Home သတင်း မြဝတီမြို့တွင် တစ်ပတ်အတွင်း ‌လောင်းကစားငါးဂိမ်းရုံ ၃ ရုံ ဆက်တိုက် ဖမ်းဆီး

မြဝတီမြို့တွင် တစ်ပတ်အတွင်း ‌လောင်းကစားငါးဂိမ်းရုံ ၃ ရုံ ဆက်တိုက် ဖမ်းဆီး

2645
Photo: Nay Naw

မတ်လ ၁ဝ ရက်၊ ၂၀၂ဝခုနှစ်။ ‌နေ‌နော်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် တစ်ပတ်အတွင်း ‌လောင်းကစားငါးဂိမ်းရုံ (၃)ရုံ ဆက်တိုက် ဖမ်းဆီးမှု ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်‌နေ့က မြဝတီမြို့ မဲကနယ်‌ကျေးရွာအုပ်စု ‌အေးသုခရွာရှိ ‌လောင်းကစား ငါးဂိမ်းရုံ (၁) ရုံ နှင့် မြဝတီမြို့ အမှတ်(၄) ရပ်ကွက်သစ် တပင်လမ်းရှိ လက်နက်နှင့်အတူ ‌လောင်းက စားငါးဂိမ်းရုံ (၁)ရုံတို့အား ဖမ်းဆီးခဲ့ပြီး‌နောက် ယ‌နေ့ မတ်လ ၁ဝ ရက်‌နေ့ နံနက်ပိုင်းက မြဝတီမြို့ အမှတ် (၂)ရပ်ကွက် ‌အောက်ချိုင့်လမ်းရှိ ‌လောင်းကစား ငါးဂိမ်းရုံ (၁)ရုံအား မြဝတီခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယ‌နေ့ နံနက် ၅နာရီခွဲအချိန်ခန့်က မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ခရိုင်မှုခင်းနှိမ်နင်း‌ရေးဌာနစိတ်မှ ရဲတပ်ကြပ်ကြီး မင်း‌ဇော်ဝင်း ဉီးစီးအဖွဲ့၊ မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် မင်းမင်းထွန်း ဉီးစီးအဖွဲ့တို့သည် သက်‌သေများနှင့်အတူ မြဝတီမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ‌အောက်ချိုင့်လမ်းရှိ အလျား(၆၀)‌ပေ၊ အနံ(၃၀) ‌ပေခန့်ရှိသွပ်မိုး၊ အုတ်ညှပ်အ‌ဆောက်အဦတစ်ခုအတွင်း ဝင်‌ရောက်ရှာ‌ဖွေခဲ့သည်။

ထိုသို့ဝင်‌ရောက်ရှာ‌ဖွေရာတွင် ဂိမ်းရုံမန်‌နေဂျာ ဉာဏ်‌ဇော်ထွန်း နှင့် ဂိမ်းရုံတာဝန်ခံ သက်ပိုင်မင်း အပါ အဝင် ‌လောင်းကစားပြုလုပ်သူ (၁၇)ဦးအား ငါးဂိမ်း‌လောင်းကစားစက် (၆)လုံး၊ သံ‌ခြေ‌ထောက် တပ် ထိုင်ခုံ(၁၆)လုံး၊ သစ်သားထိုင်ခုံ(၈)လုံး၊ KEMAGE စာတမ်းပါ အပြာ‌ရောင်မီးစက်(၁)လုံး၊ Power Tree စာတမ်းပါ မီးအားထိန်းစက်(၂)လုံး၊ မသန်းသန်းမြင့်ထံမှ ‌ဘေးလွယ်အိတ်အပြာ‌ရောင်(၁)လုံး၊ ‌ငွေစက္ကူ ၅၀,၀၀ဝ (ငါး‌သောင်း)ကျပ်၊ မမာလာထံမှ ‌ဘေးလွယ်အိတ် အနက်‌ရောင်(၁)လုံး၊ ‌ငွေစက္ကူ ၄၀၆,၀၀ဝ (‌လေးသိန်း‌ခြောက်‌ထောင်)ကျပ်အား ‌တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၂)ရပ်ကွက်၊ ‌အောက်ချိုင့်လမ်း‌နေသူ ဆိုင်မန်‌နေဂျာ ဉာဏ်‌ဇော် ထွန်း ၃၆ နှစ်နှင့် အမှတ် (၅) ရပ်ကွက်၊ မြို့ပတ်လမ်း‌နေသူ ဆိုင်တာဝန်ခံ သက်ပိုင်မင်း ၃၆ နှစ်တို့ အပါအဝင် ‌လောင်းကစားပြုလုပ်သူ စုစု‌ပေါင်း(၁၇)ဦးအား မြဝတီမြို့ မရဲစခန်းမှ (ပ)၂၇၂/၂၀၂၀၊ ‌လောင်းကစား ဥပ‌ဒေပုဒ်မ-၁၆(က)/၁၇(က)/၁၈(က)ဖြင့် အမှုဖွင့်အ‌ရေးယူ‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ယခုလို အ‌သေးစား ‌လောင်းကစားရုံများကို အာဏာပိုင်များက ဝင်‌ရောက်ဖမ်းဆီးမှုများ ဆက်တိုက် လုပ်‌ဆောင်လာ‌သော်လည်း နယ်စပ်တစ်‌လျှောက်ရှိ အကြီးစား ‌လောင်းကစားရုံများကိုမူ တစ်စုံတစ်ရာ လုပ်‌ဆောင်မှုမရှိ‌သေးသည့်အတွက် မြို့ခံလူထုများအကြား ‌ထောက်ပြ‌ဝေဖန်မှုများရှိသည်။