KIC News
ဖာပွန်မြို့နှင့်အနီးနားရှိရွာများတွင် တိုက်ပွဲကြောင့် ဒေသခံများပိတ်မိနေ
မေလ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ဖာပွန်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားတပ်မတော်-KNLA တပ်မဟာ(၅)တို့အကြားတိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် ဖာပွန်မြို့နှင့်အနီးနားရှိ ကျေးရွာများတွင် ဒေသခံများ ပိတ်မိနေပြီး စာနပ်ရိက္ခာများလည်း ပြတ်လုနီးပါးရှိနေပြီဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ဖာပွန်မြို့ တွင်နေထိုင်သည့် ဒေသခံလူထုများသည် တိုက်ပွဲကြောင့် ပြီးခဲ့သည့် မတ်လကုန်ကတည်းက...
တပ်မဟာ (၅)နယ်မြေဘက်သို့ နယ်ခြားစောင့်တပ်များ အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေကြောင်း KNU ဆို
မေ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ရိက္ခာကူညီပို့ဆောင်ပေးရန် KNU- ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၅) နယ်မြေဘက်သို့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေကြောင်း တပ်မဟာ (၅) ဘက်က ပြောသည်။
တပ်အင်အားမလုံလောက်မှုနှင့် ရိက္ခာလမ်းကြောင်းများ...
လှိုင်းဘွဲမြို့ ပညာရေးမှူးရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်
မေ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ ပညာရေးမှူးရုံးအနီးတွင် ယနေ့(မေ ၄ ရက်)နံနက် ၂ နာရီခွဲ အချိန်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
အမည်မဖော်လိုသူ မြို့ခံတစ်ဦးက “ညက ၂ နာရီခွဲခါနီးမှာ လှိုင်းဘွဲဈေးရှေ့က ပညာရေးမှူးရုံးရဲ့...
KNU တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့နှင့် မေးမြန်းခြင်း
KNU တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့နှင့် မေးမြန်းခြင်း
"ကိုယ့်လူမျိုးအချင်းချင်းထိတွေ့ပစ်ခတ်မှုနဲ့ရင်ဆိုင်ရမှာကို မလိုလားတာတော့ အမှန်ပဲ။ ဒါပေမဲ့ စစ်အာဏာရှင်ရဲ့ အမိန့်ကို နာခံရပြီး နယ်မြေလုံခြုံရေးနဲ့ ပြည်သူလူထုတွေကို ထိပါးလာခဲ့ရင်တော့ လက်ပိုက်ကြည့်မနေနိုင်ဘူး။"
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၅)မှ သောလယ်ထာ့ အခြေစိုက် စစ်ကောင်စီ တပ်စခန်းကို...
ဖမ်းဆီးခံသတင်းမီဒီယာသမားများအား ပြန်လွှတ်ပေးရန်နှင့် အင်တာနက်လိုင်းများဖွင့်ပေးရေး နိုင်ငံတကာသံတမန်အဖွဲ့အစည်းများ တောင်းဆို
မေလ ၃ ရက် ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် နှင့် အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံတမန်အဖွဲ့အစည်း ၁၇ ဖွဲ့မှ ယနေ့ မေလ ၃ ရက်နေ့တွင် ကျရောက်သော ကမာ္ဘ့သတင်းလွတ်လပ်ခွင့်နေ့တွင် စုပေါင်းသဘောထားကြေညာချက်ထုတ်ပြန်၍ တောင်းဆို...














