Home Authors Posts by KIC News

KIC News

22363 POSTS 0 COMMENTS

မြိတ်-ထားဝယ်ခရိုင်တွင် စစ်အုပ်စု၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံးပျက်စီးခဲ့

‎ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ‎ ‎ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊‌ ဖောင်းတောအ‌ရှေ့ကမ်း ဘောကွင်းအနီး၌ ဇန်နဝါရီလ ၂၆ ရက်၊ ညနေ ၄ နာရီခွဲအချိန်တွင် စစ်အုပ်စုတပ်မှ (Jet Fighter) ဖြင့် ဗုံး(၂)လုံးကြဲ တိုက်ခိုက်မှုကြောင့်...

မင်နီဆိုးတားမှ အဖမ်းခံရသည့် ကရင်ဒုက္ခသည်အမျိုးသမီး ပြန်လွတ်လာ

ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်၊ စိန့်ပေါလ်မြို့တွင် အမေရိကန်လူဝင်မှုနှင့် အကောက် ခွန်ကြီးကြပ်ရေးအဖွဲ့-ICE ၏ နှစ်ပတ်ကျော်ကြာ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ဒုက္ခသည် ကရင်အမျိုးသမီးတစ်ဦး ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးကို...

လက်နက်ကြီးကြောင့် အလူးကြီးရွာသူ မြေးအဖွား ၂ ဦးသေဆုံး၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ တပ်မဟာ(၁)၊ ဘီးလင်းမြို့နယ်၊ အလူးကြီး ကျေးရွာတွင် ယမန်နေ့(ဇန်နဝါရီ ၂၆ရက်နေ့)က စစ်အုပ်စုပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲပြီး မြေးအဖွား(၂)ဦးသေဆုံး၍ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်အရ သိရသည်။ ယမန်နေ့၊ နေ့လည်အချိန်က စစ်အုပ်စုခြေမြန်တပ်ရင်း အမှတ်-၄၄လက်အောက်ရှိ ဘီးလင်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း(ခလရ-၃)...

လူငယ်ခေါင်းဆောင် စောဖိုးဝါး၏ ဈာပန KNU ခေါင်းဆောင်များနှင့် အသိမိတ်ဆွေ ၂၀၀ နီးပါး လိုက်ပါပို့ဆောင်

ဇန်နဝါရီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကွယ်လွန်သူ ကရင်လူငယ်ခေါင်းဆောင် စောထွန်းဝင်း (ခ) စောဖိုးဝါး၏ ရုပ်အလောင်းအား ဂူသွင်းမြှုပ်နှံခြင်း ဈာပနအခမ်းအနားကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ယနေ့ ဇန်နဝါရီလ ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ရာ KNU...

မြန်မာဘက်ပစ်လိုက်သောကျည် ထိုင်းဘက်ခြမ်းကျ၍ နေအိမ်တစ်လုံးထိမှန်ပျက်စီး

ဇန်နဝါရီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာတွင် ယနေ့၊ ဇန်နဝါရီ(၂၆)ရက်နေ့က မြန်မာဘက် ခြမ်းမှပစ်ခတ်သည့် ကျည်ဆန်အချို့ တစ်ဖက်ကမ်းထိုင်းနိုင်ငံ၊ မယ့်ကိုကင်းကျေးရွာတစ်ဝိုက်သို့ ကျရောက်ထိမှန် သောကြောင့် နေအိမ်တစ်လုံး ပျက်စီးမှုအနည်းငယ်ရှိခဲ့ကြောင်း နယ်စပ်သတင်း အရင်းအမြစ်များမှ သိရသည်။ ယနေ့ မနက်ပိုင်းတွင်...

စစ်အုပ်စု တပ်ဖွဲ့ဝင် ၅ ဦး လက်နက်နှင့်အတူ KNU တပ်မဟာ(၄) ထံ ဘက်ပြောင်းခိုလှုံ

ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က စစ်အုပ်စု တပ်သား (၅)ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ(၄) ထံ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံခဲ့သည်ဟု ကေအဲန်ယူက...

မြဝတီမြို့မှထွက်ခွာရန် စစ်အုပ်စု ညွှန်ကြားသော်လည်း KNA အဖွဲ့များ နေမြဲအတိုင်းသာ ဆက်ရှိနေ

ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကရင်နယ်ခြားစောင့်တပ်-BGF မှ အသွင်းပြောင်းထားသည့် KNA - ကရင်အမျိုး သားတပ်မတော် တပ်ဖွဲ့အား ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နောက်ဆုံးထားပြီး မြဝတီမြို့ဧရိယာမှ ထွက်ခွာရန် စစ်အုပ်စုက အမိန့်ထုတ်ထားသော်လည်း ယခုအချိန်ထိ...

ကော့ကရိတ်၊ ကျုံဒိုးမှာ စစ်တပ်အစောင့်အကြပ်ဖြင့် မဲရုံဖွင့်ထားသော်လည်း မဲလာထည့်သူ ရာဂဏန်းသာရှိ

ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့နှင့် ကျုံဒိုးနယ်တွင် ရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့ ဇန်နဝါရီလ ၂၅ ရက်တွင် စစ်အုပ်စုတပ်များ လုံခြုံရေးတင်းကြပ်ချထားပြီး မဲရုံဖွင့်ကျင်းပနေသော်လည်း နေ့လည်ပိုင်း ၁၂ နာရီအချိန်အထိ မဲလာထည့်သူ လူရာဂဏန်းသာ တွေ့မြင်ရကြောင်း...

မဲဆောက်တွင် LGBT လူငယ်အသတ်ခံရမှု ကျူးလွန်သူများဖမ်းမိရေး LGBT အသိုင်းအဝိုင်းပူးပေါင်းကြိုးပမ်း

ဇန်နဝါရီ (၂၄)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မဲဆောက်မြို့၊မယ်တောင်ရပ်ကွက်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ(၁၉)ရက်နေ့ညပိုင်းက လိင်စိတ်ခံယူမှုကွဲပြားသူ(LGBT)လူငယ်၊ ကိုတင်ဇော်ထွေး(ခ)ဧရာဝတီမ သတ်ဖြတ်ခံလိုက်ရသည့်အမှုတွင် ကျူးလွန်သူတရားခံများကိုဖမ်းမိရေး မဲဆောက်မြို့ရှိ LGBT ကွန်ယက်၊ တက်ကြွလှုပ်ရှားသူများက အာဏာပိုင်များနှင့်ပူးပေါင်းကြိုးပမ်းနေကြောင်းသိရသည်။ အသက်(၃၀)ဝန်းကျင်အရွယ် အဆိုပါ LGBT လူငယ်အား ဇန်နဝါရီလ(၂၀)ရက်နေ့က တောင်ယာစိုက်ကွင်းခြံဝင်းတစ်ခုအတွင်း ပစ္စည်းလုယက်သတ်ဖြတ်ခံလိုက်ရသည့်အနေအထား၊ ဒဏ်ရာဒဏ်ချက်များဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဖြစ်စဥ်အပေါ် မဲဆောက်မြို့ရှိ...
Donate