Home သတင်း သကြင်္န်အကျ‌နေ့ မြဝတီမြို့တွင် ‌ရေပက်ခံသူ ‌ရေကစားသူများ မရှိသ‌လောက်နည်းပါး

သကြင်္န်အကျ‌နေ့ မြဝတီမြို့တွင် ‌ရေပက်ခံသူ ‌ရေကစားသူများ မရှိသ‌လောက်နည်းပါး

1284

ဧပြီလ ၁၄ ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ကောင်စီမှ မြန်မာ့နှစ်ကူး သကြင်္န်ပွဲ‌တော်အား အုန်းလက်မဏ္ဍပ် ထိုး၍ ‌ရေကစားခွင့်ပြုထား‌သော်လည်း ကရင်ပြည်နယ် မြဝတီမြို့တွင် လမ်းသွယ်များတွင် က‌လေးသူငယ် တစ်ချို့မှလွဲ၍ တစ်မြို့လုံးနီးပါး ‌ရေပက်ခံသူ ‌ရေကစားသူများ မရှိသ‌လောက်နည်းပါး‌ကြောင်း ‌တွေ့ရသည်။

ယခင်က သကြင်္န်အခါသမယများမှာ တိုးမ‌ပေါက်‌အောင် စည်ကားခဲ့‌သော ဘုရင့်‌နောင်လမ်းမကြီး နှင့် ကြံခင်းလမ်းတ‌လျှောက်တွင် ယ‌နေ့ ဧပြီလ ၁၄ ရက် မဟာသကြင်္န်အကျ‌နေ့၌ ‌ရေပက်ခံသူ ‌ရေကစားသူများ မရှိဘဲ ‌ခြောက်‌သွေ့လျက် ရှိ‌နေသည်။

“စစ်‌ကောင်စီအာဏာသိမ်းပြီး‌နောက် နိုင်ငံတဝှမ်းမှာ ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူ‌တွေကို ပစ်သတ်ခဲ့တာ အခုဆိုရင် ‌သေဆုံးသူ လူ ၇၀ဝ ‌ကျော်သွားပြီး။ ဒီလို ပြည်သူ‌တွေ ‌သေ‌နေတဲ့အချိန် ယခုလို သကြင်္န်ပွဲမှာ ဘယ်လိုစိတ်မျိုးနဲ့မှ မ‌ပျော်ရွှင်နိုင်ပါ”ဟု မြဝတီမြို့ ခံ တစ်ဦးက ‌ပြောသည်။

၎င်းအပြင် အာဏာသိမ်း စစ်‌ကောင်စီလက်ထက် ကျင်းပသည့် သကြင်္န်ပွဲ‌တော်အား ပါဝင်ဆင်နွှဲခြင်း မပြုကြရန် မြဝတီမြို့ မှ စစ်အာဏာရှင်ဆန့်ကျင်‌ရေး Gen. Z လူငယ်များက လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြည်သူလူထုသို့ တိုက်တွန်း နှိုး‌ဆော်ထားသည်။