Home ကာတွန်း “စည်းကမ်းလိုက်နာ တို့ကျန်းမာ”

“စည်းကမ်းလိုက်နာ တို့ကျန်းမာ”

1826

“စည်းကမ်းလိုက်နာ တို့ကျန်းမာ”

ကပ်‌ရောဂါကြီး ကိုရိုနာ
ကူးစက်ပျံ့နှံ့လာ
အသက်‌ဘေးပါ ရန်ရှာကြ
ဆုံးရှုံးဝမ်းနည်းရ … ။

ဖွံ့ဖြိုးကြတဲ့ နိုင်ငံ‌တွေ
ခုခံကာကွယ်‌နေ
တစ်ခုတည်း‌ပေ နည်းလမ်းက
အိမ်ထဲမှာ ‌နေကြ… ။

လက်ကို‌ဆေးရ သန့်ရှင်းစွာ
ဂရုစိုက် ‌နေပါ
‌ချောင်းဆိုးနှာ‌ချေလျှင် ဖုံးအုပ်‌ပေး
ပြင်ထွက် မက်စ်တပ်‌ရေး… ။

လူထူထပ်‌သေး ပွဲသဘင်
‌ဝေးက‌ရှောင်ကြပင်
လူစု‌ဝေးလျှင် ‌ရောဂါပွား
‌သေချာမှတ်သားထား… ။

တစ်ဦး‌ကောင်းသား များချမ်းသာ
မိမိကစ လိုက်နာပါ
ကပ်‌ရောဂါကို နှိမ်နင်းမှ
ပြုံးပန်း‌ဝေဆာကြ … ။

အနာဂတ်လှ မျိုးဆက်‌တွေ
ပန်းတို့ ဖူးပွင့်‌စေ
ပျိုး‌ထောင်ကြ‌ပေ လန်းရွှင်ဖို့
စည်းကမ်းလိုက်နာစို့ … … … ။

ဇင်မင်းစိုး (ဗိုလ်က‌လေး)