Home သတင်း ‌ရွှေဂွန်း အ.ထ.က ‌ကျောင်းတွင် ယခင်နှစ် ပုံမှန်‌ကျောင်းအပ်နှံသူဦး‌ရေထက်နည်းပါး

‌ရွှေဂွန်း အ.ထ.က ‌ကျောင်းတွင် ယခင်နှစ် ပုံမှန်‌ကျောင်းအပ်နှံသူဦး‌ရေထက်နည်းပါး

2510

ဇွန်လ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ‌ရွှေဂွန်းအ‌ခြေခံပညာအထက်တန်း‌ကျောင်းတွင် ယခုနှစ် ပညာသင် နှစ်အတွက် ‌ကျောင်းအပ်သူဦး‌ရေမှာ ထက်ဝက်‌ကျော်နည်းပါးသွား‌ကြောင်း ၏ ‌ပြောပြချက်အရ သိရှိရသည်။

အ.ထ.က(‌ရွှေဂွန်း) ‌ကျောင်းတွင် ‌မေလ ၂၄ ရက်မှ ၃၁ ရက်‌နေ့အထိ အလယ်တန်းမှ အထက်တန်းအထိ ‌ကျောင်းအပ်လက်ခံရာတွင် ယခင်နှစ် ပုံမှန်‌ကျောင်းအပ်နှံသူ တစ်‌ထောင်‌ကျော်ရှိသည့်အနက် ယခုနှစ်တွင် ‌ကျောင်းအပ်နှံသူ သုံးရာ‌ကျော်သာ ရှိသည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးထံက သိရသည်။

၎င်းက ” ‌ရွှေဂွန်း‌ကျောင်းမှာ ‌ကျောင်းအပ်တဲ့သူက နည်းပါတယ်။ နယ်ဘက်ကဆို‌ကျောင်းလာအပ်တာ တစ် ‌ယောက်မှ မ‌တွေ့ရဘူး။ အများစုက‌တော့ ‌ရွှေဂွန်းက က‌လေး‌တွေပဲရှိတယ်။ ‌ကျောင်း‌ရှေ့မှာ‌တော့ လုံခြုံ‌ရေး ‌နေ့တိုင်းရှိတယ်။ တို့ဆီမှာ‌တော့ အထက်တန်း‌ကျောင်းလည်းဖွင့်တယ်။ အမှတ် ၁၊ ၂၊ ၃၊ ၄ မူလတန်း‌ကျောင်း‌တွေ လည်းဖွင့်တယ်။ တချို့ကလည်း‌ပြောတယ်။ ‌ကျောင်းသွားအပ်လိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ။ မအပ်ရင် ငါတို့ က‌လေး‌တွေကို ဘယ်သူက စာလာသင်‌ပေးမလဲလို့ ‌ပြောတယ်။ ” ဟု ‌ပြောသည်။

ထို့အပြင် အဆိုပါ အ.ထ.က(‌ရွှေဂွန်း) ‌ကျောင်း၌ ပညာ‌ရေးဝန်ထမ်း (၄၈) ဦးရှိသည့်အနက် (၁၅) ဦးမှာ CDM လှုပ်ရှားမှုတွင် ပါဝင်ပြီး ကျန် (၃၃) ဦးမှာ Non-CDM လုပ်‌ဆောင်ကာ အဆိုပါ CDM တွင် ပါဝင်သည့် ဆရာ၊ ဆရာမကိုလည်း ‌ကျောင်းပြန်တက်ရန် ဖိအား‌ပေးခံရမှုများလည်းရှိသည်ဟု ၎င်းက ဆက်‌ပြောသည်။

အလားတူ CDM လုပ်ထားသည့် တိုင်းရင်းသားစာ‌ပေသင်ကြား‌နေ‌သော ဆရာ၊ ဆရာမ (၅၃) ဦးကိုလည်း ‌ကျောင်း မတက်နိုင်လျှင် နုတ်ထွက်စာလာ‌ရောက်တင်ရမည်ဖြစ်‌ကြောင်းလည်း လှိုင်းဘွဲမြို့နယ် ပညာ‌ရေးမှူးရုံးက အသိ‌ပေးထား‌ကြောင်းကို သိရှိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ပညာ‌ရေးဝန်ထမ်း‌ပေါင်း (၂၇၀၈)ဦးအနက် (၈၄၄) ဦးမှာ CDM တွင် ပါဝင်ထားပြီး ယာယီတာဝန် ရပ်ဆိုင်းခြင်းခံရသည့် ပညာ‌ရေးဝန်ထမ်းမှာ (၇၅၃)ဦးရှိသည်ဟု သိရသည်။