KIC News
အုပ်ချုပ်ရေးလုပ်ငန်းကို ဝင်မစွက်ဖက်ရန် စကခ(၂၀)မှူး ဗိုလ်မှူးချုပ် ကိုကိုလွင်ကို KNU အပြင်းအထန်သတိပေး
ဇွန်လ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တောင်ငူခရိုင်၊ တပ်မဟာ(၂)နယ်မြေအတွင်း အစည်းအရုံး၏ အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများကို ဝင်ရောက်မစွက်ဖက်ရန် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၀)မှူး ဗိုလ်မှူးချုပ် ကိုကိုလွင်ကို ကေအဲန်ယူ တပ်မဟာ (၂)က အထူးသတိပေးကြောင်း ယမန်နေ့ ဇွန်လ...
တရီဖိုးကွီးအလယ်တန်းကျောင်းအား ကော်သူးလေအစိုးရကျောင်းအဖြစ် ပြန်လည်ပြောင်းဖွင့်
ဇွန်လ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဖားအံခရိုင် လှိုင်းဘွဲမြို့နယ်ထဲရှိ တရီဖိုးကွီးအလယ် တန်းကျောင်းအား ယခင်မြန်မာနိုင်ငံအစိုးရအခြေခံပညာဦးစီးဌာန လက်အောက်ခံကျောင်းမှ ယခုနှစ်တွင် ကော်သူးလေအစိုးရ ပညာရေးဌာန လက်အောက်ခံကျောင်းအဖြစ် ပြန်လည်ပြောင်းလဲဖွင့်လှစ်လိုက်သည်ဟု သိရသည်။
အဆိုပါစာသင်ကျောင်းတွင် ယခင်က မြန်မာနိုင်ငံ၏ သင်ရိုးညွန်းတမ်းကိုသာသင်ကြားပြီး ယခုအချိန်တွင် ကော်သူလေအစိုးရ၏ ကရင်ပညာရေးနှင့်...
KNU တပ်မဟာ (၅)တွင် တစ်လအတွင်း တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားပြီး တပ်ရင်းမှူးနှစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀...
ဇွန်လ ၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) ဒေသတွင် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့များအကြား မေလတစ်လတာအတွင်း တိုက်ပွဲအကြိမ်ပေါင်း ၃၄၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ဘက်မှ တပ်ရင်းမှူးနှစ်ဦး အပါအဝင် ၁၀၀ ကျော်...
တပ်မဟာ (၁) နယ်မြေအတွင်း တစ်လတာတိုက်ပွဲပေါင်း ၄၁ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီအထိနာခဲ့ KNU ထုတ်ပြန်
ဇွန်လ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေအတွင်း မေလ တစ်လတာကာလတွင် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်/ကရင်အမျိုးသား ကာကွယ် ရေးတပ်မတော်(KNLA/KNDO)ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပေါင်း ၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တိုက်ပွဲတွင် စစ်ကောင်စီဘက်...















