KIC News
ထိုင်းဘက်သို့ တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ခဲ့၍ တစ်လကျော်အတွင်း ဖမ်းဆီးခံရသူ ၄၀ဝ ကျော်ရှိ
အောက်တိုဘာ ၅ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့၍ စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာ ၄ ရက်နေ့ထိ တစ်လကျော်အတွင်း ဖမ်းဆီးခံရသူ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀ဝ ကျော်ရှိကြောင်း ထိုင်းနိုင်ငံ ဘက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံဘက်မှ သတင်းထုတ်ပြန်ထားချက်အရ...
ဘီယာထွက်ဝယ်သည့် BGF တပ်သားနှစ်ဦး ပစ်သတ်ခံရ
အောက်တိုဘာ ၅ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ် ကျိတ်ကျေးရွာတွင် ဘီယာထွက်ဝယ်သည့် နယ်ခြားစောင့်(BGF)တပ် ဖွဲ့မှ တပ်သားနှစ်ဦး အောက်တိုဘာလ ၅ရက် ယနေ့ နေ့လည်တွင် ပစ်သတ်ခြင်းခံရသည်ဟု သိရသည်။
အဆိုပါတပ်သားနှစ်ဦးသည် ကျိတ်ကျေးရွာအနီးတွင် အခြေချသည့် BGF တပ်မှ တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ယနေ့ နေ့လည် ၁၂နာရီခန့်တွင်...
ရပ်ရွာလုံခြုံရေးအတွက် လှိုင်းဘွဲမြို့နယ်ရှိ ဒေသခံအချို့ကို BGF က စစ်သင်တန်းတက်ခိုင်းနေ
အောက်တိုဘာ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာတစ်ချို့တွင် ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီတပ် လက်အောက်ခံ၊ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့က ဒေသခံရွာသားအချို့အား စစ်သင်တန်းတက်ရောက်ရန် လာရောက် ဖိအားပေး ပြောဆိုမှုများ ရှိနေကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ...
လက်တွေ့ (ကဗျာ)
လက်တွေ့
အတွေ့အကြုံနဲ့ ဖြတ်သန်းမှုက
တွက်နည်းထက် လက်တွေ့ကျတယ်
စာမျက်နှာထဲက
အာဂုံဆောင်လာတဲ့ ဘာသာဗေဒများ...
နံရံပေါ်က
အားကျခဲ့ဖူးတဲ့ ရုပ်ပုံလွှာများ...
လက်တွေ့မှာ
ခရီးမရောက်သေးဘူး......။
ရုပ်ဝတ္ထုအားကောင်းတဲ့ ကာလမှာ
သဘောတရားရေးရာတွေက
အနိုင်အရှုံးကို မဆုံးဖြတ်နိုင်လောက်ဘူး...
မျှော်လင့်ချက်ရောင်ခြည်နဲ့ရှင်သန်တဲ့စိတ်ဓာတ်တွေက
ကျောတစ်ခင်းစာ မရှိတဲ့ညများမှာ
ကြွေးကြော်သံတွေ အသံဝင်သွားတယ်
လက်ဖြန့်ဖို့ ရွယ်လိုက်တိုင်း
အတွေးစတွေက ထိုင်းမှိုင်းသွားတယ်
လက်ရှိရုပ်လွှာကို ချပြဖို့ဝန်လေးနေရင်
အမှန်တရားတွေ သွေဖည်သွားလိမ့်မယ်
စားကျက်အတွက် မြှုပ်ကွက်များလွန်းရင်
ပဲ့တင်သံတွေ တစ်ထပ်တည်း မကျတော့ဘူး
အောက်ခြေမှာ မျှော်တလင့်လင့်နဲ့
မနက်ဖြန်များစွာ ဆိုတဲ့ မျှော်လင့်ချက်က
ဓာတ်စာတွေ အဆိပ်ဖြစ်လို့...။
ပေးဆပ်နိုင်တယ်...တဲ့
စွန့်လွှတ်နိုင်တယ်...တဲ့
နာရီလက်တံရဲ့အလှည့်အပြောင်းက
နေရာဟောင်းကို လွမ်းစေတယ်
လက်တွေ့အဆန်ဆုံးက
ရန်မူလာသူကို ခုခံဖို့...
စစ်ကောင်စီတပ်ဖွဲ့များ KNU နယ်မြေအတွင်း ဝင်ရောက်လာ၊ ဒေသခံတချို့ ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်နေ
အောက်တိုဘာ ၄ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ ပုလောမြို့နယ် သာယာကုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီဘက်မှ စစ်ကားနှစ်စီးဖြင့် ဝင်ရောက်လာပြီး ကျေးရွာနေ ဒေသခံတချို့ကို ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ အောက်တိုဘာလ ၄ ရက်နေ့၊ နံနက် ၅...
စစ်အာဏာသိမ်းပြီးနောက် ၈ လတာကာလအတွင်း လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်း ပိုမို ဆိုးရွားလာ
အောက်တိုဘာ ၄ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းပြီး ၈လတာကြာပြီးနောက် ပြည်တွင်းပဋိပက္ခ ပိုတိုးလာပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း ပိုမိုဆိုးရွားလာကြောင်း ရှေ့ပြေးအသံအဖွဲ့ (Progressive Voice)နှင့်အတူ အရပ်ဖက်အဖွဲ့အစည်း (၉)ဖွဲ့က ယနေ့ ပူးတွဲထုတ်ပြန်သည့် စာတမ်းတိုရှင်းလင်းပွဲအရ သိရသည်။
ပိုတိုးလာသည့် ပြည်တွင်းပဋိပက္ခအတွင်း စစ်ကောင်စီ...
NCA မပျက်မယွင်းတည်ရှိသေးကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင် ဥက္ကဌပြောဆို
အောက်တိုဘာ ၄ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)သည် ယနေ့အထိ မပျက်မယွင်း တည်ရှိသေးပြီး မည်သည့်အဖွဲ့အစည်းမှ ၎င်းစာချုပ်ကို ပယ်ဖျက်ခြင်းမပြုသေးကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပ လာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက ပြောသည်။
ယခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် ကျရောက်မည့် NCA စာချုပ်...














