Home သတင်း ကရင်ပြည်နယ်အစိုးရ၏ ဝန်ကြီးတစ်ဦး ထပ်မံနှုတ်ထွက်

ကရင်ပြည်နယ်အစိုးရ၏ ဝန်ကြီးတစ်ဦး ထပ်မံနှုတ်ထွက်

3179

‌မေလ ၂၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များထဲမှ ယခု‌မေလတစ်လအတွင်း ဝန်ကြီး‌နောက်တစ်ဦးဖြစ်သူ ဗမာတိုင်း ရင်းသား‌ရေးရာဝန်ကြီး ဦး‌တေဇထွဋ်လှှိုင်‌ထွေးမှာ ယခင်တာဝန်ယူထားသည့် အစိုးရအဖွဲ့ဝင် တိုင်းရင်းသား‌ရေး ရာဝန်ကြီးရာထူးမှ ထပ်မံနှုတ်ထွက်သွားသည်ဟု သိရသည်။

အဆိုပါ နှုတ်ထွက်မှုနှင့်ပတ်သက်ပြီး နိုင်ငံ‌တော် သမ္မတရုံးမှ ကရင်ပြည်နယ် ဗမာတိုင်းရင်းသား‌ရေးရာဝန်ကြီး ဦး‌တေဇထွဋ်လှှိုင်‌ထွေးအား ပြည်နယ်ဝန်ကြီးရာထူူးမှ နှုတ်ထွက်ခွင့်ပြုလိုက်‌ကြောင်း ‌မေလ ၂၃ ရက်‌နေ့က သ တင်းထုတ်ပြန်ထားသည်။

၎င်းအပြင် ယခု ‌မေလ ၁၆ရက်‌နေ့ကလည်း ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးဖြစ်သည့် လူမှု‌ရေးဝန်ကြီး ဌာနဝန်ကြီး ‌ဒေါက်တာတင်ဝင်း‌ကျော်မှာ ကျန်းမာ‌ရေးအရ ရာထူးမှနှုတ်ထွက်သွားသဖြင့် ကရင်ပြည်နယ်တွင် ယခုတစ်လအတွင်း ဝန်ကြီး ၂ ဦးဆက်တိုက်နှုတ်ထွက်မှုလည်း ဖြစ်သည်။

ဗမာတိုင်းရင်းသား‌ရေးရာဝန်ကြီး အ‌နေဖြင့် ယခင်က လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက် ဆံ‌ရေးဦးစီးဌာန၊ အားကစားနှင့်ကာယဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူမှုဖူလုံ‌ရေးဦးစီးဌာန စသည့် ဦးစီးဌာနများ လုပ်ငန်းများကို ဦး‌ဆောင်လမ်းညွှန်တာဝန်ယူခဲ့ရသည်ဟု သိရသည်။