Home Authors Posts by KIC News

KIC News

22366 POSTS 0 COMMENTS

ဘီးလင်းတွင် စစ်အုပ်စုတပ်က ရွာသား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော စစ်အုပ်စုတပ်မှ ရွာခံ အမျိုးသား (၅) ဦးအား အကြောင်းပြချက်မရှိ ၎င်းတို့ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဘီးလင်းမြို့နယ်သတင်းအရင်းအမြစ်မှ သိရသည်။ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်ရှိ အလူးကျေးရွာအုပ်စုနှင့် ဖိုးဝသိမ်၊...

စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဘူးသိုမြို့နယ်တွင် လေးနှစ်အရွယ် ကလေး ၁ ဦး သေဆုံး၊ ၁၂ ဦးဒဏ်ရာရ

ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့ စစ်အုပ်စုတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လေးနှစ်အရွယ် ကလေး ၁ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ခရိုင်တာဝန်ရှိသူထံမှ သိရသည်။ ပြီးခဲ့သည့်...

TNUPC မှ တစ်ခုတည်းသောထားဝယ်တပ် တည်ဆောက်မည်ဟု ဆို

ဒီဇင်ဘာ (၁၃) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ထားဝယ် အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်းကော်မတီ-TNUPC ၏ နိုင်ငံရေးဦးဆောင်မှုနှင့်အခြေခံမှုများကို သဘောတူလက်ခံသည့် ထားဝယ်တော်လှန်ရေးတပ်များကို စုစည်းပြီး တစ်ခုတည်းသောထားဝယ်တပ် တည်ဆောက်သွားမည်ဟု ကော်မတီ၏တရားဝင်လူမှုကွန်ရက်တွင် ဒီဇင်ဘာ(၁၂)ရက်နေ့က ကြေညာသည်။ ထားဝယ်တစ်မျိုးသားကို ကိုယ်စားပြုစုဖွဲ့ထားသည့် TNUPC မှ ထားဝယ်တော်လှန်ရေးအင်အားစုများ ပိုမိုစည်းလုံးညီညွှတ်ဖို့အတွက် ရည်ရွယ်ပြီး...

အရပ်သားပြည်သူများကို အကာအကွယ်ပေးဖို့ နိုင်ငံတကာသို့ KNU တောင်းဆို

ဒီဇင်ဘာ (၁၄) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ စစ်အုပ်စုက အရပ်သားပြည်သူအပေါ်ပစ်မှတ်ထား ရာဇဝတ်မှုကျူးလွန်နေခြင်းမှ ထိရောက်သောအကာအကွယ်များ အရေးပေါ်လုပ်ဆောင်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ယမန်နေ့(ဒီဇင်ဘာ ၁၃)ရက်ဖြင့် ထုတ်ပြန်တောင်းဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ (၁၀)ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို စစ်အုပ်စုက ပေါင်(၅၀၀)ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် ဆေးရုံတွင်ရှိနေသည့် အရပ်သားပြည်သူ (၃၀)ကျော်သေဆုံးပြီး...

ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပစ်ခတ်ခံရ၍ ညောင်လေးပင်ခရိုင်ရှိ သံဃာတစ်ပါးအပါ ဒေသခံ(၄)ဦးသေဆုံး

ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေရှိ ကျေးရွာများတွင် ဒီဇင်ဘာ(၈)ရက်နေ့နှင့်(၁၀)ရက်နေ့က စစ်အုပ်စု၏လက်နက်ကြီးနှင့်လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် သံဃာတော်တစ်ပါးနှင့် ရွာခံ အမျိုးသမီး(၂)ဦး၊ အမျိုးသား(၁)ဦး စုစုပေါင်း(၄)ဦး‌ သေဆုံးခဲ့ကြောင်း ကေအဲန်ယူကထုတ်ပြန်သည်။ ဒီဇင်ဘာ(၈)ရက်နေ့က နတ်သံကွင်းမှ ကျောက်စရစ်ရွာအနောက်ဖက်သို့ စက်တပ်လေထီးဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ရွာဘုန်းကြီးကျောင်းအဆောက်အဦး...

ကော့ကရိတ်မြောက်ပိုင်း တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၅) ဦး ဖမ်းဆီးခံရ၊ (၂) ဦးလက်နက်ချ

ဒီဇင်ဘာ (၁၃) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်းတွင် ဒီဇင်ဘာဒုတိယအပတ်အတွင်း စစ်အုပ်စုပူးပေါင်းတပ်နှင့် KNLA မဟာမိတ်တပ်များ တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်(၅)ဦးကို KNLA က ဖမ်းဆီးရရှိခဲ့ပြီး တပ်ကြပ်ကြီးအဆင့်ရှိသူ(၂)ဦးလည်း လက်နက်ချလာကြောင်း ကလို‌‌ထူးဝါးစစ်ကြောင်းမှ သိရသည်။ ဒီဇင်ဘာလ(၇)ရက်နေ့မှစ၍ နောင်ကိုင်း၊ မိဖာလဲကျေးရွာများတွင်...

ဘီးလင်းတွင် စစ်အုပ်စုစစ်ကြောင်းလှည့်စဥ် ရွာသား(၂)ဦးသေဆုံးပြီး တချို့အဖမ်းခံရ

ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာများဘက်သို့ ယမန်နေ့ ဒီဇင်ဘာ(၁၂)ရက်နေ့က စစ်အုပ်စုစစ်ကြောင်းလှည့်လည်စဥ် လက်နက်ကြီးပစ်ခတ်လို့ ရွာသား(၂)ဦးသေဆုံးကာ၊ ရွာသားတချို့လည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့က ဖိုးဝသိမ်၊ ညောင်ထောက်၊ ရှမ်းစု၊ ကျေးရွာများဘက်သို့ စစ်အုပ်စု စစ်ကြောင်းထိုးလာရာ လမ်းကြောင်းရှင်း...

မယ်လစခန်းတွင် လာမည့်နှစ်မှစ၍ ရေပေးဝေမှု ဖြတ်တောက်ရန်ရှိ

ဒီဇင်ဘာလ (၁၃) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းတွင် လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမှ စတင်၍ လစဉ်‌ ‌‌သောက်သုံးရေပေးဝေမှုကို ဖြတ်တောက်ရန် ရှိကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။ နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ (IRC)ဘက်က စခန်းတွင်းသောက်သုံံးရေရရှိရေး ငွေကြေးပံ့ပိုးမှုမရှိတော့သဖြင့် ကရင်ဒုက္ခသည်များကော်မတီ(KRC)၊...

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု သက်သေစုဆောင်းပြီး နိုင်ငံတကာကိုပို့မည်ဟု NUG ကြေညာ

ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို စစ်အုပ်စုဗုံးကြဲတိုက်ခိုက်သဖြင့် လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့်အပေါ် သက်သေစုဆောင်းနေပြီး တရားမျှတမှုရရှိဖို့ နိုင်ငံတကာကို ပေးပို့သွားမည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့(ဒီဇင်ဘာ ၁၂)ရက်နေ့တွင် ကြေညာသည်။ အရပ်သားပြည်သူများ ဆေးကုသမှုခံယူနေသည့် ဆေးရုံနယ်မြေသို့ ဒီဇင်ဘာလ(၁၀)ရက်နေ့က စစ်အုပ်စုမှ ပေါင်(၅၀၀)ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ...

လောင်းလုံးမြို့အနီး တိုက်ပွဲဖြစ်ပွား ဒေသခံများ နောက်တစ်ကြိမ် ထွက်ပြေး

ဒီဇင်ဘာ၁၂ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ နှင့် ကပ်လျက်ရှိသည့် ညင်းမော်ကျေးရွာအနီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်အုပ်စုတပ်တို့ တိုက်ပွဲများ ထပ်ဖြစ်ပွားနေ၍ ဒေသခံများ ဘေးလွှတ်ရာသို့ ထပ်မံ ရှောင်တိမ်းနေရသည်ဟု သတင်းရင်းမြစ်များက ပြောသည်။ လောင်းလုံးမြို့ အောက်ဘက်သို့...
Donate