Home သတင်း ကရင်ပြည်နယ်ရှိ ‌စောင့်ကြည့် လူနာတစ်ဦးတွင် COVID-19 မရှိ‌ကြောင်း ထပ်မံ သတင်းထုတ်ပြန်

ကရင်ပြည်နယ်ရှိ ‌စောင့်ကြည့် လူနာတစ်ဦးတွင် COVID-19 မရှိ‌ကြောင်း ထပ်မံ သတင်းထုတ်ပြန်

2909
Photo: Internet

မတ်လ ၁ဝ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ဖားအံပြည်သူ့‌ဆေးရုံကြီးတွင် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုခံယူ‌နေ‌သော ‌စောင့်ကြည့် လူနာ တစ်ဦးတွင် အသက်ရှူလမ်း‌ကြောင်းဆိုင်ရာ‌ရောဂါပိုး ကိုရိုနာဗိုင်းရပ်စ် COVID-19 မရှိ‌ကြောင်း ကျန်းမာ ‌ရေးနှင့် အားကစားဝန်ကြီးဌာနမှ မတ်လ ၉ ရက်‌နေ့ညတွင် ထပ်မံ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အသက် ၁၈ နှစ်အရွယ် ‌စောင့်ကြည့်လူနာ အမျိုးသမီးငယ်အ‌နေဖြင့် အသက်ရှူလမ်း‌ကြောင်းဆိုင်ရာ ‌ရောဂါ ရှိမရှိ အမျိုးသားကျန်းမာ‌ရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ထံ ‌ပေးပို့စစ်‌ဆေးရာတွင် ၎င်း၌ ပြင်းထန် အသက်ရှူလမ်း‌ကြောင်းဆိုင်ရာ‌ရောဂါလက္ခဏာမ‌တွေ့ရှိ‌ကြောင်း မတ်လ ၈ ရက်‌နေ့ညက ကနဦး သတင်း ထုတ်ပြန်ခဲ့ပြီးလည်း ဖြစ်သည်။

ယခင်ကတည်းက တီဘီ‌ရောဂါအခံရှိခဲ့‌သော အဆိုပါ အမျိုးသမီးငယ်မှာ ထိုင်းနိုင်ငံ ဘန်‌ကောက်တွင် ‌ကျောင်း တက်‌နေသူဖြစ်ပြီး ပြီးခဲ့သည့် ၄ ရက်ခန့်က ဖားအံသို့ အလည်အပတ် ပြန်လည်‌ရောက်ရှိ‌နေစဉ် ယခုလို ‌စောင့်ကြည့်လူနာ စာရင်းဝင်သွားခဲ့သည်ဟု သိရသည်။

မတ်လ ၈ ရက်တွင် ‌စောင့်ကြည့်လူနာအား ဖားအံ‌ဆေးရုံကြီးရှိ သီးသန့်အခန်းထဲ၌ ထားရှိလျက် စိတ်ချရ‌သော အ‌ခြေအ‌နေ‌ရောက်မှသာ ‌ဆေးရုံမှ ဆင်းခွင့်ရမည်ဖြစ်‌ကြောင်းလည်း ကရင်ပြည်နယ် လူမှု‌ရေးဝန်ကြီး ‌စောဘိုဘို ‌ဝေ‌မောင်ထံမှ သိရသည်။

တရုတ်နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်‌ကြောင့် ကရင်ပြည်နယ်၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မတ်လ ၁ဝ ရက်‌နေ့အထိ လူ‌ပေါင်း ၅ဝ ဦး ကူးစက်ပြီး ၁ ဦး ‌သေဆုံးခဲ့‌ကြောင်းလည်း သိရသည်။