Home သတင်း စစ်‌ကောင်စီ၏ ညွှန်ကြားမှုအရ NUGအစိုးရသတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန် ပြည်တွင်းအင်တာနက် လိုင်းများဖြတ်‌တောက်

စစ်‌ကောင်စီ၏ ညွှန်ကြားမှုအရ NUGအစိုးရသတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန် ပြည်တွင်းအင်တာနက် လိုင်းများဖြတ်‌တောက်

1535

ဇွန် ၄ ရက်၊၂၀၂၁ ခုနှစ်။‌ကေအိုင်စီ

စစ်‌ကောင်စီ၏ ညွှန်ကြားမှုအရ
NUG အစိုးရ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန် ယ‌နေ့ ည‌နေ ၅ နာရီမှ ၆ နာရီထိ မြန်မာပြည်တွင်းရှိ Mobile နှင့် WiFi အင်တာနက်အားလုံး ဖြတ်‌တောက်ထား‌ကြောင်း သိရသည်။

ယ‌နေ့ ဇွန်လ ၄ ရက် ည‌နေ ၅ နာရီမှ ည‌နေ ၆ နာရီထိ မြန်မာပြည်တွင်းရှိ Mobile နှင့် Wifi အင်တာနက်လိုင်း အားလုံး ဖြတ်‌တောက်မှု ဖြစ်ပွားခဲ့သည်။

ထိုသို့ အင်တာနက်လိုင်းများ ပြတ်‌တောက်ရခြင်းအ‌ကြောင်းမှာ ယ‌နေ့ ည‌နေ ၅ နာရီမှစ၍ NUG အစိုးရမှ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲပြုလုပ်လျက် ရှိရာ ထိုအ‌တောအတွင်း အင်တာနက်လိုင်းများ ဖြတ်‌တောက်ထားရန် စစ်‌ကောင်စီအဖွဲ့မှ ညွှန်ကြားထား၍ ပြုလုပ်ရခြင်းဖြစ်သည် ဟု မြဝတီမြို့မှ အင်တာနက်ဝန်‌ဆောင်မှုလုပ်ငန်းရှင် တစ်ဦးက ‌ပြောသည်။

အဆိုပါ အင်တာနက်လိုင်းများ ဖြတ်‌တောက်ခဲ့ခြင်းနှင့်ပတ်သက်၍ ယမန်‌နေ့က စစ်‌ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး မင်း‌အောင်လှိုင် မှ တရုတ်သတင်းဌာနတစ်ခုတွင် NUG အစိုးရအား Online အစိုးရသာဖြစ်‌ကြောင်း နှင့် ၎င်းတို့‌ကြောင့် ပြည်တွင်းစစ်ဖြစ်နိုင်‌ခြေ မရှိတဲ့အတွက် စိုးရိမ်စရာ မရှိ‌ကြောင်း ‌ပြောကြားထားသည်။

ထိုသို့ ‌ပြောကြားခဲ့ပြီးမှ ယခုလို NUG အစိုးရ၏ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန် အင်တာနက်လိုင်းများအား ဖြတ်‌တောက်‌စေခြင်းမှာ ၎င်း အ‌နေဖြင့် NUG အစိုးရအ‌ပေါ် အ‌ကြောက်တရား ရှိ‌နေသည် ဟု ပြည်သူတစ်ချို့၏ လူမှုကွန်ယက်စာမျက်နှာများတွင် ‌လှောင်‌ပြောင် သ‌ရော်စာများ ‌ရေးသားဖြန့်‌ဝေ‌နေကြသည်။

စစ်‌ကောင်စီ မှ အာဏာသိမ်းပြီး‌နောက် မြန်မာပြည်တွင်းရှိ အင်တာနက်လိုင်းများကို လနှင့်ချီ၍ ထိန်းချုပ်ကန့်သတ်မှုများ ရှိခဲ့ပြီး ယခုအခါ ဒုတိအကြိမ် နာရီပိုင်းအကြာ အင်တာနက်လိုင်းများအား ထိန်းချုပ်ကန့်သတ်မှုပြုခဲ့ခြင်း ဖြစ်သည်။