KIC News
စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီကြောင့် သတင်းသမား ၃ ဦး သေဆုံးခဲ့ရ
ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ယခင်နှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း ယနေ့အချိန်အထိ စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ချင်းပြည်နယ်အခြေစိုက် Khonumthung(ခိုနူမ်းသုန်) သတင်းဌာန တည်ထောက်သူ Pu Tuidim အပါအဝင် သတင်းသမား ၃ ဦးခန့် သေဆုံးသွားခဲ့ရပြီးဖြစ်ကြောင်း...
လေကြောင်းတိုက်ခိုက်မှုဆန့်ကျင်ရေး ပြည်သူအားလုံး ပူးပေါင်းလှုပ်ရှားပေး
11/01/2022-အဂင်္ါနေ့
အကြမ်းဖက်စစ်ကောင်စီရဲ့ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဒေသအသီးသီးမှ ပြည်သူပြည်သား တိုင်းရင်းသားညီအစ်မကိုမောင်နှမများ၏ အသက်အိုးအိမ်စည်းစိမ်ကိုနေ့စဉ်ခြိမ်းခြောက်လျက်ရှိနေပါတယ်။ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးလေကြောင်းအသုံးပြု တိုက်ခိုက်နေခြင်းသည် စစ်လက်နက်တပ်ဆင်ထားခြင်းမရှိသော ပြည်သူများကို ၎င်းတို့ချေမှုန်းရမည့် ရန်သူများသဖွယ် သတ်မှတ်ခြင်းဖြစ်သည်။
ဒီလို အကြမ်းဖက်လုပ်ရပ်ဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်းကို ကျနော် ကျမတို့ People’s Radio Myanmar...
KNU ဘိတ်-ထားဝယ်ခရိုင်၊ ပုလောမြို့နယ်တွင် နေအိမ်အချို့ မီးရှို့ခံရပြီး ဒေသခံရွာလုံးကျွတ် နီးပါး တိမ်းရှောင်နေရ
ဇန်နဝါရီ ၁ဝရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဘိတ်-ထားဝယ်ခရိုင်၊ ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာထဲရှိ ဒေသခံနေအိမ် (၅)လုံးမှာ စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းခံရပြီးနောက် ယခုအချိန်တွင် ဒေသခံများမှာ ရွာလုံးကျွတ် နီးပါး ကျေးရွာအတွင်းမှ တိမ်းရှောင်နေရသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ခလရ(၂၈၅)တပ်ရင်းမှဖြစ်ပြီး...
KNLA ဗဟိုဆေးဌာနမှ ဆေးတပ်ဖွဲ့ဝင် ၁၀၀ကျော် ထပ်မံ မွေးထုတ်
ဇန်နဝါရီ ၁ဝရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုဆေးဌာနမှ (၃၄)ကြိမ်မြောက် ဖွင့်လှစ်ခဲ့သည့် အခြေခံဆေး သင်တန်းတွင် ဆေးတပ်ဖွဲ့ဝင် သင်တန်းသူ သင်တန်းသား ၁၁၆ဦးကို သင်ကြားပို့ချကာ ယနေ့ သင်တန်းဆင်းပွဲ ပြုလုပ် ပေးခဲ့သည်။
KNU-ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ (၅)ခုကို ကိုယ်စားပြုကာ တက်ရောက်ခဲ့ကြသော သင်တန်းသားများ အပြင်...
စစ်ဘေးရှောင်ရွာသူရွာသား ၂၀၀ဝနီးပါးကို KWO ထောက်ပံ့ကူညီ
ဇန်နဝါရီ ၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသမီးအစည်းအရုံး(KWO)က ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာ ၇ရွာမှ စစ်ဘေးရှောင်လျှက်ရှိသော ဒေသ ခံရွာသူရွာသား ၁၉၀ဝဦးကို ဇန်နဝါရီလ ၇ရက်နေ့က သွားရောက်ကာ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ဒူးပလာယာခရိုင် KWO တာဝန်ရှိသူများက ပြောသည်။
ပြီးခဲ့သည့်လက ဒေသတွင်း ပစ်ခတ်မှုများကြောင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေထိုင်နေကြသည့် မြို့ဟောင်း၊...














