Home Authors Posts by KIC News

KIC News

21807 POSTS 0 COMMENTS

ကရင်စာသင် ဆရာ၊ ဆရာမ ၆၁ ဦး မူလတန်းပြ ဆရာအတတ်သင်တန်း တက်ခွင့်ရ

ဇွန်လ ၂၄ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ အစိုးရအ‌ခြေခံပညာ‌ကျောင်းများတွင် ကရင်စာသင်ကြား‌နေသည့် ‌နေ့စား လ ‌ပေး (Teacher Assistant) ဆရာ၊ ဆရာမ ၆၁ ဦး မူလတန်းပြ ဆရာအတတ်သင်တန်းသို့ တက်‌ရောက်ခွင့် ရရှိထားသည်ဟု တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ...

ကရင်ပြည်နယ်တွင် လစ်လပ်‌နေသည့် လူမှု‌ရေးဝန်ကြီး‌နေရာတွင် ဘိုဘို‌ဝေ‌မောင် (ခ) ‌စောဘိုဘိုအား ခန့်အပ်

ဇွန်လ ၂၄ရက်၊ ၂၀၁၉ခုနှစ်။ နန်း‌ဝေဖြိုးဇာ ကရင်ပြည်နယ်တွင် လစ်လပ်‌နေသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှု‌ရေးရာဝန်ကြီးဌာနဝန်ကြီး ရာထူး‌နေရာတွင် ဘိုဘို ‌ဝေ‌မောင် (ခ) ‌စောဘိုဘိုအား အစားထိုးခန့်အပ်ရန် ယ‌နေ့ ပြုလုပ်သည့် ဒုတိယအကြိမ် ကရင်ပြည်နယ် လွှတ်‌တော်(၁၁)ကြိမ် ‌မြောက်ပုံမှန် အစည်းအ‌ဝေး ပထမ‌နေ့တွင် အတည်ပြုလိုက်သည်။ ...

‌ကောင်းမွန်သည့် အနာဂတ်‌ရောက်ရှိရန် နှစ်ဖက်အစိုးရ၏ ပံ့ပိုးမှုများ ဆက်လိုအပ်ဟု ‌ဒေါက်တာ စင်သီ ယာ‌မောင်‌ပြော

ဇွန်လ ၂၂ရက်၊ ၂၀၁၉ခုနှစ်။ စအိုင်ဆူး နယ်စပ်‌ရွှေ့‌ပြောင်း‌ဒေသတွင် ကျန်းမာ‌ရေး၊ ပညာ‌ရေးဝန်‌ဆောင်မှုများဆက်လက်‌ပေးရာတွင် ‌ကောင်းမွန်သည့် အနာဂတ်‌ရောက်ရှိရန် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ အစိုးရ၏ ပံ့ပိုးမှုများ ဆက်လက်လိုအပ်‌ကြောင်း ယ‌နေ့(ဇွန်လ ၂၂ရက်)တွင် ပြုလုပ်သည့် မယ်‌တော်‌ဆေးခန်း၏ နှစ်(၃၀) ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ‌ဆေးခန်း တည်‌ထောင်သူ ‌ဒေါက်တာ...

DKBA တပ်ဖွဲ့ဝင်အင်အား ၄ဝ ‌ကျော် BGF နှင့် ပူး‌ပေါင်းရန် သ‌ဘောတူ

ဇွန်လ ၂၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မိဇိုင်း‌တောင်‌ပေါ် ဘုရားရှိ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ခွဲထွက် DKBA) အဖွဲ့ဝင်အင်အား ၄ဝ ‌ကျော်သည် နယ်ခြား‌စောင့်တပ်-BGFနှင့် အစိုးရ တပ်မ‌တော်တို့နှင့် ပူး‌ပေါင်း သွားရန် ယ‌နေ့...

ကြာအင်းဆိပ်ကြီးတွင် ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ အဖြစ်များပြီး ‌သေဆုံးမှုရှိ‌နေ

ဇွန်လ ၂၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခုနှစ် ရာသီတုပ်‌ကွေးနှင့် ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ ဖြစ်ပွားမှု ယခင်နှစ်ထက်ပိုများလာပြီး ‌သေဆုံးမှုရှိ‌ကြောင်း မြို့နယ်ကျန်းမာ‌ရေး တာဝန်ရှိသူထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှ ယခုဇွန်လအထိ ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ အဖြစ်များ‌နေပြီး ‌ကျေးရွာအများစုမှာလည်း ခြင်မှတစ်ဆင့် ကူးစက်လွယ်ကူသည့်...

ပြည်တွင်း စာ‌ရေးဆရာများနှင့် ‌ရွှေ့‌ပြောင်း‌ကျောင်းသားများပူး‌ပေါင်း၍ ပထမဦးဆုံးအကြိမ် စာ‌ပေစကားဝိုင်းပြု လုပ်

ဇွန်လ ၂၁ ရက်၊ ၂၀၁၉ခုနှစ်။ စအိုင်ဆူး ပဲန်မြန်မာ(PEN Myanmar)က ဦး‌ဆောင်ပြီး က‌လေးများဖွံ့ဖြိုးတိုးတက်‌ရေးစင်တာ(CDC) မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်းတို့ပူး‌ပေါင်း၍ ပထမဦးဆုံးအကြိမ်“ရသအစုန်အဆန် ‌ရေးသူဖတ်သူ စုန်ဆန်ပွဲ” စာ‌ပေစကားဝိုင်း တစ်ခုကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ CDC အထက်တန်း‌ကျောင်း၌ ယ‌နေ့(ဇွန်လ ၂၁ရက်)တွင် ပြုလုပ်ခဲ့သည်။ အပြန်အလှန် နား‌ထောင်သည့် ယဉ်‌ကျေးမှုတစ်ရပ်‌ပေါ်ထွန်း‌စေရန်...

မိဇိုင်း‌တောင်တွင် DKBA နှင့် တပ်မ‌တော်၊ နယ်ခြား‌စောင့်တပ် ပူး‌ပေါင်းအဖွဲ့တို့ကြား ပစ်ခတ်မှု ပြင်းထန်

ဇွန်လ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်းရှိ မိဇိုင်း‌တောင်အနီးတဝိုက်တွင် ယ‌နေ့ (ဇွန်လ ၂၁ ရက်) နံနက် ၈ နာရီမှစတင်ကာ အစိုးရတပ်မ‌တော်၊ BGF နယ်ခြား‌စောင့်တပ်ပူး‌ပေါင်းအဖွဲ့နှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA တပ်ဖွဲ့ဝင်တို့ကြား ပစ်ခတ်မှုများပြင်းထန်စွာ ဖြစ်ပွား‌နေ‌ကြောင်း...

ကရင်ပြည်နယ်တွင်း H1N1 သံသယရှိ လူနာ မရှိ‌သေး

ဇွန်လ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်။ စဖန်း‌ရှောင်း ကရင်ပြည်နယ်တွင် ယခုနှစ် ဇွန်လ ၂ဝ ရက်‌နေ့အထိ ပြင်းထန် အဆုတ်‌ရောင်‌ရောဂါ H1N1 သံသယရှိ လူနာမ ရှိ‌သေး‌ကြောင်း ဖားအံပြည်သူ‌ဆေးရုံကြီးမှ က‌လေးအထူးကု ဆရာဝန်ကြီး ‌ဒေါက်တာ‌ဒေါ်‌ဌေး‌ဌေးဝင်းက ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောသည်။ ...
Donate