KIC News
ကရင်ပြည်နယ်ရှိ မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီဖွဲ့ရန် ညှိနှိုင်း
ဇူလိုင် ၁၈ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား
ကရင်ပြည်နယ်တွင် ပြည်နယ်အဆင့်ဖွဲ့စည်းထားပြီဖြစ်သည့် လူငယ်ရေးရာကော်မတီကို မြို့နယ်အဆင့် ထပ်မံဖွဲ့စည်းနိုင်ရန်အတွက် ယနေ့ (ဇူလိုင်လ ၁၈ ရက်) ဖားအံမြို့တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်။
ဖားအံမြို့၊ တော်ဝင်ရတနာဟိုတယ်၌ ပြုလုပ်ခဲ့သည့် အဆိုပါလုပ်ငန်း ညှိနှိုင်း အစည်းအဝေးနှင့်ပတ်သက်ပြီး ကရင်ပြည်နယ်...
ကားမီးလောင်မှုဘေးမှ လွတ်မြောက်ခဲ့သည့် မြန်မာနိုင်ငံသား ၆၄ ဦး ယခုအချိန်ထိ မဲဆောက်ရဲစခန်းတွင် ထိန်းသိမ်းခံရဆဲ
ဇူလိုင် ၁၈ ရက်၊ ၂ဝ၁၉ ခုနှစ်။ နေနော်
ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်တွင် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက အဖမ်းခံရပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ပြန်လည်ပို့ဆောင်စဉ် မော်တော်ယာဉ်မီးလောင်မှုကြောင့် အသက်ဘေးမှ လွတ် မြောက်ခဲ့ သည့် မြန်မာနိုင်ငံသား ၆၄ ဦးသည် ယနေ့(ဇူလိုင်လ ၁၈ရက်)အထိ...
အစိုးရဌာနတာဝန်ရှိသူများနှင့် ဒေသခံပြည်သူတို့ တိုက်ရိုက်မေးမြန်းနိုင်သည့် လူထုုကြားနာပွဲ ဖားအံတွင်ပြုလုပ်
ဇူလိုင် ၁၇ ရက်။ ၂၀၁၉ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်ရှိ အစိုးရဌာနဆိုင်ရာ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး လူထုများမှ တိုက်ရိုက်မေးမြန်း သိရှိ နိုင်ရန်အတွက် ရည်ရွယ်သည့် လူထုကြားနာပွဲတစ်ရပ်ကို ယနေ့ (ဇူလိုင်လ ၁၇ ရက်)တွင် ဖားအံမြို့ ၊ တော် ဝင်ရတနာဟိုတယ်၌ ပြုလုပ်ကျင်းပခဲ့သည်။
ထိုလူထုကြားနာပွဲကို...
အသွင်ပြောင်း ပိုလီယိုရောဂါ စတင်တိုက်ဖျက်ရန် နယ်စပ်ကျန်းမာရေး အဖွဲ့အစည်းများပြင်ဆင်
ဇူလိုင်လ ၁၆ရက်၊ ၂၀၁၉ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖာပွန်(မူတရော်ခရိုင်)အတွင်း ဖြစ်ပွားလျက်ရှိသော အသွင်ပြောင်းပိုလီယိုရောဂါကို ကာကွယ်၊တိုက်ဖျက်သွား ရန် နယ်စပ်ကျန်းမာရေး အဖွဲ့အစည်းများနှင့် အစိုးရ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ လိုအပ်သည့် ပြင်ဆင်မှုများ စတင် ဆောင်ရွက်နေပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့ ပြောသည်။
ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရန် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန(KDHW)၊...
မဲဆောက်ဒေသအတွင်း (Chikungunya) ဆင်တုပ်ကွေး ဖြစ်ပွားမှုများပြားလာ၊ ကလေးသူငယ်များ ပိုမိုဖြစ်ပွား
ဇူလိုင် ၁၇ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်ဒေသတွင် (Chikungunya) ခေါ် ဆင်တုပ်ကွေး ဖြစ်ပွားမှု များပြား လာပြီး ကလေးသူငယ်များတွင် ပိုမိုဖြစ်ပွားလျက်ရှိသည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ကျန်မာရေး ဝန်ဆောင်မှုပေးနေသည့် မယ်တော်ဆေးခန်းမှ ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။
ယခင်နှစ်များတွင် ပုံမှန်ရာသီတုပ်ကွေးနှင့်...
ကော့ကရိတ်-အိန္ဒု အာရှလမ်းစီမံကိန်းတွင် ကျန်ရှိနစ်နာသူ ၅၁ဦး လျော်ကြေးရရှိရေး ညှိနှိုင်းဆွေးနွေး
ဇူလိုင် ၁၆ရက်၊ ၂၀၁၉ခုနှစ်။ နန်းဝေဖြိုးဇာ
ကော့ကရိတ်မှ အိန္ဒုအထိ တိုးချဲ့လုပ်ဆောင်သည့် အာရှလမ်းစီမံကိန်းတွင် နစ်နာသူများထဲမှ လျော်ကြေးရရှိရန် ကျန်ရှိနေသေး သည့် ဒေသခံ ၅၁ဦးနှင့် စီမံကိန်းကြောင့် လျော်ကြေးပေးနိုင်ရေး ညှိနှှိုင်းဆောင်ရွက်ပေးသည့် တာဝန်ရှိသူတို့ ဇူလိုင်လ ၁၅ရက် နေ့တွင် ကရင်ပြည်နယ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံညှိနှိုင်းမှု...
၁၂ နှစ်ကြာ ပိတ်ထားသော ဘုရားသုံးဆူ နယ်စပ်ဂိတ် မကြာမီ ပြန်လည်ဖွင့် လှစ်နိုင်ရန် ပြင်ဆင်
ဇူလိုင် ၁၅ ရက်၊ ၂ဝ၁၉ ခုနှစ်။ နေနော်
ယခင်က နှစ်နိုင်ငံ ပြဿနာများကြောင့် ၁၂ ကြာ ပိတ်ထားသည့် ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သော က ရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းရှိ ဘုရားသုံးဆူမြို့၊ နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံ တာဝန် ရှိသူများ ညှိနှိုင်းပြင်ဆင်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် တစ်ဖက်ထိုင်းနိုင်ငံနှင့်...
တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ် နယ်မြေများတွင် ၂၀၂ဝ ရွေးကောက်ပွဲ အဖြစ်နိုင်ဆုံး ကျင်းပပေးနိုင်ရန် KNDP တိုက်တွန်း
ဇူလိုင် ၁၅ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာနယ်မြေများနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ ၂၀၂ဝ ခုနှစ် ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ကရင်အမျိုးသားဒီမို ကရက်တစ်ပါတီ-KNDPက တိုက်တွန်းလိုက်သည်။
ဖားအံမြို့၊ Breeze Hotel ၌ ဇူလိုင်လ ၁၃...
ဘဝမှာ လုံခြုံတဲ့ အိမ်ကောင်းလေးတစ်လုံး လိုချင်သူ မိခင်တစ်ဦး
နန်းဝေဖြိုးဇာ
ဇူလိုင် ၁၃ရက်၊ ၂၀၁၉ခုနှစ်။
နေရောင်မရှိတဲ့ နံနက်ခင်းမြူမှုန်တွေကြားက နှစ်ထပ်အိမ်ငယ်လေးရဲ့ မီးဖိုချောင်ထဲမှာ အသက် ၆၀ကျော်အမျိုးသမီးကြီးတစ်ဦး မီးသွေးမီးဖိုကို "တဟူးဟူး" မှုတ်ရင်း ထမင်းဟင်းချက်ပြုတ်နေပါတယ်။ မိုးတွင်းမို့ မိုးရွာလိုက်၊ မြူကျလိုက်ဖြစ်နေတဲ့ အေးစိမ့်တဲ့ ရာသီဥတုဒဏ်ကို အံတုရင်း အများအတွက် ချက်ပြုတ်ပေးဖို့ သူ့ရဲ့တစ်ရက်တာအလုပ်ကို စတင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
သူမကတော့ အသက်...
ကရင်ယဉ်ကျေးမှု အနုပညာအစည်းအရုံး ဥက္ကဌအဖြစ် အဆိုတော် စောအေစီကို ရွေးချယ်တင်မြောက်
ဇူလိုင် ၁၄ ရက်၊ ၂၀၁၉ ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်တွင် အခြေစိုက်သည့် ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး-KCO၏ ၄ ကြိမ်မြောက် ရွေးကောက်ပွဲကို ယနေ့ (ဇူလိုင်လ ၁၄ ရက်)တွင် ကျင်းပပြုလုပ်ခဲ့ရာ ပိုးကရင်နာမည်ကြီး အဆိုတော် တစ်ဦးဖြစ်သူ စောအေစီအား ဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်လိုက်သည်ဟု သိရသည်။
ရွေးကောက်ပွဲကို ဖားအံမြို့နယ်...















