Home ကဗျာ စာရင်း‌ပေးလိုက်အုံးမယ် (ကဗျာ)

စာရင်း‌ပေးလိုက်အုံးမယ် (ကဗျာ)

1767

စာရင်း‌ပေးလိုက်အုံးမယ်

· ‌နွေဦးမှာအသက်လုရင်း…
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း…
အခင်းအကျင်းရဲ့ နိမိတ်
အဆိပ်သင့်လိပ်ပြာလို
နိမ့်ချည်မြင့်ချည် ပျံဝဲရင်း…
ဒီ‌နေ့အထိ ‌သွေးနဲ့ရင်းရတုန်းပဲ။

· အ‌နှောင်အဖွဲ့ မရှိတဲ့‌နေ့ကို ‌မျှော်ရင်း…
မျက်နှာချင်းဆိုင်တာ
ထင်သ‌လောက် ခရီးမ‌ရောက်ပြန်ဘူး
‌နွေဦးမှာ ဆူးစူးဒဏ်ရာ‌တွေနဲ့
‌ရေစီးအက်‌ကြောင်းထဲက
ကိုယ့်မူကိုယ့်ဟန် ဆုပ်ကိုင်ထားတုန်းပဲ။

· ငိုသံ‌တွေ တိတ်တဲ့‌နေ့…
‌ပြေးလွှားသံ‌တွေ ငြိမ်တဲ့‌နေ့…
ဗုံးသံ‌တွေ စဲတဲ့‌နေ့…
စစ်‌တောင်းကို ဗဟိုထား
ဗိုလ်ချုပ်‌ကျော်‌သောင်း‌ခြေရာကို အလွမ်း‌ပြေနင်းရင်း…
အ‌နောက်တံခါးနဲ့ အ‌ရှေ့တံခါး
ကိုယ်ပိုင်‌တေးသွားနဲ့ တို့‌အောင်းဟယ်(အင်းဃှယ်)ကြမယ်။

· အခု‌တော့ အချိန်မရ‌သေးဘူး
စည်းမကျိုး‌အောင် ကြံ့ကြံ့ခံရင်း…
လူ့အသက်‌တွေကယ်ဖို့
‌ကော်သူး‌လေ ‌သွေးလှူဘဏ်မှာ
စာရင်းသွား‌ပေးထားလိုက်ဦးမယ်။

အမျိုးသားသစ္စာဖြင့်
‌စော‌ယောင့်သာအဲဆန်
(၃၁·၁·၂၀၂၂)

(၁၉၄၉ – ၂၀၂၂) ၇၃-နှစ်‌မြောက် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့အား ဤကဗျာဖြင့် ဂုဏ်ပြုသည်။