KIC News
စစ်အာဏာရှင်စနစ်ကို အတူတကွ တိုက်ဖျက်ချေမှုန်းရန် ကရင်လက်နက်ကိုင်အဖွဲ့များကို KNLA ဒုစစ်ဦးစီးချုပ်တိုက်တွန်း
မေလ ၂ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
စစ်အာဏာရှင်စနစ်ကို အတူတကွ တိုက်ဖျက်ချေမှုန်းကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA )ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ကို ယနေ့ (မေ ၂ရက်) တိုက်တွန်းလိုက်သည်။
ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ဒေသဘက်တွင် စစ်ကောင်စီတပ်မှ လေယာဉ်၊ မြေပြင်ဖြင့် ထိုးစစ်ဆင်လာမှုနှင့်ပတ်သက်၍...
အိန္ဒုတွင် သပိတ်စစ်ကြောင်းထွက်ရန်လူစုစဉ် သေနတ်ပစ်ဖောက်ဖြိုခွင်းခံရ
မေ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့နယ် အိန္ဒုကျေးရွာတွင် ယနေ့ (မေ ၂ ရက်) နံနက်တွင် ကမာ္ဘလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းထွက်ရန်အတွက် ကျေးရွာဘောလုံးကွင်းအနီးတွင် လူငယ်များလူစုနေစဉ် အရပ်ဝတ်လူ ၄ ဦးမှ သေနတ်ဖောက်ပြီး လာရောက်ဖြိုခွင်းခဲ့သည်ဟု...
နိုင်ငံ့ဝန်ထမ်းများ ပြည်သူဘက် လာရောက်ပူးပေါင်းပေးရန် ဝင်းရော်သပိတ်စစ်ကြောင်း တောင်းဆို
မေလ ၂ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ကေအိုင်စီ
စစ်ကောင်စီတို့၏ အုပ်ချုပ်မှုအောက်တွင် အခြေအနေအမျိုးမျိုးကြောင့် ပါဝင်နေရသည့် နိုင်ငံ့ဝန် ထမ်းများအနေဖြင့် အာဏာရှင်စနစ်အောက် ရုန်းထွက်ပြီး ပြည်သူဘက် လာရောက်ပူးပေါင်းပေးရန် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်သပိတ်စစ်ကြောင်းမှ ယမန်နေ့ မေလ ၁ ရက်နေ့တွင် စုပေါင်းတောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။...
တံခွန်တိုင်ရဲစခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အချို့ ပြန်ရုပ်သိမ်း
မေလ ၁ရက်၊ ၂ဝ၂၁ခုနှစ်။ ကေအိုင်စီ
ကြာအင်းဆိပ်ကြီးမြိုနယ် ခလယ်-တံခွန်တိုင်တိုက်နယ် ရဲစခန်းဝင်းတွင် လာရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် တပ်သားအချို့ ဧပြီလ ၃ဝရက်၊ ယမန်နေ့က ပြန်လည်ရုတ်သိမ်းသွားခဲ့ကြောင်း ကျေးရွာတာဝန်ရှိသူ များထံမှ သိရသည်။
“ဒီနေ့ ၁၂နာရီလောက်မှာ အရာရှိအချို့နဲ့ တပ်ဖွဲ့ဝင်တွေ ပြန်သွားကြတယ်။ အပြန်မှာ ခလယ်ရွာလယ်အဝိုင်းမှာ...
KNU တပ်မဟာ(၁)တွင် စစ်ကောင်စီတပ်နှင့်အတူ BGF ပါဝင်လာ၊ ပစ်ခတ်မှု နေ့စဉ်ဖြစ်ပွား
မေလ ၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၏ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီနှင့်အတူ နယ်ခြား စောင့်တပ်-BGF တပ်ဖွဲ့များ ပါဝင်လာပြီးနောက်ပိုင်း KNU တပ်မဟာ(၁) လက်အောက်ခံတပ်ဖွဲ့နှင့် ပစ်ခတ်မှုများ နေ့စဉ် ဖြစ်လာနေသည်ဟု KNU ဒေသခေါင်းဆောင်များထံမှ သိရသည်။
ဧပြီလ ၂၃ရက်နေ့မှစ၍ ဧပြီလ ၃ဝရက်နေ့...
တံခွန်တိုင်ရွာတွင် စစ်ကောင်စီများ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်နေ၍ ရွာသားများ စိုးရိမ်မှုဖြစ်
မေလ ၁ရက်၊ ၂ဝ၂၁ခုနှစ်၊ ကေအိုင်စီ
ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ တံခွန်တိုင်ရွာရဲစခန်းတွင် လာရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် ဧပြီလ ၃ဝရက် ညနေ ၅နာရီအချိန်၌ ၎င်းတို့တပ်စွဲထားသည့်နေရာမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြိမ်းခြောက်သည့်အတွက် တိုက်ပွဲဖြစ်လာမည်ကို ရွာသားများ စိုးရိမ်နေကြသည်။
“ရဲစခန်းဝင်းကနေပဲ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်သံကြားနေရတယ်။ သူတို့ခြိမ်းခြောက်...














