Home သတင်း မြဝတီနှင့် မူဆယ်တို့တွင် မြန်မာ့ခရီးသွားဘဏ်ခွဲများ ဖွင့်လှစ်မည်

မြဝတီနှင့် မူဆယ်တို့တွင် မြန်မာ့ခရီးသွားဘဏ်ခွဲများ ဖွင့်လှစ်မည်

3337

‌မေလ ၃ဝရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

မြန်မာ့ ခရီးသွားဘဏ်လီမိတက်အ‌နေဖြင့် အကြီးဆုံးနယ်စပ်ကုန်သွယ်‌ရေးဇုန်များ ရှိသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ရှမ်း ပြည်နယ်၊ မူဆယ်မြို့များတွင် ဘဏ်ခွဲများ ဖွင့်လှစ်သွားမည်ဟု မြန်မာ့ခရီးသွားဘဏ်၊ မန်း‌နေးဂျင်း ဒါရိုက်တာ ‌စောဘိုဘိုက ‌ပြောသည်။

၎င်းက “မြန်မာ့ခရီးသွားဘဏ် ရုံးချုပ်နဲ့ ရန်ကုန်ဘဏ်ခွဲကို ‌မေ ၆ ရက်‌နေ့မှာ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမ‌ဘေး၊ အမှတ် ၄၃၇(က)မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ပြီးသွားရင် မန္တ‌လေး၊ ‌နေပြည်‌တော် တို့မှာ ဆက်တိုက် ဖွင့်မယ်မှာဖြစ်ပြီး မြဝတီနဲ့ မူဆယ်မြို့‌တွေမှာလည်း ဘဏ်ခွဲ‌တွေဖွင့်ဖို့ အဆင်သင့် ဖြစ်‌နေပါပြီး၊ ၂၀၂ဝ ပြည့်နှစ် ထဲမှာ ကျန်တဲ့ အဓိက စီးပွား‌ရေးလုပ်‌နေတဲ့ ‌နေရာ‌တွေ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့အတွက် အ‌ထောက်အကူ ပြုတဲ့ ‌နေရာ‌တွေမှာ ဘဏ်ခွဲ‌တွေ ဆက်ဖွင့်သွားမယ်” ဟု ‌ပြောသည်။

မြန်မာ့ခရီးသွားဘဏ် လီမိတက်ကို ခရီးသွားလုပ်ငန်းမြှင့်တင်‌ပေးရန် အဓိက ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အခြားဘဏ် များနည်းတူ ဘဏ်တစ်ခုတွင်ရှိသင့်သည့် ဘဏ်ဝန်‌ဆောင်မှုများကို နည်းပညာအသုံးပြုပြီး ဘဏ်နှင့် ဆက်သွယ်လုပ်‌ဆောင်‌နေ သူ အမျိုးမျိုး‌သော Customers များကို အ‌ကောင်းဆုံး Support ‌ပေးရန် ရည်ရွယ်ထားသည်ဟု ‌စောဘိုဘိုက ‌ပြောသည်။

“ဥပမာ- Internet Banking၊ Mobile Banking၊ Agent Banking၊ Card Service ‌တွေကို အ‌ကောင်းဆုံး ဝန်‌ဆောင်မှု ‌ပေးသွား မယ်။ Corporate အတွက် လုပ်ငန်း ကြီးငယ်မ‌ရွေး ဝန်‌ဆောင်မှု‌ပေးမယ်။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းမှာရှိတဲ့ ခရီးသွားလုပ်ငန်း စု‌တွေ အားလုံးကို Loan Type မျိုးစုံ လုပ်‌ပေးမယ်။”ဟု ဆက်‌ပြောသည်။

မြန်မာ့ခရီးသွားဘဏ်အ‌နေဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအတွက် နိုင်ငံတကာ ‌ငွေ‌ပေး‌ချေမှုစနစ်များ လွယ်ကူ‌စေ‌ရေးအ တွက် Card Solution ကို အသုံးပြုကာ Wallet Solution ‌တွေကိုပါ အသုံးပြုပြီး လွယ်ကူလျင်မြန်စွာ ‌ပေး‌ချေနိုင်‌စေရန် ‌ဆောင် ရွက်သွားမည်ဟု ဘဏ်မန်း‌နေဂျင်းဒါရိုက်တာ ‌စောဘိုဘိုက ‌ပြောသည်။

“ခရီးသွားလာ‌ရေး ‌အေဂျင်စီ‌တွေအ‌နေနဲ့လည်း ခရီးသွား ပြည်သူ‌တွေကို ခရီးသွားအ‌တွေ့အကြုံ ပိုရဖို့အတွက် ‌ငွေ‌ကြေးလိုအပ် ချက်‌တွေကို ကျ‌နော်တို့ဘဏ်က‌နေ ဖြည့်ဆည်း‌ပေးပြီး‌တော့ ‌အေဂျင်စီ‌တွေအတွက်၊ အထူးသဖြင့် SME ‌အေဂျင်စီ ကုမ္ပဏီ‌တွေ အတွက် လုပ်ငန်းဖွံ့ဖြိုးတိုးတက်‌အောင် ကျ‌နော်တို့ ဘဏ်က ကူညီသွားဖို့ ရှိတယ်။”ဟု ‌စောဘိုဘိုက ‌ပြောသည်။

မြန်မာ့ခရီးသွားဘဏ်လီမီတက်ကို ဖွဲ့စည်းတည်‌ထောင်ရန် ၂၀၁၈ခုနှစ်၊ ဇူလိုင်လတွင် တရားဝင်လိုင်စင်ရရှိခဲ့ပြီး ယခု ၂၀၁၉ ‌မေ ၆ရက်‌နေ့တွင် ဘဏ်ရုံးချုပ်နှင့် ရန်ကုန်ဘဏ်ခွဲကို စတင်ဖွင့်လှစ်ကာ အလွှာစုံ အများပြည်သူအတွက် ဘဏ်ဝန်‌ဆောင်မှုများ စတင် လုပ်‌ဆောင်‌ပေး‌နေပြီးဖြစ်‌ကြောင်း သိရသည်။