။ အရေးကြီးဆုံးက ကျနော်တို့ လုပ်ထားခဲ့သမျှတွေကို ရယူသွားမှာကို အစိုးရိမ်ဆုံးပဲ ။ ဘယ်နေ့ ဒီကနေအ မောင်းထုတ်ခံရမလဲမသိဘူး” လို့ ဆိုကာ ဟင်းလှိုင်းဒေသခံ ဌာနေတိုင်းရင်းသား စောစိုးမြက...
ဝါးခယ်မမြို့နယ်အတွင်း လယ်ဧက ၂,ဝဝဝ ကျော် ဆိုးဆိုးရွားရွား ခရုဖျက်ဆီး
ဇူလိုင် ၂ဝ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်း ကျေးရွာအုပ်စု (၇)အုပ်စုတွင် ရွှေခရု (Golden Apple Snail)များ ဝင်ရောက်ဖျက်ဆီးသည့် စပါးစိုက်ပျိုးသော လယ်ယာများမှာ ယခုနှစ်တွင် အဆိုးရွားဆုံး အခြေအနေဖြစ်နေကြောင်း ကကတိုက် ကျေးရွာအုပ်ချုပ်ရေးမှူး မန်းမြဝင်းက ပြောသည်။
၂၀၁၅ခုနှစ်မှ...
မောဒေးတောင်တွင် ကျွန်းပင် နှစ်သောင်းကျော် စိုက်ပျိုး
ဇူလိုင် ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ နန်းဝေဖြိုးဇာ
ကော့ကရိတ်မြို့နယ်အတွင်းရှိ မောဒေးတောင်တန်းကို အများပိုင်ဘုံသစ်တောအဖြစ် သတ်မှတ်ပြီးနောက် သဘာဝပတ်ဝန်းကျင် စိမ်းလန်းလာစေရန် မောဒေးတောင်ထိန်းသိမ်းရေးကော်မတီ ဦးဆောင်မှုနှင့်အတူ ဒေသခံများက ဇူလိုင်လ ၁၆ရက်နေ့မှ စတင် ပြီး ကျွန်းပင်ပေါင်း နှစ်သောင်းကျော်ပြန်လည်စိုက်ပျိုးသည်ဟု သိရသည်။
မောဒေးတောင်တန်းအတွင်း သစ်တောများခုတ်ယူခြင်းမပြုလုပ်ရန် ဒေသခံလူထုများတောင်းဆိုချက်အရ ပြီးခဲ့သည့်...
နာမည်ကျော်ကြားနေသည့် ကော့ကရိတ်မြို့ လောင်းကစားရုံများ ဖယ်ရှားလိုက်ပြီ
ဇူလိုင် ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဖွင့်လှစ်ထားသော လောင်းကစား ငါးဂိမ်းရုံများကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီဖြစ် ကြောင်း ကော့ကရိတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေးက ဇူလိုင် ၁၈ ရက် (ယမန်နေ့)တွင် မီဒီယာများ သို့ ပြောသည်။
ဦးစိုးဌေးက“လောင်းကစားရုံတွေကို တစ်မြို့နယ်လုံး...
နယူးဇီလန်ရောက် ကရင်ဇနီးမောင်နှံ ငါးမျှားရင်း ရေနစ်သေဆုံး၊ သားသမီး ၉ဦးကျန်ရစ်
ဇူလိုင် ၁၉ရက်၊ ၂ဝ၁၈ခုနှစ်။ ကေအိုင်စီ
နယူးဇီလန်နိုင်ငံရောက် ကရင်လူမျိုးဇနီးမောင်နှံသည် ၎င်းတို့နေထိုင်ရာ အော့က်လန်အနောက်ဖက် မူရီဝိုင်ကမ်းခြေတွင် ငါးမျှား ရင်း ရေထဲသို့ခြေချော်ကျပြီး ရေနစ်သေဆုံးသွားခဲ့သည်ဟု နယူးဇီလန်သတင်းဌာန(NZherald)က ဇူလိုင်လ ၁၇ရက်နေ့တွင် ရေးသားဖေါ်ပြခဲ့သည်။
အဆိုပါဇနီးမောင်နှံသည် မြန်မာပြည်မှ ထွက်ခွာလာခဲ့ကာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် နှစ်ပေါင်း ၂၀ကျော် ကြာ နေထိုင်ခဲ့ပြီးနောက်ပိုင်း...















