Home သတင်း ဖက်ဒရယ်ကျန်းမာ‌ရေးမူဝါဒ‌ပေါ်ထွက်ရန် အမျိုးသားကျန်းမာ‌ရေး‌ကော်မတီကို ဖွဲ့စည်း

ဖက်ဒရယ်ကျန်းမာ‌ရေးမူဝါဒ‌ပေါ်ထွက်ရန် အမျိုးသားကျန်းမာ‌ရေး‌ကော်မတီကို ဖွဲ့စည်း

2547

ဩဂုတ်လ ၁၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ဖက်ဒရယ်ပြည်‌ထောင်စု ကျန်းမာ‌ရေးမူဝါဒ(National Health Policy)ကို အဓိက ‌ရေးဆွဲသွားနိုင်ရန်အတွက် အမျိုး သားညီညွတ်‌ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်းများ(EHOs)တို့ ပူး‌ပေါင်း၍ ညီလာခံတစ်ရပ် ‌ခေါ်ယူကာ အမျိုးသားကျန်းမာ‌ရေး‌ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်‌ကြောင်း ဩဂုတ်လ ၁၆ရက် ယမန်‌နေ့က ‌ကြေ ညာချက် ထုတ်ပြန်လိုက်သည်။

ဩဂုတ်လ ၂ရက်‌နေ့မှ ၅ရက်‌နေ့အထိ NUG ၏ ကျန်းမာ‌ရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာ‌ရေး အဖွဲ့အစည်းများ ပူးတွဲကျင်းပသည့် အမျိုးသားကျန်းမာ‌ရေးညီလာခံအပြီးတွင် အဆိုပါ‌ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး လတ်တ ‌လော အ‌ရေးတကြီး‌ဖြေရှင်းရမည့် ကိုဗစ်ကပ်‌ရောဂါ ကျန်းမာ‌ရေးပြဿနာနှင့် ဖက်ဒရယ်ကျန်းမာ‌ရေးမူဝါဒ ‌ရေးဆွဲ‌ဖော် ထုတ်‌ရေးအတွက် ယခုလို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၏ ‌ပြောခွင့်ရသူ ‌ဒေါက်တာစင်သီယာ‌မောင်က ယခုလို ‌ပြောသည်။

‌ဒေါက်တာစင်သီယာ‌မောင်က “လက်ရှိ အ‌ခြေအ‌နေမှာ အ‌ရေးတကြီး ‌ဖြေရှင်းရမဲ့ ဖက်ဒရယ်ကျန်းမာ‌ရေးစနစ်ရဲ့ မူဝါဒ ပိုင်းဆိုင်ရာကိစ္စ‌တွေ လက်ရှိ ကိုဗစ် အပါအဝင် ကျန်းမာ‌ရေး ပြဿနာ‌တွေကို စုဆုံပြီး‌တော့ ‌ဖြေရှင်းရမဲ့ အ‌ခြေအ‌နေ‌တွေ နဲ့ ဖက်ဒရယ်ကျန်းမာ‌ရေးစနစ်အတွက် အ‌ရေးတကြီး လိုအပ်‌နေတဲ့ ဖက်ဒရယ်ကျန်းမာ‌ရေးမူဝါဒ‌တွေကို ‌ရေးဆွဲနိုင်ဖို့အ တွက် စုဖွဲ့ထားလိုက်တာ ဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖွဲ့စည်းလိုက်သည့် အမျိုးသားကျန်းမာ‌ရေး‌ကော်မတီအ‌နေဖြင့် ဖက်ဒရယ်ပြည်‌ထောင်စု ကျန်းမာ‌ရေးမူဝါဒ ‌ရေးဆွဲချ မှတ်ခြင်းအပြင် တိုင်းရင်းသားနယ်‌မြေ ပြည်‌ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ ကျန်းမာ‌ရေးဆိုင်ရာ လုပ်ငန်းစီမံချက် များကို ဆက်စပ်‌ဆောင်ရွက်‌ရေး၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူး‌ပေါင်း‌ဆောင်ရွက်သွားရန်နှင့် ‌ဘေးဒဏ်ကပ်ဆိုး များအတွက် ဖြစ်‌ပေါ်လာနိုင်သည့် အ‌ခြေအ‌နေများကို အသင့်ရှိရန်နှင့် လျင်မြန်စွာ တုန့်ပြန်နိုင်ရန် စသည့် ရည်ရွယ် ချက် ၄ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်‌ကြောင်း ‌ကြေညာချက်၌ ‌ဖော်ပြပါရှိသည်။

‌ဒေါက်တာစင်သီယာ‌မောင် ပါဝင်သည့် အတိုင်ပင်ခံ ၁ဝဦးနှင့် အဖွဲ့ဝင် ၂၃ဦး ပါဝင်‌သော ၎င်း‌ကော်မတီတွင် ဥက္ကဌအဖြစ် ပဒိုမန်းမန်း၊ ဒု-ဥက္ကဌ(၁)အဖြစ် NUG ကျန်းမာ‌ရေးဝန်ကြီးဌာနမှ ‌ဒေါက်တာ‌ဇော်‌ဝေစိုးတို့အပြင် တိုင်းရင်းသားကျန်းမာ ‌ရေးအဖွဲ့အစည်းများ၊ အရပ်ဖက် ကျန်းမာ‌ရေးအဖွဲ့အစည်းများနှင့် NUG ကျန်းမာ‌ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပညာရှင်များ၊ လူထုအ‌ခြေပြု ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

အဆိုပါအမျိုးသားကျန်းမာ‌ရေး‌ကော်မတီအ‌နေဖြင့် ဖက်ဒရယ် ကျန်းမာ‌ရေးမူဝါဒအ‌ပေါ် အ‌ခြေခံပြီး ကျန်းမာ‌ရေးစနစ် ဖွံ့ဖြိုးတိုးတက်‌ရေး လုပ်‌ဆောင်သွားရန်၊ ကျန်းမာ‌ရေး သတင်းအချက်အလက်ပြုစု‌ရေးစနစ် အဆင့်မြှင့်တင်ရန်၊ နိုင်ငံတ ကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်‌ဆောင်ရွက်နိုင်‌ရေး နည်းဗျူဟာများ ချမှတ်ကျင့်သုံးရန် ‌ဆေးပညာသင်တန်းများပို့ချ နိုင်‌ရေး၊ သင်ရိုးညွန်းတမ်းများ ‌ရေးဆွဲနိုင်‌ရေးနှင့် ကိုဗစ်ထိန်းချုပ်‌ရေး၊ ‌လျှော့ချ‌ရေးတို့အတွက် နည်းဗျူဟာများ ချမှတ် ‌ဆောင်ရွက်သွားရန် လုပ်ငန်းစဉ် (၅)ရပ်ကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားမည်ဟုလည်း ၎င်းတို့၏ ‌ကြေညာ ချက်တွင် ‌ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ရက်‌နေ့ကလည်း တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့အစည်း ‌ခေါင်း‌ဆောင်များနှင့် NUG အစိုးရအ ဖွဲ့၏ ကျန်းမာ‌ရေးဝန်ကြီးများ ပါဝင်သည့် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသ‌ရေးအဖွဲ့ Covid-19 Task Force (CTF)ကို ဖွဲ့စည်းလိုက်‌ကြောင်း ထုတ်ပြန်‌ကြေညာခဲ့ပြီး ၎င်း CTF ၏ လုပ်ငန်းစဉ်များကို ယခုဖွဲ့စည်းလိုက်သည့် အမျိုးသားကျန်း မာ‌ရေး‌ကော်မတီ၏ အ‌ရေးကြီးသည့် လုပ်ငန်းစဉ်အဖြစ် ဆက်စပ်‌ဆောင်ရွက်သွားမည်ဟုလည်း ‌ဒေါက်တာစင်သီယာ ‌မောင်က ဆက်‌ပြောသည်။

ပြီးခဲ့သည့် ၁၉၉ဝခုနှစ် ‌ရွေး‌ကောက်ပွဲအပြီးတွင် ‌ရွေး‌ကောက်ခံအမတ်များနှင့် တိုင်းရင်းသား အဖွဲ့အစည်း‌ခေါင်း‌ဆောင် များက ကျန်းမာ‌ရေးညီလာခံတစ်ရပ် ‌ခေါ်ယူ၍ အမျိုးသားကျန်းမာ‌ရေးနှင့် ပညာ‌ရေး‌ကော်မတီ(NHEC)ကို ဖွဲ့စည်းခဲ့ကြ ပြီး ၂၀၁ဝခုနှစ်‌နောက်ပိုင်းတွင် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် အဆိုပါ‌ကော်မတီကို ဖျက်သိမ်းခဲ့ရသည်။