Home Authors Posts by KIC News

KIC News

22005 POSTS 0 COMMENTS

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်‌ကောင်စီတပ်မှ ဒုရင်းမှူးတစ်ဦးအပါအဝင် ၁ဝဦး ကျဆုံးကာ ၈ ဦးဖမ်းမိဟု KNU ‌ပြော

မတ်လ ၂၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ မူ‌တြော်(ဖာပွန်)ခရိုင်၊ သံလွင်မြစ်ကမ်းနံ‌ဘေးရှိ စစ်‌ကောင်စီ၏ သီးမူထာတပ်စခန်းကို ယ‌နေ့နံနက် အ‌စောပိုင်းက တက်‌ရောက်သိမ်းပိုက်ခဲ့ရာ တွင် စစ်‌ကောင်စီဘက်မှ ဒုရင်းမှူးအဆင့် တစ်ဦးအပါအဝင် ၁ဝ ကျဆုံးပြီး ၈ ဦး အရှင်ဖမ်းဆီးရမိထားသည်ဟု ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ ၅ ဘက်က ‌ပြောသည်။...

လက်‌ဝှေ့‌ကျော် ဖျံ‌သွေး၏ ဖခင်‌နောင်လုံဖျံနှင့်လက်‌ဝှေ့ကလပ်မှ သင်တန်းသားအချို့ ဖမ်းဆီးခံရ

မတ်လ ၂၆ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ရိုးရာလက်‌ဝှေ့‌ကျော် ဖျံ‌သွေး၏ ဖခင်ဖြစ်သူ ‌နောင်လုံဖျံနှင့်သူ၏ လက်‌ဝှေ့ကလပ်မှ သင်တန်းသားတစ်ချို့ကို ယ‌နေ့ နံနက် ၉ နာရီ‌ကျော်တွင် စစ်‌ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက လာ‌ရောက်ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့သည်ဟု သိရသည်။ ယမန်‌နေ့(မတ်လ ၂၅ ရက်)က ဖားအံ-လှိုင်းဘွဲ...

ဝါရင့်ကရင်အဆို‌တော် မူးထွန့်အွာ ဈာပနပြီးစီး

မတ် ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ မတ်လ ၂၄ ရက်‌နေ့က ကွယ်လွန်သွားခဲ့သည့် ကရင်ဂန္တဝင် အဆို‌တော်မူးထွန့်အွာ၏ ဈာပန အခမ်းအနားကို ၎င်း၏ဇာတိ ဖားအံမြို့နယ် ‌ကော့တာရွာ၌ ယ‌နေ့ မတ်လ ၂၆ရက်‌နေ့လည် တွင် ပြုလုပ်ပြီးစီးခဲ့သည်။ ရင်သားကင်ဆာဖြင့် ကွယ်လွန်သွားသည့် အဆို‌တော်...

အခက်အခဲကြားမှ ပအိုဝ်းအမျိုးသား‌နေ့ ‌အောင်မြင်စွာ ကျင်းပ

မတ်လ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ယခုနှစ်ကျ‌ရောက်သည့် (၄၁) ကြိမ်‌မြောက် ပအိုဝ်းအမျိုးသား‌နေ့ကို ယ‌နေ့ (မတ် ၂၆ရက်) ဖားအံမြို့၊ က‌မော့ကစင်ရွာသစ် ဘုန်းကြီး‌ကျောင်း၌ ကျင်းပခဲ့ရာ လူဦး‌ရေ ၂၀ဝ နီးပါးတက်‌ရောက်ခဲ့ကြသည်။ ပအိုဝ်းအမျိုးသား‌နေ့ကို တ‌ပေါင်းလပြည့်‌နေ့တွင် နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့‌သော်လည်း ယခုနှစ်တွင် နိုင်ငံ‌တော်တည်ငြိမ်‌အေးချမ်းမှုမရှိသည့်အတွက်...

‌စောလင်းထက်ကို ဖမ်းဆီးမှု နိုင်ငံတွင်းနှင့်နိုင်ငံတကာဥပ‌ဒေများကိုချိုး‌ဖောက်ခြင်းဖြစ်သည်ဟု Mahidol တက္ကသိုလ် IHRP ဌာန‌ပြော

မတ်လ ၂၆ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ ကရင်လူငယ်တက်ကြွလှုပ်ရှားသူ ‌စောလင်းထက်ကို ဖမ်းဆီးခြင်းသည် နိုင်ငံတွင်းနှင့် နိုင်ငံ တကာ ဥပ‌ဒေများကို ချိုး‌ဖောက်ခြင်းဖြစ်သည်ဟု သူတက်‌ရောက်ပညာသင်ကြား‌နေသည့် ထိုင်းနိုင်ငံရှိ Mahidol တက္ကသိုလ်မှ လူ့အခွင့်အ‌ရေးနှင့်ငြိမ်းချမ်း‌ရေး‌လေ့လာမှုဌာန (IHRP)က မတ်လ ၂၄ ရက်‌နေ့တွင် ‌ပြောဆိုခဲ့သည်။ မတ်လ ၂၃ရက်...
Donate