Home ဆောင်းပါး ယုံကြည်မှုရှိပါ‌စေ (‌ဆောင်းပါး)

ယုံကြည်မှုရှိပါ‌စေ (‌ဆောင်းပါး)

3370

ယုံကြည်မှုရှိပါ‌စေ

S.မင်းခိုက်သူ (P.T.N)

ယုံကြည်မှုသည် လူတို့၏ဘဝကို ‌ပြောင်းလဲ‌စေပါသည်။ မြင့်ရာမှနိမ့်ရာသို့ ပို့‌ဆောင်‌ပေးသည်။
ယုံကြည်မှု‌ကြောင့် လူတို့၏ဘဝ‌နေ့ညမပြတ် တိုးတက်လာခဲ့သည်။ ယုံကြည်မှု‌ကြောင့် အတိတ်ကလူသားတို့သည် လူ့‌ဘောင်လူ့‌လောကကို ‌ပြောင်းလဲရှင်သန်‌စေခဲ့သည်။ သမိုင်းသစ်ကို ဖန်တီးခဲ့ကြသလို ‌ခေတ်သစ်ကိုလည်းဖန်တီးခဲ့ကြသည်။ ‌ခေတ်သည် တစ်သတ်မှတ်တည်း ‌နေမည်မဟုတ်‌ပေ။ ယခုမျက်‌မှောက်နှင့် အနာဂတ် ဘဝကိုလည်း ‌ပြောင်းလဲ‌စေဦးမည်ဖြစ်သည်။ ယုံကြည်မှု တစ်ခုလား မဟုတ်‌ပေ။ ယုံကြည်မှုသည် ပညာနှင့်တွဲရပါသည်။ ပညာမပါ‌သော ယုံကြည်မှုသည် အကန်းဖြစ်နိုင်သလို ယုံကြည်မှုမပါ‌သော ပညာသည် ‌အောင်မြင်မှုနှင့် လွဲနိုင်ပါသည်။ သို့တွက်‌ကြောင့် ယုံကြည်မှုနှင့် ပညာသည် ဒွန်တွဲလျက် ရှိ‌နေရပါမည်။

အလုပ်တစ်ခုကို လုပ်‌ဆောင်ရာတွင် ‌အောင်မြင်မှုရရှိရန်မှာ ‌အောင်မြင်ရမည်ဟူ‌သော ယုံကြည်မှုစိတ်
ဓာတ်ကို ပြတ်သွားစွာထားရှိ၍ အမှားအမှန်အ‌ကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်‌သော ပညာသည်လည်းပါရှိပြီး ဆိုပါလျှင် မဆုတ်မနှစ်ပြင်းစွာ‌သော ဝီရိယစိတ်သည် ပါလာ‌တော့၏။ ဝီရိယဇွဲစိတ်သည်လည်း အဓိကကျသည့် အရာတစ်ခုပင်သည်။ ကြိုးစားအားထုတ်မှု ဝီရိယဇွဲစိတ်မရှိ ဖြစ်‌နေပါလျှင်လည်း ‌အောင်မြင်မှုနှင့် လွဲ‌ပေလိမ့်မည်။ တကယ်ယုံကြည်လျှင် တကယ်လုပ်မည့် ဝီရိယဇွဲစိတ်ဖြင့် အလုပ်ကို လုပ်‌ဆောင်‌တော့၏။

တကယ်စင်စစ် ‌အောင်မြင်မှုဟူသည် လွယ်လွယ်နှင့် ရ‌ကောင်း‌သော အရာမဟုတ်‌ပေ။ ယုံကြည်မှုကို ခိုင်မာစွာထားရှိပြီး အခက်အခဲကို လုံ့လဝီရိယစိတ်ဖြင့် ‌ကျော်လွှာရန် ကြိုးစားအားထုတ်ရပါသည်။ ဧဝရက်‌တောင်ကို အများအားဖြင့် ကြားဖူးကြ‌ပေလိမ့်မည်။ ဧဝရက်‌တောင်သည် ဟိမဝန္တာ၏တစ်ခုတည်း‌သော ‌တောင်တန်း၌ တည်ရှိသည်။ ‌တောင်၏‌မြောက်ဘက်တွင် တိဗက်နိုင်ငံတည်ရှိပြီး ‌တောင်၏‌တောင်ဘက်တွင် နီ‌ပေါနိုင်ငံတည်ရှိသည်။ အမြင့်‌ပေ‌ပေါင်း ၂၉.ဝ၀၂‌ပေရှိပြီး မိုင်အားဖြင့်ဆိုလျှင် ငါးမိုင်ခွဲ‌လောက် မြင့်ပါသည်။ ဆယ့်နှစ်လလုံးလုံး ‌ရေခဲ‌တွေက ဖုံးလွှမ်းလို့‌နေသည်။ အမြဲတန်း‌လေက တိုက်ခတ်လျက်ရှိပြီး ‌တောင်ထိပ်‌ပေါ်တွင် ‌ရေခဲတုံးကြီးများက ပြိုလဲကျတတ်သည်။ နှင်းမုန်တိုင်း‌တွေလည်း အခါအား‌လျော်စွာ တိုက်ခတ်တတ်‌လေသည်။

‌ရှေးအခါက ဧဝရတ်‌တောင်ထိပ်ကို ‌ခြေချနိုင်ဖို့အတွက် ‌ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ကြသည်။
အသက်‌တွေလည်း ‌မြောက်များစွာ ဆုံးရှုံးခဲ့ကြသည်။ သို့‌သော် လူသားတို့သည် ယုံကြည်မှုနှင့်အတူ အား‌လျော့ခြင်းမရှိဘဲ ဇွဲလုံ့လကြီးစွာဖြင့် ကြိုးစားလာခဲ့ကြသည်။ ‌တောင်ကြီးဖဝါး‌အောက် ဆိုသလို‌တောင်က မည်မျှပင် ကြီးမားမြင့်မားပါ‌စေလူ၏ လုံးလဇွဲကြီးမားမှု‌ကြောင့် တစ်ချိန်မှာ လူ၏ဖဝါး‌အောက်ကို ‌ရောက်သွားကြရသည်။

နယူးဇီလန်ပြည်သား အက်ဒမန်ဟီလာရီနှင့် နီ‌ပေါပြည်က ‌တောင်‌ပေါ်သားတန်ဇင်း‌နော်ကီတို့သည်
ဇွဲလုံ့လနှင့် ကြိုးစားတက်ရာတွင် ၁၉၅၃ခုနှစ်၊ ‌မေလ၂၉ရက်‌နေ့ နံနက်၁ဝနာရီ မိနစ်၃ဝအချိန်တွင် သူတို့နှစ်ဦး ဧဝရက်‌တောင်ထိပ်သို့ ‌အောင်မြင်စွာဖြင့် ‌ရောက်ရှိခဲ့ကြ‌လေသည်။ လူသားနှစ်ဦး၏ လူ့‌ခြေရာသည် ကြီးမားသည့် ဧဝရက်‌တောင်ထိပ်သို့ ချနင်းနိုင်ခဲ့သည်။

လူသားများ၏ ကြိုးစားမှု၊ ‌အောင်မြင်မှုသည် ယုံကြည်မှုအ‌ပေါ်တွင် မူတည်ပါသည်။ ယုံကြည်
မှုကို အပြည့်အဝ ထားရှိသူသည် တစ်‌နေ့‌အောင်မြင်မှုကို ရရှိမည်မှာမလွဲ ဧကန်ပင်ဖြစ်သည်။ ယုံကြည်မှုသာရှိ ပြီး ဇွဲလုံ့လဝီရိယဖြင့် အားထုတ်မှုမရှိပါလျှင် လူသည်‌အောင်မြင်မှုကို ရရှိလိမ့်မည်မဟုတ်‌ပေ။ ‌ပေါ့‌ပေါ့‌လျော့‌လျော့လုပ်‌နေလျှင် ‌အောင်မြင်မှုနှင့် လွဲမည်မှာ‌သေချာသည်။ ယုံကြည်မှုသည် မိမိဘဝအတွက် တက်လမ်းကိုပို့‌ဆောင် ‌ပေးပါ လိမ့်မည်ဖြစ်သည်။ သူတို့ဦးနှစ်၏ ခိုင်မာ‌သော ယုံကြည်မှုသည် ဧဝရတ်‌တောင်ထိပ်သို့ ‌ရောက်ရှိ‌စေခဲ့‌လေသည်။

စင်စစ် ယုံကြည်ခြင်းရှိသူသည် မိမိ၏ခန္ဓာကိုယ်ကိုပင် စွန့်လွတ်နိုင်စွမ်း ရှိပါသည်။ အများအတွက်
ပြည်သူအတွက် မိမိလူမျိုးအတွက် စွန့်လွတ်ခဲ့ကြသည့် သူရဲ‌ခေါင်းအာဇာနည်များစွာ ‌ပေါ်‌ပေါက်ခဲ့ဘူးပြီး ဖြစ်သည်။ ‌နောင်လည်း‌ပေါ်‌ပေါက် ဦးမည်ဖြစ်သည်။ မိမိလူမျိုးအတွက် အသက်စွန့်ခြင်းသည်လည်း‌ကောင်း၊ အမှန်တရားအတွက် အသက်စွန့်ခြင်းသည်လည်း‌ကောင်း မွန်မြတ်၏ဟု ပညာရှိများက ခံယူကြ‌လေသည်။ နှစ်ဆယ်ရာစု မျက်‌မှောက်‌ခေတ်တွင် ‌ကျော်ကြားလျက်ရှိ‌သော ဗြိတိသျှဒဿန ဆရာကြီးဘာထန်ရပ်ဆယ်သည် အသက်၈၉နှစ် အရွယ်ကြီးတွင် ‌ထောင်ကျခံပြီး လူသားများကို အန္တရာယ်‌ပေးမည့် ဟိုက်ဒရိုဂျင်ဗုံး ဆန့်ကျင်‌ရေးအတွက် တိုက်ပွဲဝင်ခဲ့သည်။ လူသားတို့အား သနားကရုဏာအပြည့်ဖြင့် ‌ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကရင်အမျိုးသား ‌စောဘဦးကြီးနှင့် အရာရှိအခံ ကရင်သူရဲ‌ကောင်း များစွာတို့သည် မိမိတို့၏ ယုံကြည်ချက်၊ ယုံကြည်မှု အပြည့်ဖြင့် မိမိတို့၏အမျိုးသားအတွက် ရဲရင့်စွာဖြင့် အသက်ကို‌ပေးသွားခဲ့ကြသည်။ နိုင်ငံ‌ရေး သမားများသည်လည်း မိမိတို့၏ယုံကြည်မှု‌ကြောင့် မိမိတို့ဘဝကို နှစ်‌ပေါင်းများစွာ ‌ထောင်ထဲတွင် စ‌တေးခံခဲ့ကြသည် မဟုတ်ပါလား။ ယုံကြည်မှုသည် အရာရာကို ‌ပြောင်းလဲ‌စေပါသည်။

လူ့ယဉ်‌ကျေးမှု သမိုင်းတစ်‌လျှောက်၌ ‌ဆော့ခရတ္တိ၏ အ‌တွေးအ‌ခေါ်နှင့် နာမည်သည် မွန်မြတ်
သန့်စင်ပြီး ထာဝရထွန်းလျက်ရှိခဲ့သည်။ ဘဝအ‌မှောင်လမ်း လင်းလက်ဖို့ ပညာဆီမီး‌ရောင်ကို ထွန်းလင်း
‌ပေးခဲ့သည်။ ‌ဆော့ခရတ္တိသည် လူငယ်လူရွယ်‌တွေကို ဖျက်ဆီးသည်။ ဂရိနတ်ဘုရား‌တွေကိုလည်း မကိုးကွယ်၊ဘာသာတရားကို ဖျက်ဆီးသည်။ ‌ရှေးထုံးအစဉ် အလာ‌တွေကိုလည်း လိုက်နာခြင်းမရှိဟု ဆိုပြီးရုံးတင်
တရားစွဲသည်။ သုခမိန်ကြီး ‌ဆော့ခရတိ္တသည် ‌သေခါနီး ‌နောက်ဆုံးတွင် ဆုံးမစကား ‌ပြောသွားခဲ့သည်။ ထိုအထဲတွင် တချို့မှာ ‌အောက်ပါအတိုင်း ဖြစ်သည်။

“တပည့်တို့ ‌ကောင်းမှု၊ ဆိုးမှုကို စိစစ်‌ဝေဖန်ခြင်း မရှိဘဲနှင့် အသက်ရှင်လျက် ‌နေထိုင်တဲ့ ဘဝမျိုးဟာ ‌နေထိုက်တဲ့ ဘဝမျိုးမဟုတ်ဘူး။ မသူ‌တော်အကျင့်ကို ကျင့်‌နေကြတဲ့ ထိုသူတို့ ‌ပြောဆို‌နေသည့် စကားမျိုးကို ငါ‌ပြောဆိုပြီး အသက်ရှင်‌နေရခြင်းထက် သူ‌တော်‌ကောင်း အကျင့်ကိုကျင့်ပြီး ငါ‌ပြောဆို‌နေကျ စကား‌တွေကို‌ပြောဆိုရင်း ‌သေသွားရသည်ကိုသာ ငါပို၍အလို ရှိသည်။ ဤ‌လောကမှာ ‌သေခြင်းတရားကို ‌ရှောင်ရှားရန်ကား မခက်ပါ။ သို့‌သော် အကုသိုလ်ဒုစရိုက် တရားများကို ‌ရှောင်ရှားရန်ကား အဆတစ်ရာမက ပို၍ ခက်ခဲလှ‌ကြောင်းကို သင်တပည့်တို့ မှတ်ရစ်ကြပါ‌လေ။ သူ‌တော်‌ကောင်းတရားကို စွဲမြဲစွာကျင့်သုံး ‌ဆောက်တည်ထားသူ တစ်ဦးအဖို့ ယခုဘဝမှာ‌သော် လည်း‌ကောင်း၊ ‌နောင်သံသရာမှာ ‌သော်လည်း‌ကောင်း အကုသိုလ်သည် ဖြစ်ဖွယ်မရှိပြီ” ဟု ဆရာဆန်းလွင်၏ ‌ရွှေ‌တောင်တက်ဒဿနစာအုပ်၌ ‌ရေးပြထားသည်။

မည်သည့်အလုပ်ကို လုပ်ကြသည်ဖြစ်‌စေ ယုံကြည်မှုကို ထားရှိရပါမည်။ ယုံကြည်မှုသည် မိမိတို့
အလုပ်တွင် ‌အောင်မြင်မှုကို စတင်ဦး‌ဆောင်‌ပေးမည့် ခွန်အားတစ်ခုပင် ဖြစ်သည်။ ယုံကြည်မှု အား‌ကောင်း သူတိုင်းသည် အခက်အခဲဟူသမျှကို ‌ကျော်လွှားနိုင်၏။ လူသည် ယုံကြည်ချက်ခိုင်မာမှု မရှိပါက အခက်အခဲ အကြပ်အတည်းများနှင့် ကြုံ‌တွေ့ရသည့်အခါ ကြံ့ကြံ့ခံနိုင်ဖို့ သတိ္တ‌တွေ စိတ်ခွန်အား‌တွေ မရှိဘဲ ‌နောက်ဆုတ်သွားတတ်‌လေ့ ရှိပါသည်။ ထိုအခါ တသက်လုံး‌အောင်မြင်ခြင်း ဘဝတိုးတက်မှုနှင့် ‌ဝေးကွာသွား မည်ဖြစ်ပြီး ဘဝအရှုံးသမား အဖြစ်သို့လည်း ‌ရောက်သွားနိုင်ပါသည်။ ယင်းသို့မဖြစ်ရ‌လေ‌အောင် ခိုင်မာ
‌သော ယုံကြည်မှုက စွဲမြဲပြီး ရှိ‌နေရပါမည်။

ထို့‌ကြောင့် မိမိတို့သည် အမျိုးသား‌ရေးအတွက်ဖြစ်‌စေ၊ တိုင်းပြည်အတွက်ဖြစ်‌စေ၊ စီးပွား‌ရေး၊ ဘာသာ‌ရေးအတွက်ဖြစ်‌စေ လုပ်‌ဆောင်ကြရာတွင် ယုံကြည်မှုနှင့် ကင်းကွားလို့မရ‌ပေ။ ယုံကြည်မှုကို ရာနှုန်းပြည့် ထားရှိရမည့်အ‌ကြောင်း တင်ပြလိုက်ရပါသည်။

S.မင်းခိုက်သူ (P.T.N)