Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

NCA အတိုင်း လိုက်နာသွားမည်ဟု KNLA စစ်ဦးစီးချုပ် ထုတ်ပြန်

ဇွန်လ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်မှတ်‌ရေးထိုးထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူ စာချုပ် (NCA) အတိုင်း တိကျစွာလိုက်နာကျင့်သုံးသွားမည်ဖြစ်‌ကြောင်း ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက ယ‌နေ့ ရက်စွဲဖြင့် ၎င်း၏ သ‌ဘောထား...

က‌လေးများကို ‌ကျောင်း‌ပေးတက်ရန် BGF ဖိအား‌ပေး‌ပြောဆို‌နေဟု ‌ဒေသခံဆို

ဇွန်လ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ မိဇိုင်း‌ကျေးရွာအုပ်စု၊ ဝဲပျံ‌ကျေးရွာရှိ ‌ဒေသခံ‌ကျေးရွာသားများကို နယ်ခြား ‌စောင့်တပ် (BGF)မှ ‌ခေါ်ယူ၍ ၎င်းတို့သားသမီးများကို ‌ကျောင်းတက်ခိုင်းရန် ဖိအား‌ပေး‌ပြောဆိုခဲ့‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။ စစ်‌ကောင်စီ ‌ထောက်ခံအား‌ပေးသည့် ‌ကျောင်းအုပ်ဆရာမနှင့် ‌ဒေသခံ‌ကျေးရွာသားတချို့၏ တိုင်တန်းမှု‌ကြောင့် ပြီးခဲ့သည့်...

သံ‌တောင်ကြီး ၁၃ မိုင် ပစ်ခတ်မှု စစ်‌ကောင်စီဘက်မှ တစ်ဦး‌သေဆုံး

ဇွန်လ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့ ၁၃ မိုင်တွင် ယမန်‌နေ့(ဇွန်လ ၈ ရက်)ညက စစ်‌ကောင်စီနှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးး စစ်‌ကောင်စီဘက်မှ တစ်ဦး‌သေဆုံးခဲ့သည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။ အဆိုပါ စစ်‌ကောင်စီနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တို့ ယမန်‌နေ့ည...

‌နေအိမ်အတွင်း တပ်စွဲထား‌သော‌ကြောင့် ဖလူး‌ဒေသခံအချို့ ‌နေအိမ်မပြန်နိုင်‌သေး

ဇွန်လ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ် မြဝတီမြို့‌တောင်ဘက် ဖလူး‌ဒေသတွင် တိုက်ပွဲ‌ကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွား‌ရောက်တိမ်း ‌ရှောင်ခဲ့ရသည့် စစ်‌ရှောင်များသည် ဇွန်လ ၅ ရက်‌နေ့ကတည်းက ‌နေရပ်သို့ပြန်လာခဲ့ကြ‌သော်လည်း ‌ကျေးရွာရှိ ‌နေအိမ်များတွင် စစ်‌ကောင်စီတပ်က တပ်စွဲ‌နေရာယူထားသည့်အတွက် ‌ဒေသခံအချို့မှာ ယခုအချိန်ထိ ‌နေအိမ်‌ပေါ်ပြန်တက်‌နေ၍...

ယာဒို‌ကျေးရွာတွင် စစ်‌ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် တပ်ဆွဲလာ‌သော‌ကြောင့် ‌ဒေသခံများ စိုးရိမ်၍ တိမ်း‌ရှောင်မှုရှိ‌နေ

ဇွန်လ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ် ယာဒို‌ကျေးရွာဘက်သို့ ယမန်‌နေ့(ဇွန်လ ၇)ရက်‌နေ့က စစ်‌ကောင်စီဘက်မှ တပ်အင်အား အလုံးအရင်းဖြင့် ဝင်‌ရောက်တပ်စွဲလာ‌သော‌ကြောင့် ‌ဒေသခံ ‌ကျေးရွာသားများ စိုးရိမ်မှုများရှိ‌နေပြီး ထွက်‌ပြေးတိမ်း‌ရှောင်သူတချို့ရှိ‌နေသည်ဟု ‌ဒေသခံများက ‌ပြောသည်။ စစ်‌ကောင်စီ၏ တပ်မ (၆၆) တပ်ဖွဲ့ဝင်များသည် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှတဆင့်...

မြဝတီ‌တောင်ဘက် ပစ်ခတ်မှုအ‌ခြေအ‌နေနှင့်ပတ်သက်၍ KNDO စစ်ဦးစီးချုပ်နှင့်‌မေးမြန်းချက်

မြဝတီ‌တောင်ဘက် ပစ်ခတ်မှုအ‌ခြေအ‌နေနှင့်ပတ်သက်၍ KNDO စစ်ဦးစီးချုပ်နှင့်‌မေးမြန်းချက် “ ကရင်လက်နက်ကိုင်အဖွဲ့အားလုံး ဒီကာလမှာ ကိုယ့်ကိုယ်ကို ကရင်မှန်း‌တော့ သိဖို့အချိန်ကျပြီ။ ” ကရင်ပြည်နယ်၊ မြဝတီမြို့‌တောင်ဘက် ဖလူးနှင့် ‌ဝေါ်‌လေ‌ဒေသများတွင် စစ်‌ကောင်စီတပ်နှင့် ခွဲထွက်(DKBA) အဖွဲ့ ဦး‌ဆောင်သည့် ပူး‌ပေါင်းလက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုအ‌ခြေအ‌နေနှင့်ပတ်သက်၍ ပစ်ခတ်မှုအတွင်း ပါဝင်သည့် ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော်(KNDO)မှ စစ်ဦးစီးချုပ်...
Donate