Home Authors Posts by KIC News

KIC News

22003 POSTS 0 COMMENTS

We Are One Cup 2019 ‌ဘောလုံးပြိုင်ပွဲ တက္ကသိုလ် ကရင်‌ကျောင်းသားအသင်း ဝင်ပြိုင်မည်

ဧပြီ ၃ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း ရန်ကုန်မြို့၌ ‌မေလအတွင်း စတင်ကျင်းပမည့် We Are One Cup 2019 အ‌ပျော်တမ်း ‌ဘောလုံးပြိုင်ပွဲသို့ တက္ကသိုလ် ကရင်‌ကျောင်းသားများ ‌ဘောလုံးအသင်း (UKS F.C)က ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဟု အသင်းမန်‌နေဂျာ မန်း‌သောသျှံက ဧပြီ ၃...

KNU ပညာ‌ရေးဌာနမှ ဦး‌ဆောင်ပြီး ခလယ်တွင် ပထမဆုံးအကြိမ် အဂင်္လိပ်စာသင်တန်း ဖွင့်လှစ်‌ပေး

ဧပြီ ၃ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား KNU-ကရင်အမျိုးသားအစည်းအရုံး၏ KED-ကရင်ပညာ‌ရေးဌာနမှ ဦးစီးဦး‌ဆောင်ပြီး ဝင်း‌ရေးမြို့နယ် (ကြာအင်း ဆိပ်ကြီးဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ)ရှိ ခလယ်ရွာတွင် ပထမဦးဆုံးအကြိမ် ‌နွေရာသီ အဂင်္လိပ်စာသင်တန်း ကို ဖွင့်လှစ်‌ပေးလျက်ရှိ‌ကြောင်း သိရသည်။ အဆိုပါ အဂင်္လိပ်စာသင်တန်းကို အဂင်္လိပ်စာ စကား‌ပြောနှင့် သဒ္ဒါအ‌ခြေခံများကို...

KNU ဧရိယာအတွင်း ပြုပြင်‌ဖောက်လုပ်‌နေဆဲ ကားလမ်းအား ဆက်လက်‌ဆောင်ရွက်သွားမည်ဟု တပ်မ‌တော် ထုတ်ပြန်

ဧပြီလ ၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ ပဲခူးတိုင်း‌ဒေသကြီး ‌ကျောက်ကြီးမြို့နယ် သံဘို-မူသဲ- ‌ဘော်စဲခို- ပလာခို့- ယွန်းစလင်းဖွံ့ဖြိုး‌ရေးလမ်း‌ပေါ်ရှိ မူသဲ တံတား‌ဆောက်လုပ်‌နေမှုနှင့် လမ်း‌ဖောက်လုပ်မှုများအား နယ်‌မြေ‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ဆက် လက်‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်ရုံး၏ ဝက်ဆိုဒ်တွင် မတ်လ ၃၁ ရက်‌နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။ မြန်မာ့တပ်မ‌တော်မှ...

မွန်တိုင်းရင်းသား‌ရေးရာ ဝန်ကြီးနှင့် ‌တွေ့ဆုံခြင်း

“တို့ တိုင်းရင်းသား‌တွေဟာ ဗမာကလွဲရင် ဒုတိယလူတန်းစားလိုလိုဖြစ်‌နေတာဆိုတဲ့ စိတ်ကို ‌ဖျောက်ရမယ်။” ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားအ‌ရေးအရာကိစ္စများကို လုပ်‌ဆောင်နိုင်ရန်အတွက် မွန်၊ ပအိုဝ်း၊ ဗမာ စ သည့် တိုင်းရင်းသား‌ရေးရာဝန်ကြီး ၃ ဦးခန့်အပ်တာဝန်‌ပေးထားလျက်ရှိသည်။ ထိုအနက်မှ မွန်တိုင်းရင်းသား ‌ရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်းအား ၎င်းတာဝန် ယူ‌နေစဉ်ကာလအတွင်း လုပ်‌ဆောင်ခဲ့၊...

မြစ်ဝကျွန်း‌ပေါ်‌နေ ကရင်လူမျိုးများ ရိုးရာနည်းအတိုင်း စု‌ပေါင်းအရိုး‌ကောက်ပွဲ ကျင်းပပြုလုပ်

ဧပြီ ၁ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ   မြစ်ဝကျွန်း‌ပေါ်‌နေ ကရင်လူမျိုးများ၏ ရိုးရာဓ‌လေ့တစ်ခုဖြစ်သည့် အရိုး‌ကောက်ပွဲအခမ်းအနားကို ဧရာဝတီတိုင်း‌ဒေသကြီး ပန်းတ‌နော်မြို့နယ် ဘုရားနှစ်ဆူ‌ကျေးရွာ၌ ယမန်‌နေ့ (မတ်လ ၃၁ရက်)က ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်း ထိန်း သိမ်းပြုလုပ်ခဲ့သည့် နည်းများအတိုင်း စု‌ပေါင်းကာ  ကျင်းပပြုလုပ်ခဲ့ကြသည်။   ၎င်း‌ဒေသခံကရင်လူမျိုးများသည် ‌သေလွန်သွားသူ တို့၏ ကြွင်း ကျန် ရစ်‌သောအရိုး စုကို ‌ဆွေမျိုးများရှိရာ  သို့ ပြန်လည် ပို့‌ဆောင်‌ပေးရမည်ဟု ယုံကြည်မှုများအရ မြစ်ဝ ကျွန်း‌ပေါ်‌နေ ကရင်ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းလာခဲ့သည့် ရိုးရာဓ‌လေ့တစ်ခုလည်း ဖြစ်သည်။   ကရင်ရိုးရာ စု‌ပေါင်းအရိုး‌ကောက်ပွဲ ဦး‌ဆောင်ကျင်းပသူ မန်း‌နေ‌ထွေးက “ဘိုး‌ဘေးဘီဘင် အဆက်ဆက်က လုပ်လာတဲ့ တို့ကရင်‌တွေရဲ့ ရိုးရာ အစဉ်အလာ တစ်ခု‌လေ။ အရိုးမ‌ကောက်‌ပေးရင် ‌သေတဲ့လူ‌တွေက မကျွတ်လွတ်ဘဲ သရဲတ‌စ္ဆေ ဖြစ်နိုင်တယ်လို့လည်းအယူဆရှိတယ်။ အဲ့ဒါ‌ကြောင့် ‌သေပြီး ဘယ်နှစ်နှစ်ဖြစ်ဖြစ် အရိုး‌ကောက်က‌တော့ မဖြစ်မ‌နေ လုပ်‌ပေးရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။   အဆိုပါ ကရင်ရိုးရာ အရိုး‌ကောက်ပွဲကို ဗုဒ္ဓဘာသာ ကရင်လူမျိုး အများစုမှ ပြုလုပ်ကြခြင်းဖြစ်ပြီး ‌သေလွန်သူများအား မီးသဂြင်္ိုဟ်၍ကျွင်းကျန်ရစ်‌သော အရိုးများကို အိုးထဲတွင် ‌သေချာသိမ်းဆည်းထားကာ နီးစပ်ရာ ‌ဒေသအလိုက် အနည်းဆုံး တစ်နှစ်တစ်ကြိမ်နှင့် အများဆုံး (၅)နှစ် တစ်ကြိမ်ဖြင့် ‌နွေရာသီတွင် ရိုးရာထုံးတမ်း အစဉ်အလာအရ စု‌ပေါင်း ကျင်းပပြုလုပ် ကြခြင်း ဖြစ်သည်။   ကရင်ရိုးရာ အရိုး‌ကောက်ပွဲတွင် ‌သေဆုံးသူများ၏ အရိုးစုများကို ‌ကောက်ယူပြီး အုန်းရည်ဖြင့် သန့်စင်စွာ ‌ဆေး‌ကြောကာ ငှက်‌ပျောပင်၊ ကြံပင်များ စိုက်ထူပြီး ရာဇမတ်ကာရံကာ သဲဖြူခင်းသည့်‌နေရာ၌ ‌ရွှေအိုး ‌ငွေအိုး ထဲတွင် ထည့်ထား‌သော အရိုးစု အိုးများကို ‌ရွှေပလိုင်း ‌ငွေပလိုင်းများတွင် ထည့်ထားရသည်။ ထို‌နောက်...

မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများအတွက် အခွန်အခမဲ့‌နေရပ်ပြန်နိုင်ခွင့် ဧပြီလ ၅ ရက်တွင် စတင်မည်

ဧပြီလ ၁ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းသ‌ဘောတူညီချက်များအရ ‌နေရပ်ပြန် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများအတွက် သကြင်္န်ကာလ အတွင်း(Re-entry visa) ဗီဇာဆိုင်ရာ‌ထွေ‌ထွေ ကုန်ကျစရိတ် ကင်းလွတ်ခွင့်ကို ဧပြီလ ၅ရက်မှ စ၍ ၃ဝ ရက်‌နေ့အထိ ထပ် မံရရှိမည်ဖြစ်‌ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ...

မြန်မာ-ထိုင်းနယ်စပ် ‌ရေလယ်ကျွန်းတွင် မူးယစ်‌ဆေးဝါး၊ ကာမစိတ်ကြွ‌ဆေးနှင့် လိုင်စင်မဲ့ အရက်/ဘီယာ အ‌မြောက်အများဖမ်းမိ

ဧပြီ ၁ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်(အလွတ်သတင်း‌ထောက်) မြန်မာ-ထိုင်းနယ်စပ် ‌သောင်ရင်းမြစ်‌ပေါ်တွင်ရှိ‌သော မြို့ဝတီမြို့ အမှတ် (၁)ရပ်ကွက် ‌ရေလယ်ကျွန်း‌ပေါ်တွင် ယခုရက်ပိုင်းအတွင်း မူးယစ်‌ဆေးဝါးများ၊ ကာမစိတ်ကြွ‌ဆေးမျိုးစုံနှင့် လိုင်စင်မဲ့ အရက်၊ ဘီယာ အ‌မြောက်အများ ဖမ်းဆီးရမိသည်ဟု မြဝတီမြို့မ ရဲ့စခန်း၏ ယမန်‌နေ့ (မတ် ၃၁ရက်)...

အယ်ဒီတာ့အာ‌ဘော်

တိုင်းရင်းစာ‌ပေတိုးတက်ပြန့်ပွား‌ရေး နိုင်ငံ‌တော်စီမံကိန်းပမာ ‌ဆောင်ရွက်သင့် ယခုနှစ်ဆန်းပိုင်းတွင် သက်ဆိုင်ရာ တိုင်းရင်းသား စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီဝင်များက တိုင်းရင်းသားစာ‌ပေ သင်ရိုးညွှန်း တမ်းဆိုင်ရာ ‌ရေးဆွဲပြုစု‌ရေး လုပ်ငန်းတွင် အားစိုက် ‌ဆောင်ရွက်‌နေကြသည်။ အစည်းအ‌ဝေးများ၊ ‌တွေ့ဆုံမှုများ၊ ဖလှယ်မှုများအ ပြင် ပြည်နယ်‌ရေးရာ ‌လေ့လာစရာ သင်ရိုးညွှန်းတမ်းကိုလည်း အ‌ခြေခံပညာ‌ကျောင်းများ၏ အဆင့်ဆင့်‌သော...

ထိုင်းနိုင်ငံ နယ်စပ်တွင် ယဉ်‌ကျေးမှု ဖလှယ်ပွဲ နှစ်ရက်တာ ကျင်းပပြုလုပ်

မတ်လ ၃၁ ရက်၊ ၂၀၁၉ခုနှစ်။ စအိုင်ဆူး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ် (၅)မြို့နယ်တွင် ‌နေထိုင်‌သော ကရင်အပါအဝင် တိုင်းရင်းသား လူငယ် ၇ မျိုးပါဝင်သည့် ယဉ်‌ကျေးမှု နှီး‌နှောဖလှယ်ပွဲတစ်ခုကို မဲ‌ဆောက်မြို့၊ ဖိုးထိ (Bodhivijjalaya) ‌ကောလိပ်နှင့် တ ရုတ်တန်းတွင် ယမန်‌နေ့ မတ်လ...

နှစ်ဖက်တင်းမာမှုများကို ‌ဖြေ‌လျှော့နိုင်မှ ယုံကြည်မှုတည်‌ဆောက်နိုင်မည်ဟု JMC–U ဒုဥက္ကဌ ‌ပြော

မတ်လ ၃၁ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ရာတွင် နှစ်ဖက်တပ်များ တင်းမာမှုအ‌ခြေအ‌နေများ ကို ‌ဖြေ‌လျှော့နိုင်မှသာ ယုံကြည်မှုတည်‌ဆောက်နိုင်မည်ဟု ပြည်‌ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ ‌စောင့်ကြည့်‌ရေး‌ကော်မတီ(JMC_U) ဒုတိယ ဥက္ကဌ(၂) သူရဦးဘိုနီက ‌ကေအိုင်စီသို့ ‌ပြောသည်။ ...
Donate