Home သတင်း KNU တပ်မဟာ ၅ တွင် စစ်‌ကောင်စီတပ်က တိုက်‌လေယာဉ်နှင့် ထပ်မံဗုံးကြဲတိုက်ခိုက်၊ စစ်‌ကောင်စီတပ် လက်နက်ကြီးကျည် ထိုင်းဘက်သို့ ကျ‌ရောက်‌ပေါက်ကွဲ

KNU တပ်မဟာ ၅ တွင် စစ်‌ကောင်စီတပ်က တိုက်‌လေယာဉ်နှင့် ထပ်မံဗုံးကြဲတိုက်ခိုက်၊ စစ်‌ကောင်စီတပ် လက်နက်ကြီးကျည် ထိုင်းဘက်သို့ ကျ‌ရောက်‌ပေါက်ကွဲ

1067
Photo: KNLA

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်‌မြေ မူ‌တြော်ခရိုင် တပ်မဟာ(၅)ရှိ ‌သေ‌ကော်ထာ‌နေရာတွင် ယ‌နေ့ နံနက် ဇန်နဝါရီလ ၃၁ရက် နံနက်(၁)နာရီဝန်းကျင်အချိန်တွင် စစ်‌ကောင်စီတပ်မှ တိုက်‌လေယာဉ်နှင့် ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ‌ဒေသအရင်းအမြစ်များအရ သိရသည်။

တိုက်‌လေယာဉ်နှင့် ဗုံး ၂ လုံးလာ‌ရောက်ကြဲချသွားသည့် ‌သေ‌ကော်ထ‌နေရာတွင် လူထုများ‌နေထိုင်သည့် ‌နေရာမဟုတ်သည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူ မရှိ‌သော်လည်း စာကြည့်တိုက်အပါအဝင် အ‌ဆောက်အဦး‌တော်‌တော်များများ ပျက်စီးခဲ့‌ကြောင်း KNU နှင့် နီးစပ်သည့် ‌ဒေသခံတစ်ဦးက ‌ပြောသည်။

“၁ နာရီအချိန်မှာ ဗုံးကြဲသွားတယ်။ အဲဒီ‌နေရာက ဘယ်သူမှမရှိ‌တော့ လူ‌တွေထိခိုက်တာ‌တွေမရှိဘူး။ အဲဒီ‌နေရာက လည်း အစည်းအ‌ဝေး‌တွေလုပ်ဖို့အတွက် ‌နေရာဆို‌တော့ အ‌ဆောက်အဦး‌တွေပဲ ရှိတယ်။ အရင်တစ်‌ခေါက်တုန်းက လာပစ်တာ ပျက်စီးသွားတဲ့အ‌ဆောက်အဦး‌တွေကို အခုပြန်‌ဆောက်ပြီး‌တော့ ပြန်လာထပ်ပစ်တယ်။ ” ၎င်း‌ဒေသခံက ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ ‌သေ‌ကော်ထာ‌နေရာတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လ (၂၈)ရက်‌နေ့တုန်းကလည်း စစ်‌ကောင်စီတပ်က အလားတူ ‌လေယာဉ်နှင့် လာ‌ရောက်ဗုံးကြဲတိုက်ခိုက်ခြင်းရှိခဲ့၍ အ‌ဆောက်အဦးအချို့လည်း ပျက်စီးခဲ့‌သေးသည်ဟု သိရသည်။

ထို့အပြင် ယမန်‌နေ့ ညပိုင်းတွင်လည်း သံလွင်မြစ်‌ဘေးရှိ မယ်ခါးထာ စစ်‌ကောင်စီတပ်စခန်းမှ တစ်ညလုံးနီးပါး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု လုပ်‌ဆောင်သည့်အတွက် တစ်ဖက်ထိုင်းနိုင်ငံဘက်ရှိ မယ်ခါးထာ ကရင်‌ကျေးရွာထဲသို့ လက်နက်ကြီးကျည် ကျ‌ရောက်‌ပေါက်ကွဲသွားမှုရှိခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။

မူ‌တြော်ခရိုင်၊ တပ်မဟာ(၅)နယ်‌မြေထဲတွင် စစ်‌ကောင်စီတပ်မှ ‌လေ‌ကြောင်းတိုက်ခိုက်မှုလုပ်‌ဆောင်သည့်အပြင် ယခုရက်ပိုင်းအတွင်း စစ်‌ကောင်စီတပ်မှ ပြည်သူလူထုများ ‌နေထိုင်ရာ ‌ကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုလုပ်‌ဆောင်လာသည့်အတွက် က‌လေးငယ်အပါအဝင် ‌ဒေသခံရွာသားနှင့် အိမ်‌မွေးတိရိစာ္ဆန်များ ထိခိုက်‌သေဆုံးမှုရှိခဲ့သည်ဟု ‌မြေပြင်သတင်းအရ သိရသည်။

Photo: KNLA