KIC News
မယ်လ ဒုက္ခသည်စခန်း၌ နေအိမ်မီးလောင်မှု အကြီးအကျယ်ဖြစ်ပွားနေ
ဖေဖော်ဝါရီ ၉ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ကရင်ဒုက္ခသည်စခန်းအတွင်း၊ Zone C 3A ရပ်ကွက်၌ ယခုညပိုင်းတွင် လူနေအိမ် မီးလောင်မှု အကြီးအကျယ်ဖြစ်ပွားနေကြောင်း စခန်းတွင်းနေထိုင်သူများထံမှသိရသည်။
ယနေ့ည ၉နာရီ ခွဲလောက်မှစတင်လောင်ကျွမ်းနေပြီး လက်ရှိတွင် မယ်လစခန်း၏ 3A ရပ်ကွက်တစ်ခုလုံးနီးပါး လောင်ကျွမ်းနေပြီး...
ဝင်းရော်ဒေသ အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲပညာရေးဝန်ထမ်းအများအပြား ပါဝင်လာ
ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ စောရှား
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဝင်းရော်ဒေသခံများဦးဆောင်၍ ယနေ့(ဖေဖော်ဝါရီ ၉ ရက်) စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ အများအပြားပါဝင်လာခဲ့ကြသည်။
ဝင်းရော်ဒေသရှိ ဘုရားငါးဆူ၊ ဒုံလီ၊ တတော်နိုင်၊ ခလယ်၊...
မြဝတီမြို့ တတိယနေ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြမှု ဌာနဆိုင်ရာဝန်ထမ်းများ ပိုမိုပါဝင်လာ
ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၁ ခုနှစ် ။ နေနော်
ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကရင်ပြည်နယ် မြဝတီမြို့ တတိယနေ့ စစ်အာဏာ သိမ်းမှုဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ၌သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ ကျန်းမာရေးဝန်ထမ်းများနှင့် တရားလွှတ်တော်ရှေ့နေများ စသည့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ ပြည်သူများနှင့်...
ကရင်ပြည်နယ် ဒုတိယနေ့ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြမှုတွင် နယ်ဘက်ကျေးရွာဒေသခံများပူး ပေါင်းပါဝင်လာ
ဖေဖော်ဝါရီ ၉ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၏ ယနေ့ ဒုတိယနေ့အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွင် မြို့ပေါ် ဒေသခံများသာမက ထောင်နှင့်ချီသည့် နယ်ဘက် ကျေးရွာ ဒေသခံများသည် မြို့ပေါ် ဆန္ဒဖော်ထုတ်မှုတွက် ပူးပေါင်းပါဝင်လာကြောင်း ကွင်းဆင်းသတင်းရယူနေသည့် ကေအိုင်စီ သတင်းထောက်များက ပြောသည်။
ယမန်နေ့ ညက လက်ရှိ...
ဆန္ဒပြသူများနှင့် ပတ်သက်မှုမရှိရန် တပ်ဖွဲ့ဝင်များကို DKBA ညွှန်ကြား
ဖေဖော်ဝါရီ ၈ ရက်၊ ၂ဝ၂၁ ခုနှစ်။ ကေအိုင်စီ
နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲများတွင် တပ်ဖွဲ့ဝင်များအနေဖြင့် ပါဝင်ပတ်သက်မှုမရှိရန် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA အဖွဲ့က ယနေ့( ဖေဖော်ဝါရီ ၈ ရက်)တွင် ညွှန်ကြားစာထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြပွဲများ၌ DKBA လက်အောက်ခံ တပ်ဖွဲ့ဝင်များအနေဖြင့်...














