Home Authors Posts by KIC News

KIC News

22366 POSTS 0 COMMENTS

တစ်လအတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်ထား ပစ်ခတ်မှု (၁၄)ကြိမ် လုပ်ဆောင်ခဲ့ကြောင်း ကေအဲန်ယူ-သထုံခရိုင် ဖော်ပြ

ဒီဇင်ဘာလ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ သထုံခရိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ တစ်လအတွင်း စစ်အုပ်စုက အရပ်သားပြည်သူကိုပစ်မှတ်ထားသည့် လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှု ( ၁၄) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း ခရိုင်လချုပ်မှတ်တမ်းက ဖော်ပြသည်။ ဒေသခံပြည်သူများနေထိုင်ရာ ရွာဧရိယာနှင့်တောင်ယာ၊ ဥယျာဥ်ခြံမြေများတွင် လေကြောင်းအသုံးပြု...

မြိတ်-ကော့သောင်း လမ်းပိုင်းကို သွားလာခြင်းမပြုရန် မြိတ်ခရိုင် ပကဖ အသိပေး

ဒီဇင်ဘာ ၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူများ သွားလာခြင်းမပြုလုပ်ရန် အသိပေးထုတ်ပြန်ထားသည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်...

DKBA ဒုစစ်ဦးစီးချုပ် စောရွှေဝ၏ သားကြီး ရုတ်တရတ်ဦးနှောက်သွေးကြောပြတ်၍ ကွယ်လွန်

ဒီဇင်ဘာ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဒုစစ်ဦးစီးချုပ်၊ ဒုဗိုလ်ချုပ်ကြီး စောရွှေဝ၏ သားအကြီးဆုံးဖြစ်သူ စောဘာဆိုဂေ အသက် (၂၈) နှစ်သည် ယမန်နေ့ (ဒီဇင်ဘာ ၈ ရက်)မွန်းလွဲ ၁နာရီခွဲဝန်းကျင်က မဲဆောက်မြို့တွင် ရုတ်တရတ်ဦးနှောက်သွေးကြောပြတ်ထွက် ဝေဒနာဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။ DKBA...

ကျားဖြန့်ဂယက်တဖက်ခြမ်းက အိမ်မပြန်နိုင်သေးသူတွေ

ကျားဖြန့်ဂယက်တဖက်ခြမ်းက အိမ်မပြန်နိုင်သေးသူတွေ နန့်ဆန်းထီ ဒီဇင်ဘာ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ နေပူပူ ဆောင်းလေအေးစိမ့်စိမ့်အောက်မှာ ကတ္တရာလမ်းကိုဖြတ်ပြီး အသက် ၄၀ အရွယ် အမျိုးသမီး တစ်ယောက် ဦးတည်ရာကို ဆိုင်ကယ်မောင်းနှင်နေပါတယ်။ သူမကတော့ အေးငြိမ်းစေတီဘုရားကုန်းမှာ နေထိုင်တဲ့ လေးကေ ကော်ဒေသ စစ်ရှောင်၊ ကလေး ၄...

မင်းလက်ပံ ငွေလိမ်လုပ်ငန်း အဆောက်အဦး မီးလောင်မှုဖြစ်ပွား

ဒီဇင်ဘာ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာ၊ Shunda Park ငွေလိမ်ခြံဝင်းအတွင်းရှိ အဆောက်အဦးအချို့ ယမန်နေ့(ဒီဇင်ဘာ ၈)ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း မျက်မြင်တွေ့ရှိခဲ့သူများ၏ ဖော်ပြပြောဆိုမှုအရ သိရသည်။ အဆိုပါခြံဝန်းကို ဒီဇင်ဘာ (၆) ရက်နေ့ကစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က ထိန်းသိမ်းကိုင်တွယ်ထားပြီး...

နေရပ်မပြန်လိုသည့် မင်းလက်ပံကျားဖြန့်လုပ်သားများ ကိုယ်ပိုင်အစီအစဥ်ဖြင့် ထွက်ခွာခွင့်ပြုထားကြောင်း KNU ပြော

ဒီဇင်ဘာ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း နယ်စပ်ဖြတ်ကျော် နေရပ်မပြန်လိုသည့် ကျားဖြန့်လုပ်သားများကို နယ်မြေလုံခြုံရေးအခြေအနေကြောင့် ၎င်းတို့ကိုယ်ပိုင်အစီအစဥ်ဖြင့် ဝန်းမှထွက်ခွာခွင့်ပြုထားရကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထံ မှ သိရသည်။ နိုဝင်ဘာ(၂၁)ရက်နေ့နောက်ပိုင်း မင်းလက်ပံနယ်မြေသို့ တကျော့ပြန်ထိုးစစ်ဆင်၊ ပစ်ခတ်နေသော စစ်အုပ်စုကြောင့်...

ဒီးမော့ဆို စစ်ရှောင်များ နေရာကို စစ်တပ် သုံးကြိမ် ဆက်တိုက် ဗုံးကြဲ

ဒီဇင်ဘာ ၈ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်များ နေထိုင်ရာ နေရာများကို စစ်တပ်က ဒီဇင်ဘာ ၇ ရက်နေ့တွင် သုံးကြိမ် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ဘေးရှောင် ကူညီနေသူ များက ပြောသည်။...

ကမ္ဘောဒီးယားစစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိုင်းစစ်သား(၁)ဦးသေဆုံး၊ (၄)ဦးထက်မနည်း ဒဏ်ရာရ

ဒီဇင်ဘာ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ်၊ အူဘွန်းရချတ်ဌာနီခရိုင်တွင် ယနေ့ (ဒီဇင်ဘာ ၈ ရက်နေ့) မနက်ပိုင်း ကမ္ဘောဒီးယားစစ်တပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိုင်းစစ်သား(၁)ဦးသေဆုံးပြီး၊ (၄)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း ထိုင်းသတင်းအရင်းအမြစ်အရ သိရသည်။ ယနေ့ မနက် (၅)နာရီ (၅)မိနစ်အချိန်မှစ၍ အူဘွန်းရချတ်ဌာနီခရိုင်၊ ချောင်အန်းမ...

မင်းလက်ပံ ငွေလိမ်ခြံဝင်း အခြေအနေကို ကိုင်တွယ်ဖို့ KNU မှ KNLA သို့ အာဏာလွှဲ

ဒီဇင်ဘာ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက မြဝတီတောင်ပိုင်း မင်းလက်ပံကျေးရွာရှိ Shunda Park မှ ထွက်ခွာရန် ငြင်းဆိုထားသူ ကျားဖြန့်လုပ်သားများနှင့်ထိပ်တိုက်မတွေ့ရေး၊ KNU အဖွဲ့ဝင်များနှင့် နယ်စပ်နေပြည်သူများလုံခြုံရေးအခြေအနေကို ကိုင်တွယ်ရေး၊ KNLA သို့ အာဏာလွှဲလိုက်ကြောင်း ယနေ့ ဒီဇင်ဘာ (၆)...

မြဝတီရှိ BGF တပ်ဖွဲ့ပိုင် ငွေလိမ်လုပ်ငန်းနေရာများ စစ်အုပ်စုတပ်ဝင်စီးမည့် သတင်းကြောင့် ငွေလိမ်လုပ်သားများ ရှောင်ပြေးနေ

ဒီဇင်ဘာ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၃) ရပ်ကွက် ကြံခင်းလမ်းမနေရာရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ပိုင် ကျားဖြန့်တရုတ် ငွေလိမ်လုပ်ငန်း ခြံဝင်းများကို စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးမည့် သတင်း ကြောင့် မြန်မာငွေလိမ်လုပ်သားများသည် ဒီဇင်ဘာ ၄ ရက်...
Donate