Home သတင်း ကရင်ပြည်နယ်ရှိ ကိုရိုနာဗိုင်းရပ်စ်‌စောင့်ကြည့်လူနာတစ်ဦးအား ဆက်လက်‌စောင့်ကြည့်‌နေဆဲ

ကရင်ပြည်နယ်ရှိ ကိုရိုနာဗိုင်းရပ်စ်‌စောင့်ကြည့်လူနာတစ်ဦးအား ဆက်လက်‌စောင့်ကြည့်‌နေဆဲ

2556

မတ်လ ၉ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌စောရှား

ဖားအံပြည်သူ့‌ဆေးရုံကြီးတွင် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုခံယူ‌နေ‌သော ကိုရိုနာဗိုင်းရပ်စ် သံသယ ဖြစ်ဖွယ် ‌စောင့်ကြည့် လူနာတစ်ဦးအား ဆက်လက်‌စောင့်ကြည့်လျက် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများ လုပ်‌ဆောင်‌ပေး‌နေ‌ကြောင်း ပြည်နယ်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

‌စောင့်ကြည့်လူနာ အမျိုးသမီးငယ်အ‌နေဖြင့် အသက်ရှူလမ်း‌ကြောင်းဆိုင်ရာ‌ရောဂါ လက္ခဏာများ ရှိမရှိ အမျိုးသားကျန်းမာ‌ရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ထံ‌ပေးပို့စစ်‌ဆေးရာတွင် ၎င်း၌ ပြင်းထန်အသက် ရှူလမ်း‌ကြောင်းဆိုင်ရာ‌ရောဂါလက္ခဏာမ‌တွေ့ရှိ‌ကြောင်း မတ်လ ၈ ရက်‌နေ့ညကသတင်း ထုတ်ပြန် ခဲ့ပြီးလည်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ် လူမှု‌ရေးဝန်ကြီး ‌စောဘိုဘို‌ဝေ‌မောင်က “သူ့(လူနာ) အ ဆုတ်က နည်းနည်းပွ‌နေ‌တော့ စိုးရိမ်လို့ ‌စောင့်ကြည့်လူနာအ‌နေနဲ့ သတ်မှတ်လိုက်တယ်။ မ‌နေ့ည‌နေ တုန်းက အ‌ဖြေတစ်ခု အရင်ဆုံးထွက်လာတာက‌တော့ တီဘီ‌ရောဂါတစ်မျိုးရှိ‌နေတယ်။ ဒါ‌ကြောင့် Covid(ကိုရိုနာ) ဖြစ်ဖို့‌တော့ နည်းသွားတာ‌ပေါ့။ အ‌ဖြေက‌တော့ ဒီည မဟုတ်ရင် မနက်ဖြန် ထွက် လာ မှာပါ။” ဟု ယ‌နေ့(မတ်လ ၉ ရက်)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့(မတ်လ ၈ ရက်)က အဆိုပါ ‌စောင့်ကြည့်လူနာအား ဖားအံ‌ဆေးရုံကြီးရှိ သီးသန့်အခန်းထဲ တွင် ထားရှိလျက် ၎င်း၏ ဆီး၊ ‌သွေး၊ သလိပ် နမူနာများကိုယူကာ ‌နေပြည်‌တော်သို့ ပို့‌ဆောင်ပြီး အ ‌သေးစိတ်စစ်‌ဆေး ‌ဆောင်ရွက်လျက်ရှိ‌ကြောင်းလည်း ဝန်ကြီးက ဆက်‌ပြောသည်။

အဆိုပါသံသယရှိလူနာ အမျိုးသမီးငယ်မှာ ဖားအံမြို့ကမ်းနားလမ်းတွင် ‌နေထိုင်သူဖြစ်ပြီး ပြီးခဲ့သည့် ၃ ရက်ခန့်က ထိုင်းနိုင်ငံ ဘန်‌ကောက်မှတစ်ဆင့် မြန်မာနိုင်ငံတွင်း ပြန်လည်‌ရောက်ရှိလာ သူဖြစ်‌ကြောင်း သိရသည်။

တရုတ်နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်‌ကြောင့် လက်ရှိအချိန်တွင် ကမ္ဘာတဝှမ်း နိုင်ငံ ‌ပေါင်း ၉ဝ ‌ကျော်မှ ကူးစက်ခံရသူ ၉၈,၁၀၂ ဦးရှိသည့်အနက် ၃,၃၁၆ ဦး‌သေဆုံးပြီး မြန်မာနိုင်ငံ အ‌နေဖြင့် ကူးစက်ခံရသူမရှိ‌သေး‌ကြောင်း ကျန်းမာ‌ရေးနှင့် အားကစား ဝန်ကြီးဌာနက ယမန်‌နေ့ ( မတ်လ ၈ရက်)က သတင်းထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မတ်လ ၆ ရက်‌နေ့အထိ လူ‌ပေါင်း ၄၇ ဦး ကူးစက်ပြီး ၁ ဦး ‌သေဆုံးခဲ့‌ကြောင်းလည်း သိရသည်။